Monthly Archives: Dec 2022

မြန်မာနိုင်ငံသားများအား ပြည်နှင်ဒဏ်ပေးခြင်း ရပ်တန့်ရန် မလေးရှားကို လူ့အခွင့်အရေးအဖွဲ့များ တိုက်တွန်း 

စစ်တပ်အုပ်ချုပ်နေသော အရှေ့တောင်အာရှ မြန်မာနိုင်ငံ၌ အကြမ်းဖက်မှုနှင့် ဘေးအန္တရာယ်များသော အခြေအနေများကြားတွင် ပို၍ ဘေးများရမည်ဖြစ်သည့် မြန်မာနိုင်ငံသားများအား ပြည်နှင်ဒဏ်ပေးခြင်းကို မလေးရှားအာဏာပိုင်များအနေဖြင့် ရပ်တန့်ရန် လူ့အခွင့်အရေးအဖွဲ့များက တိုက်တွန်းသည်။ 

ကလေးငယ်များအပါအဝင် မြန်မာနိုင်ငံသား ၁၁၄ ဦးကို ပြည်နှင်ဒဏ်ပေးခြင်းနှင့် ပတ်သက်ကာ ယာယီနေထိုင်ခွင့် မလေးရှားတရားရုံးတစ်ရုံးက ဒီဇင်ဘာ ၁၃ ရက်တွင် ရုပ်သိမ်းလိုက်သည့်နောက် ယခုကဲ့သို့ မေတ္တာရပ်ခံ တိုက်တွန်းလာခြင်းပဲ ဖြစ်သည်။ 

အဆိုပါ မြန်မာနိုင်ငံသား ၁၁၄ ဦးကို မည်သည့်အချိန်တွင် ပြည်နှင်ဒဏ်ပေးမည်ကို မသိရသေးပေ။ 

အန္တရာယ်များသော အခြေအနေတွင်းသို့ မြန်မာနိုင်ငံသားများအား တွန်းပို့နေခြင်းကို ရပ်တန့်ရန်နှင့် လူ့အခွင့်အရေးနှင့် နိုင်ငံတကာဥပဒေတို့အား လေးစားရန် နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာရေးအဖွဲ့ AI နှင့် မလေးရှား နိုင်ငံရေးခိုလှုံခွင့် လက်ခံခြင်းအဖွဲ့တို့က တောင်းဆိုခြင်း ဖြစ် သည်။ 

“နိုင်ငံတကာက ဘယ်လိုပဲ ဝေဖန်ဝေဖန်၊ မြန်မာနိုင်ငံသားတွေကို အတင်းအကျပ် ပြန်ခိုင်းတာတွေကို ရပ်တန့်ဖို့ ဘယ်လောက် တောင်းဆိုဆို ဒီ တရားရုံး ဆုံးဖြတ်ချက်ဟာ အရေးမစိုက်ကြောင်းကို ဆက်ပြီး ပြသနေတာပဲ”ဟု အဆိုပါ အဖွဲ့နှစ်ရပ်၏ ပူးတွဲထုတ်ပြန်ချက်တွင် ဆိုထား သည်။ 

“မြန်မာနိုင်ငံက လူတွေရဲ့ အခွင့်အရေးနဲ့ လုံခြုံရေးတွေအတွက် ဖြေရှင်းနည်းတွေ ရှာရမယ့်အစား အစိုးရဟာ ပြည်နှင်ဖို့ပဲ စိတ်ပိုင်းဖြတ်ထားတယ်၊ မလေးရှားအစိုးရအနေနဲ့ လူ့အခွင့်အရေး ကတိကဝတ်တွေကို လေးစားလိုက်နာသင့်တယ်”ဟု ထုတ်ပြန်ချက်၌ ဖော်ပြသည်။ 

အဆိုပါ ထိန်းသိမ်းထားသော မြန်မာနိုင်ငံသားများဆီ ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရုံး UNHCR က သွားရောက်ခွင့် မရကြောင်းလည်း မီဒီယာသတင်းများက ဖော်ပြသည်။ 

UNHCR ၏ အကာအကွယ် ရရှိရေး ကြိုးစားသော ရေတပ်တာဝန်ရှိသူ ခြောက်ဦးနှင့် မိသားစုများ အပါအဝင် မြန်မာနိုင်ငံသား ၁၅၀ ကို မလေးရှားက အောက်တိုဘာ ၆ ရက်တွင် ပြည်နှင်ဒဏ်ပေးလိုက်ရာ အဆိုပါ ရေတပ်တာဝန်ရှိသူ ခြောက်ဦးသည် မြန်မာနိုင်ငံသို့ ပြန်ရောက်ချိန်၌ ဖမ်းဆီးခံရကြောင်း ရိုက်တာသတင်းတစ်ရပ်အရ သိရသည်။ 

ပြီးခဲ့သည့်နှစ် ဖေဖော်ဝါရီလအတွင်းကလည်း တရားရုံးက ယာယီနေထိုင်ခွင့် အမိန့်ချထားသည့်ကြားမှပင် မလေးရှားအစိုးရသည် မြန်မာနိုင်ငံသား ၁,၀၈၆ ဦးကို ပြန်လည်ပို့ဆောင်ခဲ့သည်။ mizzima

မတ္တရာနှင့်မြောင်တွင် အကြမ်းဖက်စစ်ကောင် စီတပ်သားများ မိုင်းဆွဲတိုက်ခိုက်ခံရ

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်နှင့် စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်တွင် အကြမ်းဖက်စစ်ကောင်စီတပ်သား များမိုင်းဆွဲတိုက်ခိုက်ခံရပြီး ထိခိုက်သေဆုံးမှုများပြားကြောင်း သိရပြီး အရေအတွက်ကို အတိအကျမသိ ရသေးကြောင်း ဒေသကာကွယ်ရေးတပ်ဖွဲ့များထံမှ သိရသည်။

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်အရှေ့ပိုင်း၊ လမိုင်းအုပ်စုအတွင်းရှိ ပြည်သူ့နေအိမ်များကို မီးရှို့ဖျက်ဆီးပြီး ပြန်ဆင်းလာသော အကြမ်းဖက်စစ်ကား ၄ စီးကို မိုင်းဆွဲတိုက်ခိုက်ရာ အကြမ်းဖက်စစ်သားထိခိုက်သေ ဆုံးမှုရှိနိုင်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ -မတ္တရာမြို့နယ်ထံမှ သိရသည်။

ယနေ့ ဒီဇင်ဘာလ ၁၅ ရက် မွန်းတည့် ၁၂ နာရီ ၆ မိနစ်က အကြမ်းဖက်စစ်သား ၁၀ ဦးခန့် လိုက်ပါလာ ပြီး စက်လက်တင်ဆောင်ထားသော ကားငယ်ကို ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့- မတ္တရာမြို့နယ် (ပကဖ မတ္တရာ) တပ်ဖွဲ့မှ ပစ်မှတ်ထားတိုက်ခိုက်ခဲ့ရာ ထိထိမိမိထိမှန်ခဲ့ပြီး အ ကြမ်းဖက်စစ်သားများ ထိခိုက် သေ ဆုံးမှုရှိနိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

မိုင်းဆွဲတိုက်ခိုက်မှုအပြီး ခဏအကြာ အကြမ်းဖက်စစ်ယာဉ်တန်းမှ လက်နက်ကြီး၊ လက်နက်ငယ်များ ဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့ကြောင်း၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာ နိုင်ခဲ့ကြောင်း သိရသည်။

အလားတူ စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ် ဆွဲလဲ့အိုရွာနှင့် နဘတ်ကျေးရွာတွင် ယနေ့ ဒီဇင်ဘာလ ၁၅ ရက် နေ့လည် ၁၁ နာရီခွဲခန့်က မိုင်းကွင်းပေါ်ရောက်လာသော အကြမ်းဖက်စစ်သားများကို မိုင်းခွဲတိုက် ခိုက်ခဲ့ရာ အ ကြမ်းဖက်စစ်သားများ ထိခိုက်သေဆုံးမှုများကြောင်း လျှပ်တစ်ပြက်စွန်ညိုပြောက်ကျား တပ်ဖွဲ့ထံမှ သိရသည်။

မြောင်မြို့နယ်၊ ဆွဲလဲ့အိုရွာမှ နဘတ်ကျေးရွာဘက်သို့ စစ်ကြောင်းထိုးလာသော အကြမ်းဖက်စစ်အုပ်စု သည် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များထောင်ထားသည့် မိုင်းကွင်းပေါ်သို့ ဖြတ်သန်းစဉ် ပဒေသာမိုင်း ၃ လုံးခွဲကာ ဖောက်ခွဲတိုက်ခိုက်ခံရခြင်းဖြစ်ကြောင်း သိရသည်။

အလားတူ ယမန်နေ့ ဒီဇင်ဘာလ ၁၄ ရက် နံနက် ၁၀ နာရီ ၁၃ မိနစ်ကလည်းကလည်း ဆွဲလဲ့အိုရွာ အတွင်းမှ နဘတ်ကျေးရွာဘက်သို့ ထွက်ခွာလာသော အကြမ်းဖက်စစ်သားများကို ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့များက Mytel ရှေ့ထွက်အမြောက် ၂ လုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သေးကြောင်း သိရသည်။

ယင်းတိုက်ခိုက်မှုနှစ်ကြိမ်လုံးကို လျှပ်တစ်ပြက်စွန်ညို ပျောက်ကြားတပ်ဖွဲ့၊ B.C အထူးပျောက်ကြား တပ် ဖွဲ့၊ CHU တပ်ခွဲ ၃ ၊ ဗိုလ်နေတိုး (BNT) ၊ MS PDF အဖွဲ့တို့မှ ပူပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ဖောက် ခွဲရေး ဖုန်း ၂ လုံး၊ ဘက်ထရီအိုး ၂ လုံး ဆုံးရှုံးခဲ့ကြောင်း၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိ အ ခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။khit thit

စစ်ကောင်စီတပ်က နန်းချောင်းရွာကို မီးရှို့ဖျက်ဆီးပြီး စိတ်ဝေဒနာသည်တဦးအား သတ်ဖြတ်

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ် အနောက်မြောက်ပိုင်း၊ နန်းချောင်းရွာကို စစ်ကောင်စီတပ်က စစ်ကြောင်းထိုးဝင်ရောက်ကာ ခရစ်ယာန်ဘု ရားရှိခိုးကျောင်း အပါအဝင် လူ‌နေအိမ် ၂၄ လုံးကို မီးရှို့ဖျက်ဆီးသွားပြီး စိတ်ဝေဒနာသည် ဒေသခံအမျိုးသားတဦးကိုပါ မီးရှို့သတ်ဖြတ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကောင်စီတပ်နဲ့ ပျူစောထီးအင်အား ၇၀ လောက်ဟာ ဒီဇင်ဘာ ၁၂ ရက် မနက်က နန်းချောင်းရွာကို ဆည်တော်ဦး၊ ကျောင်းတိုက်ရွာတို့မှတဆင့် စစ်ကြောင်းထိုးဝင်ရောက်ခဲ့ပြီး ပြည့်စုံသောသတင်းကောင်းအသင်းတော် ခရစ်ယာန်ဘုရားကျောင်း အပါအဝင် နေအိမ် ၁၉ လုံး၊ စပါးကျီ ၃ လုံး၊ ဒီဇင်ဘာ ၁၃ ရက်မှာ နေအိမ် ၄ လုံး စုစုပေါင်း ၂၆ လုံးတို့ကို မီးရှို့ ဖျက်ဆီးခဲ့ကြပါတယ်။

ဒါ့အပြင် အသက် ၄၉ နှစ်အရွယ် စိတ်ဝေဒနာသည် ဗျက်ဇလျန်ကို စစ်ကောင်စီတပ်က ရက်ရက်စက်စက် မီးရှို့သတ်ဖြတ်ခဲ့တယ်လို့ ဒေသခံတဦးက ပြောပါတယ်။

“သူ(မီးရှို့သတ်ဖြတ်ခံရသူ)က ကြောက်စရာမှန်းလည်း မသိ၊ ပျော်စရာမှန်းလည်း မသိ၊ ကျပ်မပြည့်ဘူး ဆိုတော့လေ သိတဲ့အတိုင်းပဲ၊ သူများပြေးရင်လည်း မပြေးဘူး၊ အဲဒီလိုပဲ ရွာမှာ ကျန်ခဲ့တာ။ ရင်နာရတယ်၊ ဘာဆိုဘာမှ သိတဲ့သူမဟုတ်ဘူး။ ကျနော်တို့လည်း ရွာထဲ မနေရဲတော့ မမြင်ရဘူး။ မီးရှို့သတ်တာလား၊ အရင်သတ်ပြီးမှ မီးရှို့တာလားဆိုတာ သေချာမသိဘူး။”

စိတ်ရောဂါဝေဒနာသည် ကိုဗျက်ဇလျန်ဟာ စကားလည်း မပြောတတ်ကြောင်း၊ ရွာတွင်း လည်ပတ်နေတတ်သူဖြစ်ပြီး စစ်တပ်စစ်ကြောင်း ဝင်ရောက်လာတာကြောင့် ရွာသားတွေ ထွက်ပြေးကြရစဉ် ထွက်မပြေးနိုင်တဲ့ တခြားရွာခံတွေနဲ့အတူ ကျန်ခဲ့ပြီး မီးရှို့သတ်ဖြတ်ခံခဲ့ရတာလို့ ဆိုပါတယ်။

စစ်ကောင်စီတပ်က မော်တော်ယာဉ် ၈ စီးနဲ့ ရွာရှိ ပစ္စည်းတွေနဲ့ ဆန်အိတ်တွေကိုလည်း  သယ်သွားသေးတယ်လို့ သိရပါတယ်။

စစ်ကောင်စီစစ်ကြောင်းဟာ ရွာတွင်း ၂ ရက်တာ ဝင်ရောက်ခဲ့ပြီး သတ်ဖြတ်၊ မီးရှို့ ဖျက်ဆီးပြီး ပစ္စည်းတွေကို ယူဆောင်သွားတဲ့အပြင် ရွာစာသင်ကျောင်းခြံစည်းရိုးမှာလည်း “PDF အလိုမရှိ” ဆိုပြီး ရေးသွားသေးတယ်လို့ ဆိုပါတယ်။

နန်းချောင်းရွာကို စစ်ကြောင်းထိုး ဝင်ရောက်ဖျက်ဆီးခဲ့တဲ့ စစ်ကောင်စီတပ်နဲ့ ပျူစောထီးတွေဟာ ဒီဇင်ဘာ ၁၃ ရက် ညနေ ရွာမှထွက်ခွာသွားကြပြီး ဆည်တော်ဦးရွာ စာသင်ကျောင်းမှာ ပြန်လည်တပ်စွဲထားကာ စာသင်‌ကျောင်းကိုလည်း ပိတ်ထားတယ်လို့ သိရပါတယ်။

စစ်ကောင်စီက မီးရှို့ဖျက်ဆီးခဲ့တဲ့ နန်းချောင်းကျေးရွာမှာ လူနေအိမ် ၁၉၀ ဝန်းကျင်ရှိပြီး လူဦးရေ ၈၀၀ ကျော် နေထိုင်တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလကလည်း နတ်ချောင်းရွာကို စစ်ကြောင်းထိုး ဝင်ရောက်ခဲ့တဲ့ စစ်ကောင်စီတပ်က စိတ်ရောဂါဝေဒနာသည် ကိုမင်းဒင်ကို သတ်ဖြတ်ခဲ့ပါသေးတယ်။ DVB

လက်ဖက်ရည်သောက်ထွက်လာသည့် ရဲ ၄ ဦး မြင်းမူမြို့မ ရဲစခန်းအဝတွင် မိုင်းဆွဲခံရ

စစ်ကိုင်းတိုင်း၊ မြင်းမူမြို့မရဲစခန်းမှ လက်ဖက်ရည်သောက် ထွက်လာသည့် ရဲလေးဦးကို စခန်းအဝင်ဝ၌ မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း ZERO ပြောက်ကျားတပ်ဖွဲ့ (မြင်းခြံ) ထံက သိရသည်။

ဒီဇင်ဘာ ၁၅ ရက် နံနက် ၆ နာရီ၊ ၄၂ မိနစ်ခန့်တွင် စခန်းအဝင်ဝ၌ မိုင်းနှစ်လုံးဖြင့်တိုက်ခိုက်ခဲ့၍ ရဲသုံးဦးသေဆုံးပြီး တစ်ဦး ဒဏ်ရာရရှိကြောင်း ဆိုသည်။

အဆိုပါတိုက်ခိုက်မှုကို ZERO ပြောက်ကျားတပ်ဖွဲ့ (မြင်းခြံ)၊ True Fighter (တပ်ခွဲ-၃)၊ တပ်ရင်း (၇) မြင်းခြံခရိုင်တို့ ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဟုသိရသည်။

သို့သော် အဆိုပါကိစ္စနှင့်ပတ်သက်၍ မဇ္ဈိမအနေဖြင့် ဒေသခံများထံမှ သီးခြားအတည်ပြုချက်ရယူနိုင်ခြင်းမရှိသေးပေ။ mizzima

တန့်ဆည်ရှိ ကျေးရွာ ၂ ရွာကို စစ်တပ်က မီးတင်ရှို့နေ

စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်ရှိ မူးကျင်းစုရွာနှင့် သာဂရရွာကို အကြမ်းဖက် စစ်တပ်က မီးရှို့ဖျက်ဆီးနေကြောင်း သိရသည်။

ဒီဇင်ဘာလ ၁၅ ရက်နေ့ နံနက် ၁၀ နာရီခန့်တွင် အကြမ်းဖက် စစ်တပ်က မူးကျင်းစုရွာကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း၊ မွန်းလွဲ ၂ နာရီခန့်တွင် သာဂရရွာကို အကြမ်းဖက် စစ်တပ် တပ်မ ၃၃ လက်အောက်ခံ ခမရ ၃၆၁၊ ၃၆၉ စစ်သားများနှင့် ပျူစောထီးများက ထပ်မံ မီးရှို့ဖျက်ဆီးနေကြောင်း သိရသည်။

” ဒီနေ့ နံနက် ၁၀ နာရီလောက်မှာ မူးကျင်းစုကျေးရွာကို တပ်မ ၃၃ လက်အောက်ခံ ခမရ ၃၆၁၊ ၃၆၉ က စစ်သားတွေနဲ့ ပျူတွေ မီးတင်ရှို့နေ​ပါတယ်။ မွန်းလွဲ ၂ နာရီလောက်မှာ သာဂရရွာကို ထပ်ပြီး မီးရှို့​နေ​​တယ်။ ရွာထဲက အခြေအနေတွေတော့ အတည်မပြုနိုင်သေးဘူး။ မီးတော့များတယ်” ဟု ဒေသခံ ပြည်သူ တစ်ဦးကပြောဆိုသည်။ khit thit

ကန်ကြီးထောင့်မြို့အဝင်စစ်ဆေးရေးဂိတ်အနီး ဗုံးပေါက်ကွဲ

ဧရာဝတီတိုင်း၊ ကန်ကြီးထောင့်မြို့နယ်မှာ ဒီဇင်ဘာ ၁၄ ရက် မနက်ပိုင်းက စစ်ကောင်စီ တပ်သားတွေ အများစုနေထိုင်တဲ့ မြို့အဝင် စစ်ဆေးရေးဂိတ်မှာ ဗုံးပေါက်ကွဲခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ကန်ကြီးထောင့်မြို့ မာလကုန်လမ်းဆုံးက စစ်ဆေးရေးဂိတ်နားမှာ မနက် ၆ နာရီခွဲလောက် လက်လုပ်ဗုံးပေါက်ကွဲခဲ့တာတာလို့ မြို့ခံတယောက်က ပြောပါတယ်။ 

ဗုံးပေါက်ကွဲမှုကြောင့် ထိခိုက်ဒဏ်ရာရရှိသူမရှိပေမယ့် မိနစ်ပိုင်းအတွင်းမှာ စစ်ကောင်စီတပ်သားတွေက ဒေသခံပြည်သူ ၅ ဦးကိုဖမ်းဆီးပြီး ကန်ကြီးထောင့်မြို့မရဲစခန်းကို ခေါ်သွားတယ်လို့ ဆိုပါတယ်။

ခုဗုံးပေါက်ကွဲမှုဟာ ဒေသခံပြည်သူတွေကို စွပ်စွဲဖမ်းဆီးပြီး ငွေညှစ်ဖို့အတွက် စစ်ကောင်စီဘက်က လုပ်တာဖြစ်တယ်လို့ ဒေသခံတဦးက ပြောပါတယ်။

“ဗုံးပေါက်တာက စစ်ဆေးရေးဂိတ်နဲ့ လှမ်းတယ် တော်လှန်ရေးအင်အားစုတွေလုပ်တာ မဟုတ် လောက်ဘူး။ ဒီစကစကကောင်တွေပြန်လုပ်တာ ဟုတ်ချင်ဟုတ် မဟုတ်ရင် ရဲတွေလုပ်တာပဲ။ ဘာလို့ဆိုတော့ ဒီလိုပေါက်ကွဲအောင်လုပ်ပြီး ဒေသခံပြည်သူတွေကိုဖမ်းမယ် ပြီးရင်ငွေတောင်းမယ် ဒါမျိုး စီစဉ်တာ။”

အဆိုပါဗုံးပေါက်ကွဲမှုနဲ့ပတ်သက်ပြီး ဘယ်အဖွဲ့အစည်းက လုပ်ဆောင်တယ်ဆိုတာ ခုချိန်ထိ အတည်ကျမသိရသေးဘူးလို့ ပုသိမ်မြို့ပြပြောက် ကျားတပ်ဖွဲ့ရဲ့ တာဝန်ရှိသူက ပြောပါတယ်။ DVB

မြ၀တီ-မဲဆောက် အမှတ်(၁) ချစ်ကြည်ရေးတံတား ပြန်လည်ဖွင့်လှစ်ရန် တရားဝင်မကြေညာသေး

မြန်မာ-ထိုင်းနယ်စပ်ရှိ မြ၀တီ-မဲဆောက် အမှတ်(၁)ချစ်ကြည်ရေးတံတား ပြန်လည်ဖွင့်လှစ်တော့ မည်ဟု သတင်းများထွက်ပေါ်နေသော်လည်း နှစ်ဖက်ဒေသအာဏာပိုင်များက တရားဝင်ကြေညာခြင်း မရှိ သေး၍ မသေချာသေးကြောင်း အလုပ်သမားသံအရာရှိရုံး(Myanmar Labour Attache Office) ရုံးမှ သိရ သည်။

မြ၀တီ-မဲဆောက် အမှတ်(၁)ချစ်ကြည်ရေးတံတားကို ၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့တွင် ဖွင့်လှစ်မည် ဖြစ်ကြောင်း လူမှုကွန်ရက်စာမျက်နှာများတွင်ဖော်ပြနေသလို ရွှေ့ပြောင်းအလုပ်သမားများကလည်း ပြော ဆိုနေကြသည်။

အလုပ်သမား သံအရာရှိရုံး Myanmar Labour Attache Office ၏ မဲဆောက်တာဝန်ခံက “ဖွင့်ဖို့က ဒီလို ပြောနေကြတာပဲ။ ဖွင့်မယ်ဆိုရင်တရားဝင်ကြေညာပါလိမ့်မယ်။ တကယ်ဖွင့်ရင်တော့ နှစ်ဖက်အာဏာပိုင် တွေက တရားဝင်ချပြ ကြေညာမှာပါ”ဟု ပြောသည်။

အဆိုပါတံတားအားဖွင့်လှစ်ရန် လက်ရှိတွင် ထိုင်းအာဏာပိုင်များက ထိုင်းဖက်ခြမ်းတွင် ကြိုတင်ပြင်ဆင် မှုများ စတင်ပြုလုပ်နေကြောင်း တံတားအနီး နေထိုင်သူများထံမှသိရသည်။

အမှတ်(၁)ချစ်ကြည်ရေးတံတား ဖွင့်လှစ်မည့်အခြေအနေနှင့်ပတ်သက်၍ မဇ္ဈိမက ဆက်သွယ်မေးမြန်းရာ တွင် တိကျသည့်အဖြေကို မပြောနိုင်သေးကြောင်း အဆိုပါတာဝန်ရှိသူက ပြောဆိုသည်။

ထိုင်း-မြန်မာနယ်စပ်ရှိ မဲဆောက်-မြတီ အမှတ်(၁)တံတားသည် ကိုဗစ်ကာလမှစပြီး ပိတ်ထားခြင်းဖြစ်ကာ ပြန်လည်ဖွင့်လှစ်နိုင်ခြင်းမရှိသေးသည့်အပြင် ယခုနှစ်အတွင်း မြန်မာဖက်ခြမ်းရှိတံတားအနီးတွင် ဗုံး ပေါက်ကွဲမှု နှစ်ကြိမ်ဖြစ်ပွားခဲ့သည်။

ကုန်သွယ်မှုလုပ်ငန်းများ ပိုမိုလွယ်ကူအဆင်ပြေစေရေးအတွက် နှစ်နိုင်ငံတာဝန်ရှိသူများ အကြိမ်ကြိမ် တွေ့ဆုံဆွေးနွေးပြီးနောက် ၂၀၂၃ ခုနှစ် ဇန်နဝါရီ ၁ ရက်နေ့မှစတင်၍ ပြန်လည်ဖွင့်လှစ်သွားမည်ဟု သတင်းများထွက်ပေါ်လျက်ရှိသည်။

မြန်မာ-ထိုင်းနယ်စပ် မြ၀တီဒေသတွင် နယ်စပ်ကုန်သွယ်ရေးအတွက် အမှတ်(၁)ချစ်ကြည်ရေးတံတားနှင့် အမှတ်(၂)ချစ်ကြည်ရေးတံတားဆိုသည့် တံတားနှစ်စင်းရှိသော်လည်း လက်ရှိကာလတွင် အဆိုပါ တံတား နှစ်စင်းလုံးကူးသန်းသွားလာခွင့် ပိတ်ထားသည်။ mizzima

ဦးကျော်မိုးထွန်းကို ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး အဖြစ် ဆက် ခန့်ရန် ဆုံးဖြတ်မှု ကုလညီလာခံက ဒီ ဇင်ဘာ ၁၆ ရက်နေ့ အတည်ပြုမည်၊ စစ်ကောင်စီက စိတ်ဆိုးမာန်ဆိုးဖြင့် တုံ့ပြန်

ဦးကျော်မိုးထွန်းကို ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံ အမတ်ကြီး ဆက်လက် အတည်ပြုပြီး စစ်ကောင်စီ၏ တင်ပြချက်ကို ကုလ သမဂ္ဂစိစစ်ရေးကော်မတီက ရွှေ့ဆိုင်းလိုက်ကြောင်း ရိုက်တာသတင်းဌာန၏ သတင်းဖော်ပြချက်အရ သိရှိရသည်။

နိုင်ငံပေါင်း ၉ ခုမှ ကိုယ်စားလှယ်များ ပါဝင်သော ကုလသမဂ္ဂအရည် အချင်း စိစစ်ရေးကော်မတီက စစ်ကောင်စီ၏ ကုလသမဂ္ဂ အသစ်အဖြစ် အဆိုပြု တင် ပြချက်ကို တစ်စုံတစ်ရာ ဆုံးဖြတ်ခြင်းမရှိဘဲ ရွှေ့ဆိုင်းလိုက်သဖြင့် လက်ရှိ ကုလ သမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီးဖြစ်နေသည့် ဦးကျော်မိုးထွန်း မှာ ဆက်လက်တည်ရှိ နေပြီး အချိန် ၉ လ ထပ်မံ တာဝန် ထမ်းဆောင်ခွင့်ရရှိသွားခြင်းဖြစ်သည်။

မြန်မာအကြမ်းဖက်စစ်ကောင်စီ၊ အာဖဂန်မှ တာလီဘန်အစိုးရ၊ လစ်ဗျား နိုင်ငံ တို့က တင်ပြသည့် ကုလသမဂ္ဂသံအမတ်အသစ် များ ခန့်အပ်ရေး အဆိုပြု ချက် များကိုလည်း ကုလသမဂ္ဂအရည်အချင်းစိစစ်ရေးကော်မတီက ရွှေ့ဆိုင်း လိုက် ကြောင်း သိရှိရသည်။

ကုလသမဂ္ဂအရည်အချင်းစိစစ်ရေးကော်မတီ၏ ဆုံးဖြတ်ချက်ကို လာမည့် ဒီဇင် ဘာလ ၁၆ ရက်နေ့ ကုလသမဂ္ဂအထွေထွေညီလာခံတွင် ဆက် လက် အတည် ပြု မည်ဖြစ်ကြောင်း သိရှိရသည်။

ကုလသမဂ္ဂအရည်အချင်းစိစစ်ရေးကော်မတီတွင် အဖွဲ့ဝင်နိုင်ငံများအဖြစ် ရုရှား၊တရုတ်နှင့် အမေရိကန်ပြည်ထောင်စုတို့လည်း ပါဝင်လျက်ရှိသည်။

မြန်မာအကြမ်းဖက်စစ်ကောင်စီက ကုလသမဂ္ဂအနေဖြင့် သံအမတ်ကြီး ဦးကျော် မိုးထွန်းကို ဆက်လက် အတည်ပြု ထားခြင်းသည် အကြမ်း ဖက်မှုကို ကုလသမဂ္ဂက အားပေးခြင်းဖြစ်သည်ဆိုသော ပြင်းထန်သည့် သတင်း ထုတ် ပြန်မှုကို ဒီဇင်ဘာလ ၁၄ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။khit thit

မန္တလေး ငလျင်လှုပ်ကြောင့် စေတီဘုရားအချို့ စိန်ဖူးတော်မြေခ၊ ဘုန်းကြီးကျောင်းနှင့် လူနေ အိမ် ပျက်စီး

မန္တလေးတိုင်း၊ တံတားဦးမြို့ကို ဗဟိုပြုပြီး  ဒီဇင်ဘာလ ၁၅ ရက် ဒီမနက် ၃ နာရီကျော်က လှုပ်ခတ်ခဲ့တဲ့ အင်အာအသင့်အတင့်ရှိ မြေငလျင်ကြောင့် စေတီဘုရားတချို့ စိန်ဖူးတော်မြေခ ပျက်စီးတာနဲ့  ဘုန်းကြီးကျောင်းနဲ့ လူနေအိမ်တချို့ အက်ကွဲပျက်စီးတာတွေရှိခဲ့ပါတယ်။

ငလျင်ကြောင့် မန္တလေးရှိ ဒက္ခိဏာဝန်ကျောင်းတိုက်၊ သိမ်ကျောင်းအတွင်းရှိ ဗုဒ္ဓရုပ်ပွားတော် ဦးခေါင်းတော် မြေခတာ၊ ပြည်ကြီးတံခွန်မြို့နယ် ခန္တောတိုက် မဏိရတနာကျောင်းဝင်းအတွင်းရှိ ပတ္တမြားစေတီ စိန်ဖူးတော်မြေခတာ၊ ကျောင်းတိုက်အတွင်း မျက်နှာကြက် ပြိုကျတာနဲ့ အက် ကွဲပျက်စီးတာ စတာတွေ ဖြစ်ခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။

ဒါ့အပြင် အမရပူရမြို့ တောင်လေးလုံးကျောင်းတိုက် သာသနာနယ်မြေအတွင်းရှိ သူဌေးဘုရားစေတီ သတ္တဌာနဘုရားတွေ၊ သမ္ဗုဒ္ဓေစေတီတော် စတာတွေမှာ စိန်ဖူးတော်တွေ မြေခတာ၊ ကွဲအက်တာတွေလည်း ဖြစ်ခဲ့တယ်လို့ ဒေသခံတွေက  ပြောပါတယ်။

မန္တလေးမြို့ခံတဦးက “အိပ်ချိန်ကြီးမှာ လှုပ်တာ အိမ်တွေလည်း ခါယမ်းကုန်တယ်။ အိမ်တော့ ဆိုးဆိုးရွာရွား ထိခိုက်တာမဖြစ်ဘူး။ တခြားအိမ်တွေတော့ အက်ကုန်တယ် ကြားတယ်”လို့ ပြောပါတယ်။

ငလျင်ကြောင့် ချမ်းအေးသာစံမြို့နယ် ပြည်ကြီးပျော်ဖွယ်အနေရပ်ကွက်ရှိ နေအိမ်တအိမ် ဘုရားစင် ကွာကျပျက်စီးတာနဲ့ အက်ကွဲတာတွေ ဖြစ်ခဲ့ပါတယ်။

မန္တလေးမြေငလျင်စခန်းမှ တောင်-အနောက်တောင်ဘက် ၁၅ မိုင်ခန့်အကွာ၊ မြန်မာနိုင်ငံ ပြည်တွင်း တံတားဦးမြို့ အရှေ့ဘက် ၄ မိုင်ခန့်အကွာကို ဗဟိုပြုပြီး အင်အားရစ်ချ်တာစကေး ၅ ဒသမ၂  အဆင့်ရှိ အင်အားအသင့်အတင့်ရှိသော မြေငလျင်တစ်ခု လှုပ်ခတ်ခဲ့တာလို့ မိုးဇလ ဌာနက သတင်းထုတ်ထားပါတယ်။ DVB

« Older Entries