Monthly Archives: Dec 2022

လက်ယက်ကုန်းရွာအပါအဝင် ဒီပဲယင်း ရွာ၆ ရွာကို စစ်တပ် မီးရှို့ ၊ နေအိမ် ၄၀၀ မီးလောင်ဆုံးရှုံး

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်ရှိ ကျေးရွာ ၆ ရွာကို စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးခဲ့လို့ နေအိမ် ၄၀၀ ကျော် မီးလောင်ဆုံးရှုံးပြီး  ဒေသခံပြည် သူတွေ အရေးပေါ်အကူအညီ လိုအပ်နေတယ်လို့ မီးဘေးသင့်သူတွေက ပြောပါတယ်။

မူးကတွင်း၊ လက်ယက်ကုန်း၊ ညောင်ကြီးကုန်း၊ မဲအိုး၊ သရက်တောနဲ့ ညောင်လှ ရွာတွေကို ဒီဇင်ဘာ ၁၀ ရက်နဲ့ ၁၁ ရက်နေ့မှာ စစ်ကောင်စီတပ်က စစ်ကြောင်းထိုး ဝင်ရောက်ပြီး မီးရှို့ခဲ့လို့ ကျေးရွာဒေသခံတွေဟာ စားနပ်ရိက္ခာ၊ အဝတ်အထည်၊ ဆေးဝါးနဲ့ စောင်တွေ အရေးပေါ် လိုအပ်နေတာပါ။

လက်ယက်ကုန်းရွာခံတဦးက “ကျနော်တို့ရွာက အိမ်ခြေ ၂၀၀ လောက် မီးရှို့ခံရတယ်။ စိုက်ပျိုရေးသုံး ပစ္စည်းတွေကိုလည်း မီးရှို့သွားတယ်။ နွားတွေလည်း ပစ်သတ်သွားတယ်။ အဓိက လိုအပ်နေတာကတော့ စားနပ်ရိက္ခာ ဆေးဝါး၊ အဝတ်အထည်နဲ့ ခြုံစောင်ပဲ”လို့ ဆိုပါတယ်။

လက်ယက်ကုန်းရွာမှာ ဘုန်းတော်ကြီးသင်စာသင်ကျောင်းကို စစ်ကောင်စီတပ်တွေက မြေပြင်ကရော လေကြောင်းကနေပါ ပစ်ခတ်တိုက်ခိုက်ပြီး ကလေးငယ်တွေနဲ့ ရွာသားတွေကို အကြမ်းဖက် သတ်ဖြတ်ခဲ့ဖူးပါတယ်။

မဲအိုးရွာခံတဦးက  “ကျနော်တို့ ရွာမှာ နေအိမ် အလုံး ၈၀ ကျော်တယ် မီးရှို့ခံရတာ။ နောက်ပြီး စုဆောင်းထားတဲ့ ရိက္ခာတွေကိုလည်း မီးရှို့သွားတယ်။ ဆန်တွေကို ဓာတ်ဆီလောင်းပြီး မီးရှို့သွားတာ ကုန်ပြီ။ ဆန်တွေ မီးရှို့သွားတော့ အဓိက ရိက္ခာ လိုတယ်။ ဆေးဝါး အဝတ်အထည် စောင်တွေ အကူအညီ လိုပါတယ် “လို့ ဆိုပါတယ်။

စစ်ကောင်စီတပ်ဟာ ဒီပဲယင်းမြို့နယ်အတွင်း ဒီဇင်ဘာ ပထမပတ်မှ စတင် စစ်ကြောင်းထိုး ဝင်ရောက်လာပြီး ကျေးရွာ ၁၅ ရွာထက်မနည်းက ဒေသခံပြည်သူတွေရဲ့ နေအိမ်တွေကို မီးရှို့ ဖျက်ဆီး ခဲ့ပါတယ်။ DVB

မင်းကင်းမြို့နယ်၊ ကြာပင်ရဲစခန်းနှင့် ဒလင်ဂေါဂိတ်တိုက်ခိုက်ခံရ၊ အရာတော်တွင် စစ်သားအ ချင်းချင်း ပစ်ခတ်ပြီး တစ်ဦးသေဆုံး

စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့နယ်ရှိ ကြာပင်ရဲစခန်းနှင့် ဒလင်ဂေါ စစ်ကောင်ဂိတ်တို့ တိုက်ခိုက်ခံရပြီး အရာတော်မြို့ပေါ်တွင် အကြမ်းဖက်စစ်ကောင်စီတပ်သား တပ်ကြပ်တစ်ဦးက တပ်သား ၁ ဦးပစ်ခတ် သတ်ဖြတ်ခဲ့ကြောင်း သိရသည်။

စစ်ကိုင်းတို်ငး၊ မင်းကင်းမြို့နယ်၊ ကြာပင်ရဲစခန်းနှင့် ဒလင်ဂေါအကြမ်းဖက်စစ်ကောင်စီဂိတ်ကို ဒီဇင် ဘာလ ၈ ရက် ည ၁၁ နာရီခန့်က ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ ပူးပေါင်းပြီး ဝင်ရောက်တိုက် ခိုက်ခဲ့ရာ ရွှေတြိဂံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(GTF) ထံမှ သိရသည်။

ထိုသို့ ဝင်ရောက်တိုက်ခိုက်စဉ် အကြမ်းဖက်စစ်ကောင်စီတပ်က အနီးအနားရှိ ပြည်သူများကို လူသား ဒိုင်းအဖြစ် အသုံးပြုပြီး ပြန်လည်တိုက်ခိုက်သဖြင့် ပစ်ခတ်မှု ရပ်နားကာ ဆုတ်ခွာခဲ့ရကြောင်း၊ အင်တာ နက်လိုင်း၊ ဖုန်းလိုင်းများဖြတ်တောက်ခံထားရသည့်အတွက် သတင်းထုတ်ပြန်မှုနောက်ကျရခြင်းဖြစ် ကြောင်း ရွှေတြိဂံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(GTF)က ထုတ်ပြန်ထားသည်။

“တိုက်ပွဲကလည်း မပြီးသေးဘူး၊ နိုဝင်ဘာလ ၂၆ ရက်နေ့က စပြီး တောင်တွင်းချောင်ဒေသဘက်မှာ ဖြစ်နေတာ။ အရင်ဆုံးတိုက်တာက ကျော်ရွာက ပျူ‌စောထီးတွေကို စတိုက်ခဲ့တယ်၊အခုကြာပင်စခန်း ခွေးသေစာရင်းကလည်း မသိရသေးဘူး။ ဖုန်းဆက်သွယ်လို့မရတော့တဲ့အတွက်တဲ့အတွက်ကြောင့်ပါ၊” ဟု ရွှေတြိဂံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(GTF)မှတာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနကို ပြောကြားသည်။

မင်းကင်းမြို့နယ်၊ ကြာပင်ရွာရဲစခန်းနှင့် ဒလင်ဂေါဂိတ်အနီးနေထိုင်သော မိဘပြည်သူများအနေဖြင့် အကြမ်းဖက်စစ်ကောင်စီတပ်သားများနှင့် ဝေးဝေးနေထိုင်ကြရန်၊ နောက်တစ်ကြိမ်ထပ်မံတိုက်ခိုက်ပါက နောက်ဆုတ်မည်မဟုတ်ပဲ တိုက်ခိုက်သွားမည်ဖြစ်သဖြင့် အထူးမေတ္တာရပ်ခံပါကြောင်း ထုတ်ပြန်ထား သည်။

အဆိုပါတိုက်ခိုက်မှုကို ယင်းမာပင်ခရိုင်တပ်ရင်း ၃၂ ရွှေတြိဂံပြည်သူ့ကာကွယ်တပ်ရင်းGTF၊ တပ်ခွဲ ၁ IRF ၊ တပ်ခွဲ ၂ ယက္ခညီနောင် ၊ တပ်ခွဲ ၅ Eagle Freedoom Fighter၊ တပ်ခွဲ ၆ တိမ်ပျံပျောက်ကြား တပ်ဖွဲ့၊ စစ်ကျွန်မခံမြွေဆိုးတသိုက်တပ်ရင်း၊ SBTF၊ Eagle Defence Force ၊ရွှေသမင်မုဆိုး Local TD PDF၊ တောင်တွင်းဗိုလ်ချုပ်သွေး၊ တောင်တွင်းနဂါးပကဖတပ်ရင်းတို့ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ် ကြောင်း သိရသည်။

စစ်ကိုင်တိုင်း၊ အရာတော်မြို့နယ်တွင် မနေ့က ဒီဇင်ဘာလ ၁၆ ရက်နေ့လည် ၁၂ နာရီကျော်ခန့်က အ ကြမ်းဖက်စစ်စစ်ကောင်စီတပ်သား တပ်ကြပ်တစ်ဦးက တပ်သားတစ်ဦးကို ပစ်ခတ်သတ်ဖြတ်ခဲ့ကြောင်း ဒေသတွင်းသတင်း ရင်းမြစ်က ရန် ကုန်ခေတ်သစ် သတင်းဌာနကို ပြောသည်။

အရာတော်မြို့၊ အမှတ် ၂ ရပ်ကွက်၊ စေတနာဖြူစင် ဇရပ်နားတွင် ဂိတ်ဖွင့်ကာ လက်နက်ပြခြိမ်းခြောက် ပြီး ခရီးသွား ပြည်သူလူထုထံမှ မတရားငွေကြေးကောက်ခံနေသော အကြမ်းဖက်စစ်သား အချင်းချင်း ပစ်ခတ်သတ်ဖြတ်ခဲ့ခြင်းဖြစ်ပြီး ယင်းသတင်းကို အသိပေးခြင်းမရှိပဲ ထိန်ချန်ထားသည်ဟု တပ်တွင်း သတင်းရင်းမြစ်ထံက သိရကြောင်း အရာတော်ပို့စ်က ရေးသားထားသည်။

“တပ်ကြပ်က ပစ်လို့ တပ်သားသေတာ၊ တပ်ကြပ်က အခုအေးဆေးပဲ၊ အထက်လူကြီးနဲ့ ပိုင်လို့ဖြစ်မယ်၊ ဘာကြောင့်ပစ်တာရယ်လို့တော့ အတိ အကျမသိရသေးဘူး။ စားခွက်လုရင်းဖြစ်တဲ့ပြသနာလို့ သိရတယ်၊ ဂိတ်ကနေ တားပြီး ရသမျှ ဝေစု မတည့်တာကနေ အချင်းချင်း ဆော်ကြတဲ့ သဘောပါပဲ” ဟု ဒေသတွင်း သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနကို ပြောသည်။ khit thit

ပလက်ဝ-မတူပီ နယ်စပ်တံတားအစောင့်ဂိတ် တိုက်ခိုက်ခံရ၍ စစ်ကောင်စီတပ်သား ၂ဦးသေဆုံး

ချင်းပြည်နယ် ၊ ပလက်ဝနှင့် မတူပီ နယ်စပ်ရှိ တံတားအစောင့်ဂိတ်ကို ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား နှစ်ဦး သေဆုံးပြီး ငါးဦး ဒဏ်ရာရရှိသွားကြောင်း ချင်းကာကွယ်ရေးတပ်ဖွဲ့ (ပလက်ဝ) CDF –Petletwa က ယနေ့ ဒီဇင်ဘာလ ၁၇ရက်တွင် ထုတ်ပြန်သည်။

ဒီဇင်ဘာလ ၁၆ရက်၊ နံနက် ၇နာရီအချိန်တွင် ပလက်ဝ – မတူပီ နယ်စပ်တွင် ဂိတ်ထိုးထားသော ဘွေလီစခန်းကို ချင်းကာကွယ်ရေးတပ်ဖွဲ့က ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်းဆိုသည်။

CDF – Petletwa တပ်ဖွဲ့က စတင်ဝင်ရောက်ပစ်ခတ်ခဲ့ပြီး နှစ်ဖက် အပြန်အလှန် ၁၅မိနစ်ကျော် အကြာ တိုက်ပွဲဖြစ်ပွားခဲ့ကာ စစ်ကောင်စီတပ်ဘက်က ထိခိုက်သေဆုံးမှုများရှိခဲ့ပြီး ချင်းကာကွယ်ရေးတပ်ဖွဲ့မှ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

“အဲဒီဂိတ်နေရာဟာ ကျနော်တို့ တပ်ရင်းတပ်ဖွဲ့တွေ ဆက်သွယ်ရေးအကြားမှာ ရှိနေပြီး သူတို့ဘက်က အင်အားများလာတော့ ကျနော်တို့ကို နှောက်ယှက်တာတွေ လုပ်လာတယ် ။ စစ်ရေးအရ အရေးပါတဲ့ နေရာတစ်ခုဖြစ်တဲ့အတွက် ဝင်တိုက်ရတာပါ” ဟု CDF – Paletwa ဗဟိုကာ ကွယ်ရေးကော်မတီဝင် တစ်ဦးက မဇ္စျိမကိုပြောသည်။

အဆိုပါ ဂိတ်စခန်းတွင် စစ်ကောင်စီတပ်သား ၁၀ဦးခန့် စခန်းချနေထိုင်လျက်ရှိပြီး ယင်းဂိတ်နှင့် မနီးမဝေးတွင်လည်း စစ်ကောင်စီတပ်က အ ထိုင်ချထားသည့် ထယ်ဘွေ့စခန်းရှိကြောင်း သိရသည်။

ယင်းဂိတ်သည် အာဏာမသိမ်းခင်က အမြဲတမ်းဂိတ်အဖြစ် တည်ရှိခဲ့ပြီး စစ်ကောင်စီတပ် အင်အားနည်းပါးလာသည့်အတွက် ယင်းဂိတ်ကို ဖြုတ်ထားခဲ့ကာ လွန်ခဲ့သည့် ခြောက်လမှစ၍ အင်းအားပြန်လည်ဖြည့်တင်း တပ်စွဲလာခြင်းဖြစ်ကြောင်း ဆိုသည်။

ယခုပစ်ခတ်တိုက်ခိုက်မှုအပြီးတွင် အကြမ်းဖက်စစ်ကောင်စီတပ်စခန်း ထယ်ဘွေ့ဘက်မှ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်သဖြင့် အနီးရှိ ဘွေလီကျေးရွာ နှင့် တွီဆော့ကုန်းကျေးရွာနေ ပြည်သူ ဦးရေ ၁၀၀ကျော် ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင် နေရကြောင်း CDF – Petletwa ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

တိုက်ပွဲများဖြစ်ပွါးလာနိုင်သည့်အတွက် ကာကွယ်ရေးတပ်ဖွဲ့ဘက်မှလည်း ကြိုတင်ပြင်ဆင်မှုများပြုလုပ်ထားလျက်ရှိကာ ပြည်သူများအ နေဖြင့် မြေပြင်အနေ အထားအရ နေရပ်ပြန်ရန် လုံလောက်သော အခြေအနေမရှိသမျှ လုံခြုံသည့်နေရာတွင် ဆက်လက်နေထိုင်ခြင်းအားဖြင့် ပူပေါင်းကြရန် မေတ္တာရပ်ခံလိုကြောင်း ဗဟိုကာကွယ်ရေးကော်မတီဝင်က ဆက်ပြောသည်။

ဒီဇင်ဘာလ ၁၁ရက်နေ့က ရဲဘော် ဆလိုင်းခက်ပြောင်သည် ရှေ့တန်းတိုက်ပွဲ တစ်နေရာတွင် အမျိုးသားရေးတာဝန်ထမ်းဆောင်ရင်း အသက်ပေးလှူခဲ့သည့်အတွက် CDF – Petletwa မှ လေးစားဂုဏ်ပြုကြောင်းနှင့် ကျန်ရစ်သူမိသားစုနှင့် ထပ်တူဝမ်းနည်းကြောင်း ထုတ်ပြန်ထားသည်။mizzima

တီးတိန်မြို့နယ်တွင် စစ်ကောင်စီတပ်နှင့် PDF – Zoland တိုက်ပွဲဖြစ်

ချင်းပြည်နယ်၊ တီးတိန်မြို့နယ်၊ ဆဲဇာန်ကျေးရွာမှာ စခန်းချတပ်စွဲထားတဲ့ စစ်ကောင်စီတပ်နဲ့ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေကြား ဒီဇင်ဘာ ၁၆ ရက် မနက် ၁၁ နာရီခွဲလောက်က တိုက်ပွဲ ဖြစ်ပွားခဲ့တယ်လို့ PDF – Zoland မှ တာဝန်ရှိသူ တဦးက ပြောပါတယ်။

တီးတိန်မြို့အခြေစိုက် ခလရ ၂၆၉ မှ စစ်ကောင်စီတပ်ဟာ ဒီဇင်ဘာ ၁၅ ရက် ညနေပိုင်းက ဆဲဇာန်ကျေးရွာကို ရောက်ရှိလာပြီး စာသင်ကျောင်းအတွင်း ညအိပ်စခန်းချ တပ်စွဲထားရာမှာ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေဖြစ်တဲ့ PDF – Zoland နဲ့ CDF – CDM Siyin တို့က ပူးပေါင်းတိုက်ခိုက်ခဲ့ကြတာဖြစ်ပါတယ်။

PDF – Zoland မှ တာဝန်ရှိသူက “အဲဒီနေရာကို သွားတိုက်ခိုက်တာပါ။ စကစဘက်က ထိခိုက်သေဆုံးမှုများတယ်လို့‌တော့ သိထားတယ်။ အ ရေ တွက်အတိကျတော့ မသိရသေးဘူး။ ကျနော်တို့ဘက်က တပ်ဖွဲ့ဝင် တယောက်လည်း လက်နက်ကြီးအပိုင်းစထိထားတယ်။ စိုးရိမ်ဒဏ်ရာတော့ မဟုတ်ပါဘူး”လို့ ဆိုပါတယ်။

တိုက်ပွဲ ၂ နာရီကျော်ကြာမြင့်ခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့က တီးတိန်မြို့ရှိ အထိန်စခန်းဘက်ကို ဆုတ်ခွာသွားကြတယ်လို့ သိရပါတယ်။ 

ဆဲဇာန်ကျေးရွာဟာ တီးတိန် – ကလေးလမ်းဘေးမှာတည်ရှိပြီး တီးတိန်မြို့နဲ့ ၁၀ ဖာလုံခန့်သာ ကွာဝေးပါတယ်။DVB

တနိုင်းတွင် စစ်တပ် လက်အောက်ခံ ရွှေမင်း၏ ဒူးလေးပါတီတပ်ဖွဲ့ စခန်းကို KIA က သိမ်း ပိုက် ရှင်းလင်း၊ ဒူးလေးပါတီ တပ်ဖွဲ့ဝင် ၄ ဦး မိုင်းဆွဲခံရပြီး သေ ဆုံး

ကချင်ပြည်နယ် ၊ တနိုင်းမြို့နယ်၊ လမုန်ကျေးရွာတွင် တပ်စွဲထားသော အကြမ်း ဖက် စစ်တပ် အောက်ခံ လက်နက် ကိုင် ဒူးလေးပါတီ စခန်းကို KIA တပ်ဖွဲ့က မီးရှို့ဖျက်ဆီးခဲ့ကြောင်း နယ်မြေခံ သတင်း ရင်းမြစ်များထံမှ သိရသည်။

ဒီဇင်ဘာလ ၁၆ ရက် နံနက် ၁၀ နာရီ ၄၅ မိနစ်အချိန်တွင် အကြမ်းဖက် စစ်တပ် လက်အောက်ခံ ဦးရွှေမင်း ဦးဆောင်သည့် လက်နက်ကိုင် ဒူး လေးပါတီ ပြည်သူ့ စစ်အဖွဲ့ဘစခန်းကို KIA တပ်ဖွဲ့က ဝင်ရောက် တိုက်ခိုက်ခဲ့ပြီစ စခန်းကို သိမ်းပိုက်နိုင်ခဲ့ပြီး လက်နက်ခဲယမ်း အချို့သိမ်း ဆည်းရရှိခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို ကချင်လွတ်မြောက်ရေးတပ်မတော်(KIA) ၊ တပ်မဟာ ၂ ၊ အမှတ် ၁၄ တပ်ရင်း တပ်ဖွဲ့များမှ တိုက်ခိုက်ခဲ့ခြင်းဖြစ် ကြောင်း သိရသည်။

ထို့ပြင် တနိုင်းမြို့ လီဒိုလမ်း၊ ရှထူးဇွပ်​ရွာရှိ အကြမ်းဖက် စစ်တပ် ခမရ ၂၉၇ တပ်ရင်းသို့ အစည်းအ​​​ဝေး​တက်ပြီး လက်နက် ရိက္ခာယူရန် သွား ရောက်သည့် လက်နက်ကိုင် ဒူး​လေးပါတီ တပ်ဖွဲ့ကို KIA တပ်ဖွဲ့က မိုင်းဆွဲ တိုက်ခိုက်ခဲ့ရာ ၄ ဦးသေဆုံးကြောင်း သိရသည်။

ဒီဇင်ဘာလ ၁၇ ရက်နေ့ နံနက် ၉ နာရီခန့်တွင် တနိုင်းမြို့ ရှထူးဇွပ်​ရွာ၌ တပ်စွဲ ထားသော အကြမ်းဖက် စစ်တပ် ခမရ ၂၉၇ တပ်ရင်းစခန်းသို့ အစည်းအ​​ဝေးသွားရန်၊ လက်နက် ခဲယမ်း ပစ္စည်းများ သွား​ရောက် သယ်ယူရန် လာသည့် စစ် တပ် လက်​အောက်ခံ ရွှေမင်း ၏ဒူး​လေးပါတီ တပ်ဖွဲ့ကို KIA က မိုင်းဆွဲ တိုက်ခိုက်ခဲ့ကြောင်း၊ မိုင်းဆွဲတိုက်ခိုက်မှုကြောင့် အင်အား ၃၀ ခန့်ရှိသော လက်နက်ကိုင် ဒူးလေးပါတီတပ်ဖွဲ့မှ အဖွဲ့ဝင် ၄ ဦးပွဲချင်းပြီး သေဆုံးကာ ၅ ဦး အပြင်းအထန် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။khit thit

မြန်မာကိုယ်စားပြုအဖြစ် ဦးကျော်မိုးထွန်းကို ဆက်လက်ထားရှိရေး ကုလအထွေထွေညီ လာခံက ကန့်ကွက်သူမရှိ အတည်ပြု

မြန်မာကိုယ်စားပြုအဖြစ် ဦးကျော်မိုးထွန်းကို ဆက်လက်ထားရှိရေး ကုလအထွေထွေညီလာခံက ကန့်ကွက်သူမရှိဘဲ အတည်ပြုလိုက်‌ကြောင်း သိရသည်။

ဦးကျော်မိုးထွန်းကို ဆက်လက်ထားရှိရန် Credential Committee က တင်သွင်းသည့် အစီရင်ခံစာကို ကန့်ကွက်သူမရှိ အတည်ပြုလိုက်ခြင်းဖြစ်သည်။

“မြန်မာနိုင်ငံကိုယ်စားပြုအဖြစ် သံအမတ်ကြီးဦးကျော်မိုးထွန်း ရဲ့ status quo ဆက်လက်ထားရှိရေး Credential Committee က တင်သွင်းတဲ့ အစီရင်ခံစာကို ကုလအထွေထွေညီလာခံကနေ ဒီနေ့ ကန့်ကွက်သူမရှိ လက်ခံလိုက်ပါတယ်။ ပြည်သူ့အသံကို ဆက်လက် ကိုယ်စားပြုနိုင်မှာမို့

CONGRATULATIONS! ပြည်သူ့သံအမတ်ကြီး” ဟု NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်က ရေးသားထားသည်။

ယင်းသို့ ဆုံးဖြတ်လိုက်ခြင်းကြောင့် ဦးကျော်မိုးထွန်းသည် UN တွင် မြန်မာကိုယ်စားပြုအဖြစ် အနည်းဆုံး ကိုးလကျော် ဆက်လက်တာဝန်ထမ်းဆောင်ရမည်ဖြစ်သည်။

United Nations(UN)တွင် ကိုယ်စားပြုခွင့် ရရှိရန် စစ်ကောင်စီက သုံးကြိမ်တိုင်တိုင် ကြိုးစားနေသော်လည်း လက်ရှိအချိန်အထိ ကိုယ်စားပြုခွင့် မရရှိသေးပေ။

စစ်ကောင်စီက အာဏာသိမ်းပြီးနောက်တွင် ဦကျော်မိုးထွန်းက UN အစည်းအဝေးတွင် လက်သုံးချောင်းထောင်ကာ ကန့်ကွက်ခဲ့ပြီးနောက် ဦးကျော်မိုးထွန်းနေရာတွင် အစားထိုးရန် စစ်ကောင်စီက ကြိုးပမ်းခဲ့ခြင်း ဖြစ်သည်။

ထို့အပြင် စစ်ကောင်စီက တောင်ဥက္ကလာမြို့နယ်ရှိ ဦးကျော်မိုးထွန်း၏ နေအိမ်ကိုလည်း ချိတ်ပိတ်သိမ်းဆည်းထားသည်။

ဦးကျော်မိုးထွန်းသည် UN တွင် မြန်မာကိုယ်စားပြုအဖြစ် စစ်ကောင်စီ၏ အကြမ်းဖက်သတ်ဖြတ်မှုများ၊ ကျေးရွာများကို မီးရှို့ဖျက်ဆီးမှုများကို တစိုက်မတ်မတ် တင်ပြလျက်ရှိပြီး အရေးယူမှုများ လုပ်ဆောင်ရန် တွန်းအားပေး ပြောဆိုလျက်ရှိသည်။ mizzima

အင်းတော်တွင် စစ်ကောင်စီတပ်နှင့် KIA-KPDF ပူးပေါင်းတပ်တို့ တိုက်ပွဲဖြစ်

စစ်ကိုင်းတိုင်း၊ အင်းတော်မြို့နယ်၊ ညောင်ကုန်းရွာနားမှာ ထီးချိုင့်မြို့နယ်က ထွက်လာတဲ့ စစ်ကောင်စီစစ်ကြောင်းနဲ့ KIA၊ KPDF ပူးပေါင်းတပ်တို့ ဒီဇင်ဘာ ၁၆ ရက်က တိုက်ပွဲ ၂ ကြိမ်ဖြစ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ညောင်ကုန်းရွာနားမှာ  မနက် ၇ နာရီက တကြိမ်၊ မနက် ၉ နာရီက တကြိမ် တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး နှစ်ဖက်တပ်တွေ ထိခိုက်ကျဆုံးတဲ့ အခြေအ နေကိုတော့ အတည်မပြုနိုင်သေးပါဘူး။  

တော်လှန်ရေးတပ်ဖွဲ့ဝင် တဦးက  “တိုက်ပွဲက တရက်ထဲ နှစ်ကြိမ်ဖြစ်တာ စစ်ကောင်စီဘက်က ထိခိုက်သေဆုံးတာ ရှိတယ်။ ထီးချိုင့်မှာ မီးရှို့သလို အင်းတော်ကိုလည်း လုပ်မယ်ဆိုပြီး သတင်းရထားတာ။ အင်အားတွေ ချထားတာ အများကြီးပဲ”လို့ ဆိုပါတယ်။

တိုက်ပွဲဖြစ်ပြီးနောက် စစ်ကောင်စီတပ်က တိုက်ပွဲဖြစ်ပွားရာနားက ဂျုံးဂျုံးကျကျေးရွာ ရွာသစ်ပိုင်း နဲ့ ရွှေဘို-မြစ်ကြီးနားကားလမ်းပေါ်က ရွှေအင်းတော်စားသောက်ဆိုင်ကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ကွင်းချောင်းကျေးရွာ ဒေသခံ အမျိုးသား တဦးက ပြောပါတယ်။

ဂျုံးဂျုံးကျကျေးရွာသစ်မှာ အိမ်ခြေ ၅၀ ဝန်းကျင်ရှိပြီး မီးလောင်ပျက်စီးသွားတဲ့ အိမ် အရေအတွက်ကိုမူ မသိရသေးပါဘူးတယ်။

ဂျုံးဂျုံးကျကျေးရွာအပါအဝင် လယ်ပြင်ရွာ၊ မအူကုန်းရွာ၊ ပိန်းအင်းရွာ၊ သောင်မြင်းရွာနဲ့ ကွင်းချောင်းကျေးရွာက ဒေသခံတွေ စစ်ကြောင်းနဲ့လွတ်တဲ့ ကျေးရွာဘက်တွေကို ထွက်ပြေး တိမ်းရှောင်နေကြရတယ်လို့ ဒေသခံတွေက ပြောပါတယ်။DVB

ဒီပဲယင်း၊ ညောင်လှရွာကို စစ်တပ်က လက် နက်ကြီးဖြင့် အကြောင်းမဲ့ ပစ်ခတ်သော ကြောင့် ပြည်သူ ၄ ဦး ထိခိုက်ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်၊ ညောင်လှရွာကို အကြမ်းဖက် စစ်တပ်က လက်နက်ကြီးများဖြင့် အကြောင်းမဲ့ ပစ်ခတ်ခဲ့သောကြောင့် ပြည်သူ ၄ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း ဒေသခံ ပြည်သူများထံမှ သိရသည်။

ဒီဇင်ဘာလ ၁၇ ရက်နေ့ နံနက်ပိုင်းတွင် အကြမ်းဖက် စစ်တပ်က ရေဦးမြို့နယ်၊ မူးသာကုန်းမှ ဒီပဲယင်းမြို့နယ်၊ ညောင်လှရွာကို လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ကြောင်း၊ အကြမ်းဖက် စစ်တပ်သည် တိုက်ပွဲဖြစ်ပွားခြင်း မရှိဘဲ ပြည်သူများ နေထိုင်သည့် ညောင်လှရွာကို အကြောင်းမဲ့ ပစ်ခတ်ခဲ့ပြီး ပြည်သူ ၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

“ဘာတိုက်ပွဲမှမရှိပါဘူး။ ရေဦးနယ် ရွာသာလေး၊ ကုက္ကိုစုဘက်ကနေ လက်နက်ကြီးဆင်ပြီး လှမ်းထုတာပါ။ သူတို့လက်နက်ဆင်တဲ့အနီးအနားက ရွာတွေကိုလည်း ဘာအဖမ်းအဆီးမှမရှိပါဘူး။ သပ်သပ်ကို လာပစ်တာပါ။ ပြည်သူ ၄ ဦး လက်နက်ကြီး ထိမှန်ထားပါတယ်” ဟု ဒေသခံပြည်သူ တစ်ဦးကပြောဆိုသည်။khit thit

သာကေတတွင် ဧည့်စာရင်းဝင်စစ်ပြီး လူငယ် ၂၀ ကျော်ကို စစ်ကောင်စီဖမ်းဆီး

ရန်ကုန်တိုင်း၊ သာကေတမြို့နယ်တွင် ဒီဇင်ဘာလ ၁၆ ရက်နေ့ ည ၁၀ နာရီကျော်ခန့်တွင် စစ်ကောင်စီက ဧည့်စာရင်းဝင်စစ်ပြီး လူငယ် ၂၀ ကျော်ကို ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ဒေသတွင်း သတင်းအရင်းမြစ်တစ်ဉီးက ပြောသည်။

ဖမ်းဆီးခေါ်ဆောင်ခံရသူ လူငယ်အများစုသည် သာကေတမြို့နယ် ထူပါရုံ(၁၄)လမ်း အနောက်လမ်းတွင် နေထိုင်သူများဖြစ်ကြောင်း ဆိုသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ဧည့်စာရင်းမစစ်မီအစောပိုင်းတွင် ကားငါးစီးခန့်ဖြင့်ပတ်နေပြီး ည ၁၀ နာရီ မိနစ် ၄၀ အချိန်ခန့်မှ ၁၁ နာရီ‌ကျော်အချိန်အထိ မိနစ် ၃၀ ခန့်စစ်ဆေးခဲ့သည့်ဟု ဒေသခံတစ်ဦးက ဆိုသည်။

“ဘာ့ကြောင့်ဖမ်းတယ်ဆိုတာတော့ မသိဘူး။ အားလုံးကလည်း ဧည့်စာရင်းစစ်တယ်ဆိုတော့ ကိုယ့်အပူနဲ့ ကိုယ်ပေါ့။ ဖမ်းခံရတာလူငယ်အများစုဖြစ်ပြီး အမျိုးသားတွေလို့သိရတယ်။ အခုလည်း အဲ့ဒီလမ်းအနီး တဝိုက်မှာ ရပ်ကွက်ထဲတစ်ခါမှမမြင်ဘူးတဲ့ လူစိမ်းအချို့ရှိနေတာကို တွေ့နေရတယ်။ ရပ်ကွက်သားအချို့ တော့ ဘာ့ကြောင့်ဖမ်းသွားတာလည်းဆိုတာစုံစမ်းနေတုန်းပဲ” ဟု ထူပါရုံရပ်ကွက်တွင် နေထိုင်သူတစ်ဉီး က ပြောသည်။

ဒီဇင်ဘာလ ၁၆ ရက်နေ့ ည ၉ နာရီ ဝန်းကျင်အချိန်ခန့်တွင် စစ်ကောင်စီ၏ မင်္ဂလာဒုံ အနန်းပင်လေတပ် စခန်းဝန်းအား မြို့ပြပြောက်ကျားအဖွဲ့က ပစ်ခတ်တိုက်ခိုက်မှုဖြစ်စဉ်ဖြစ်ပွားအပြီး စပ်ဆက်မြို့နယ်များ အပါအဝင် အခြားမြို့နယ်များအတွင်း ဧည့်စာရင်းစစ်ဆေးမှုများ ပြုလုပ်ခဲ့ကြခြင်းဖြစ်သည်။mizzima

« Older Entries