နမ့်ဆန်တိုက်ပွဲတွင် TNLA၏ ပစ်ခတ်မှုကြောင့် စစ်တပ်ဘက်မှ ထောက်ပို့ရဟတ်ယာဉ် ၁ စီးကို ကျည်ထိမှန်ပြီး သုံးမရတော့ဟုဆို

ရှမ်းပြည်နယ်၊ နမ့်ဆန်မြို့နယ်တွင် ဒီဇင်ဘာလ ၇ ရက်နေ့မှ ဒီဇင်ဘာလ ၁၂ ရက်နေ့ အထိ ၅ ရက် အကြာ ဖြစ်ပွားခဲ့သော တိုက်ပွဲတွင် TNLA ၏ ပစ်ခတ်မှုကြောင့် စစ်တပ်ဘက်မှ ထောက်ပို့ ရဟတ် ယာဉ် ၁ စီး လက်နက်ငယ်ကျည် ထိမှန်ပြီး သုံးမရတော့ ကြောင်း လေတပ်သတင်းရင်း မြစ်က ပြော သည်။

ဒီဇင်ဘာလ ၇ ရက်နေ့တွင် စစ်တပ်က ထောက်ပို့ရဟတ်ယာဉ်များဖြင့် စစ်သည်များကို ချထားပေးပြီး နမ့်ဆန်မြို့နယ် ကုန်းသာကျေးရွာကို ဝင်ရောက်စီးနင်းခဲ့ကြောင်း၊ ယင်းနောက် တိုက်ပွဲများ ဆက်တိုက် ဖြစ်ပွားခဲ့သဖြင့် ထောက်ပို့ ရဟတ်ယာဉ်များဖြင့် လက်နက်ခဲယမ်းများ ချထားပေးခြင်း၊ စစ်အင်အား များ တိုးမြှင့်ချထားခြင်းများ လုပ်ဆောင်ခဲ့ ကြောင်း၊ ထိုသို့ လုပ်ဆောင်စဉ် TNLA၏ ပစ်ခတ်မှုကြောင့် ထောက်ပို့ ရ ဟတ်ယာဉ် ၁ စီး ကျည်ထိမှန်သွားပြီး အရေးပေါ် ဆင်းသက်ခဲ့ရကြောင်း၊ လက်ရှိတွင် ကျည်ထိမှန်ထားသော ရဟတ်ယာဉ်သည် သုံးမရတော့ကြောင်း လေတပ် သတင်းရင်းမြစ်က ပြော သည်။

“ရဟတ်ယာဉ် အပစ်ခံရတာမှန်တယ်။ ထိသွားတယ်။ အခုထက်ထိတော့ မပြင်ရသေးလို့ ဒီအတိုင်း ထားထားတယ်။ စစ်ရေးအခြေအနေ မငြိမ်သေးတာကြောင့်လည်းပါတယ်။ စိန်ရတု လေတပ် နှစ်ပတ် လည်နဲ့ဆိုတော့ အဲဒါကို ပြင်ဖို့ လတ်တလော မလုပ်ရသေးဘူးလို့သိရတယ်။ ရဟတ်ယာဉ်ထိတာရော အပစ်ခံရတာမှန်ပါတယ်။ ရဟတ်ယာဉ် ၁ စီးကျည်ထိထားပါတယ်”ဟု လေတပ် သတင်းရင်းမြစ်က ရန်ကုန်ခေတ် သစ်သို့ ပြောဆိုသည်။

ရှမ်းပြည်နယ်၊ နမ့်ဆန်မြို့နယ်၊ ကုန်းသာကျေးရွာတွင် ဒီဇင်ဘာလ ၇ ရက်နေ့မှ ဒီဇင်ဘာလ ၁၂ ရက် နေ့ အထိတိုက်ပွဲ သည် PDF များ၏ လက် နက်သယ်ယူရေးကို ဝင်ရောက်စီးနင်းခြင်းဖြစ်ပြီး အလောင်း များနှင့်လက်နက်များရရှိကြောင်း၊ TNLA ကို ဝင်တိုက်ခြင်းမဟုတ်ကြောင်း၊ စစ် တပ်ဘက်မှ အရာရှိ နှင့်စစ်သည်များ သေဆုံးကြောင်း စစ်တပ်က သတင်းထုတ်ပြန်ထားသည်။

မြောက်ပိုင်းမဟာမိတ် သတင်းရင်းမြစ်တချို့ကမူ နမ့်ဆန်မြို့နယ်၊ ကုန်းသာကျေးရွာတိုက်ပွဲတွင် စစ် တပ်ဘက်မှ အနည်း ဆုံး ၁၀၀ အင်အားပါ စစ်ကြောင်းပြုတ်သွားပြီး TNLA က စစ်သား အလောင်း များ၊ လက်နက် များသိမ်းဆည်းရမိကြောင်း၊ TNLA ဘက်မှလည်း ကျဆုံးမှုများရှိကြောင်း ရန်ကုန် ခေတ် သစ် သတင်းဌာနသို့ ပြောဆိုထားသည်။ khit thit

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s