ဒါရိုက်တာကိုပေါက်၏ အနုပညာဖန်တီးမှုဖြစ်သော “မသောက်မိသောမိုးခါးရေ”(The Road Not Taken) ရုပ်ရှင်ဇာတ်လမ်းတိုကို အွန်လိုင်းမှကြည့်ရှုနိုင်ရန် လက်မှတ်ရောင်းချပြီး ပြသသွားမည် ဖြစ်ကြောင်း သိရသည်။
ဒါရိုက်တာ ကိုပေါက်က “မကြာမီ ရုပ်ရှင်ကြည့်လို့ရပါတော့မယ်။ လက်မှတ် ၁ စောင် ၁၀၀၀၀ ကျပ် “မသောက်မိသော မိုးခါးရေ” page တွင် ဝင်ဝယ်ပါ” ဟု ယနေ့ ဒီဇင်ဘာလ ၁၃ ရက်နေ့တွင် ၎င်း၏ လူမှုကွန်ရက်စာမျက်နှာတွင် အသိပေးရေးသားထားသည်။
“မသောက်မိသောမိုးခါးရေ”ဇာတ်လမ်းတိုကို အွန်လိုင်းမှပြသမည့်ရက်မှာ ဒီဇင်ဘာလ ၂၅ ရက်နေ့ (ခရစ် စမတ်နေ့)ဖြစ်ပြီး လက်မှတ်များကို မိုးခါးရေ Page မှသော်လည်ကောင်း၊ နိုင်ငံတကာကိုယ်စားလှယ် များထံမှသော်လည်ကောင်း ဝယ်ယူနိုင်မည်ဖြစ်သည်။
လက်မှတ်ဝယ်ယူသူများအနေဖြင့် လက်မှတ်တွင်ပါဝင်သော QR Code ကို Scan ဖတ်၍ ရုပ်ရှင်ကြည့်ရှု နိုင်မည့် Website သို့ ရောက်ရှိမည်ဖြစ်ပြီး လက်မှတ်တွင်ပါဝင်သောနံပါတ်၏ နောက်ဆုံးခြောက်လုံးကို ရိုက်ထည့်ကာ ကြည့်ရှုနိုင်မည်ဖြစ်သည်။
အဆိုပါရုပ်ရှင်ကို ဒီဇင်ဘာလ ၂၅ ရက်၊ နံနက် ၆ နာရီမှ စတင်ကြည့်ရှုနိုင်မည်ဖြစ်ပြီး ၄၈ နာရီအကြာမှ အလိုအလျောက်ပိတ်သွားမည်ဖြစ် ကြောင်းလည်း အသိပေးထားသည်။
“မသောက်မိသောမိုးခါးရေ” ရုပ်ရှင်လက်မှတ်ကို တစ်စောင်လျှင် မြန်မာနိုင်ငံသားများအတွက် ၁၀,၀၀၀ ကျပ်ဖြင့်ဝယ်ယူနိုင်ပြီး နိုင်ငံအလိုက်လက်မှတ်တန်ဖိုးများကို မိုးခါးရေ Page တွင် ဖော်ပြထားသည်။
“မသောက်မိသော မိုးခါးရေ” ရုပ်ရှင်ဇာတ်လမ်းတိုကို ဒါရိုက်တာကိုပေါက်က တောတွင်းတစ်နေရာတွင် ဖုန်းကင်မရာကို အသုံးပြုကာ CDM စစ်ဗိုလ်တစ်ဦး၏ ဖြစ်ရပ်မှန်ကို အခြေခံ၍ ရိုက်ကူးထားခြင်းဖြစ်သည်။
၎င်းရုပ်ရှင်ကို အောက်တိုဘာလ ၂ ရက်နေ့တွင် အင်္ဂလန်နိုင်ငံ၊ လန်ဒန်မြို့တွင် စတင်ပြသခဲ့ပြီး အဖွင့်ပွဲတွင် ရုံပြည့်ရုံလျှံ အားပေးခဲ့ကြပြီးနောက် အမေရိကန်၊ ဂျပန်၊ ပြင်သစ်၊ အီတလီ၊ ဂျာမနီ၊ နယူး ဇီလန်၊ ဆွစ်ဇာလန်၊ ဩစတေးလျ၊ နယ်သာလန်၊ ကိုရီယား၊ ထိုင်ဝမ်၊ ထိုင်း၊ မလေးရှား၊ အိန္ဒိယ၊ ဂျမေကာ၊ ကနေဒါအစရှိသော နိုင်ငံပေါင်း ၂၀ ကျော်မှ မြို့ကြီး(၅၀)တွင်ပြသခဲ့သည်။
“မသောက်မိသောမိုးခါးရေ” နိုင်ငံတကာတွင် ရုံတင်ပြသခြင်းနောက်ဆုံးပွဲစဉ်ကို မလေးရှားနိုင်ငံ၊ ဂျိုဟို ဘာရူးမြို့တွင် ဒီဇင်ဘာလ ၁၁ ရက်နေ့က ကျင်းပခဲ့သည်။
မသောက်မိသောမိုးခါးရေရုပ်ရှင်မှ ရရှိလာသောဝင်ငွေများကို အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ် ရေးဝန်ကြီးဌာနှင့်တော်လှန်ရေးအဖွဲ့များကို တိုက်ရိုက်လှူဒါန်းထားကြောင်း မိုးခါးရေ Page မှ အသိပေး ထားသည်။
အဆိုပါငွေများကို အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာမှ ပထမအကြိမ်အဖြစ် ကျပ် သိန်း ၄၆၀၀ ကို ပြည်သူ့ကာကွယ်ရေးတပ်မတော်(MOD)၊ ကော်ပရာစစ်ကြောင်း၊ စစ်ကိုင်းခရိုင် တပ်ရင်း အမှတ်(၄) MSPDF ၊ မြင်းခြံခရိုင်တပ်ရင်းအမှတ်(၁)၊ မိုးဗြဲပြည်သူ့ကာ ကွယ် ရေးတပ်ရင်း(၁၀၀၇)၊ ဖယ်ခုံ ပြည်သူ့ကာကွယ်ရေးတပ်ရင်း(၁၀၀၂)၊ မင်းတုန်းမြို့နယ်တော်လှန်ရေးအဖွဲ့(ပျံလွှား)၊ ပခုက္ကူခရိုင်တပ်ရင်း (၁၀)တပ်ခွဲ(၁)၊ သိန်းငှက်ပြောက်ကျားတပ်ဖွဲ့၊ မြင်းခြံတပ်ရင်း အမှတ်(၃)၊ ကျေးရွာတပ်ပေါင်းစု(ရေစကြို)၊ Chin defense force (ကန်ပက် လက်)၊ ပဲခူးတိုင်းစစ်ဒေသခွဲ အတွင်းမှ တပ်ရင်း(၆)ရင်း၊ ရန်ကုန် UG (နန်းထိုက်အောင်)၊ ရန်ကုန်UG-Yangon liberation force တို့အား နိုဝင် ဘာလ ၂၄ ရက်နှင့် ၂၅ ရက် ညနေ ၆ နာရီ ၃၀ မိနစ်တွင် Zoom ဖြင့် နှစ်ကြိမ်တွေ့ဆုံ၍ ပေးအပ်ခဲ့ကြကြောင်း သိရသည်။
ထပ်မံ၍ပေးအပ်လာသော ကူညီငွေများကိုလည်း သက်ဆိုင်ရာတာဝန်ခံများထံသို့ အဆက်မပြတ်ပေးပို့ လျှက်ရှိကြောင်း အသိပေးထားသည်။mizzima
Like this:
Like Loading...