စစ်တပ်၏ မဲဝိုင်စခန်း တိုက်ခိုက်ခံနေရသဖြင့် စစ်ကူသွားရန် အမိန့် မနာခံ သည့် ခမရ ၄၀၅ တပ်ရင်းမှူးနှင့် အရာရှိ ၂ ဦးကို စစ်တပ်က ဖမ်း ဆီး

ကရင်ပြည်နယ်၊ KNU တပ်မဟာ ၅ နယ်မြေ ဖာပွန်ခရိုင်အတွင်းရှိ စစ်တပ်၏ မဲ ဝိုင် စခန်းကို KNU/KNLA နှင့် FFD အဖွဲ့တို့က နေ့စဥ်တိုက်ခိုက်နေသဖြင့် စစ် တပ်က အလွန်အထိနာနေရာ စစ်ကူသွားရန် အမိန့်ကို ငြင်းဆန်သည့် အမှတ် ၄၀၅ ခြေမြန်တပ်ရင်းမှ တပ်ရင်းမှူး ဒုဗိုလ်မှူးကြီး ၁ ဦး ၊ ဗိုလ်မှူး ၂ ဦးကို စစ် တပ် က ဖမ်းဆီးလိုက်ကြောင်း သိရှိရသည်။
အမိန့် မနာခံသည့်အတွက် စစ်တပ်၏ ဖမ်းဆီးမှု ခံရသည့် တပ်ရင်းမှူး နှင့် အရာရှိ ၂ ဦးမှာ ခမရ ၄၀၅ တပ်ရင်းမှူး ဒုဗိုလ်မှူးကြီး လှိုင်မင်းထွဋ်၊ ဒုတပ် ရင်းမှူး ဗိုလ်မှူး ၀ဏ္ဏနှင့် တပ်ခွဲမှူး ဗိုလ်မှူး ၁ ဦးတို့ဖြစ်ကြောင်း သိရှိရသည်။
‘’မဲဝိုင်စခန်းအထိနာနေလို့ စကခမှူးက သွားခိုင်းတာ။ တပ်ရင်းမှူးနဲ့ အရာရှိ ၂ ယောက်က မသွားနိုင်ဘူး ငြင်းလို့ အခြားတပ်ရင်းတခုနဲ့ ပြန်ဝိုင်းပြီး ဖမ်းတယ်။ သွားရင်လည်း သေမှာဆိုတော့ မြေပြင်အခြေအနေအရ တပ်ရင်းမှူးက မသွားဖို့ ဆုံးဖြတ်ပုံရတယ်။ ပြင်းပြင်းထန်ထန်အရေးယူခံရမယ့် သဘောရှိတယ်’’ ဟု အဆိုပါ ခမရ ၄၀၅ နှင့် နီးစပ်သည့် တပ်သတင်းရင်းမြစ် ကဆိုသည်။
KNU/KNLA နှင့် FFD Drone အဖွဲ့တို့သည် ဒီဇင်ဘာလ ၆ ရက်နေ့ ကတည်း က ဖာပွန်ခရိုင် အတွင်းရှိ မဲ့သလွတ်စခန်း၊ လဲ့တိုးစခန်းနှင့် ခေါ ပုတ် စခန်းတို့ကို တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီးနောက် မဲဝိုင်စခန်းကို ဆက်လက် တိုက်ခိုက် နေခြင်း ဖြစ်ကြောင်းသိရသည်။
‘’စစ်ဆင်ရေးက နေ့တိုင်းရှိတယ်။ အသေးစိတ်ကိုတော့ပြောလို့ မရသေးဘူး။ စစ်တပ်က အတော်အထိနာနေပြီ။ စစ်တပ်က နေစရာမရှိတော့လို့ မဲဝိုင် စခန်းက ကျန်ရှိနေသူတွေကို ရဟတ်ယာဉ် နဲ့ လာခေါ်ပေးပါ။ စစ်ကူအမြန် လာပါတော့ဆိုပြီး အကူအညီတောင်းနေကြတယ်’’ဟု KNU နှင့်နီးစပ်သည့် သတင်းရင်းမြစ်ကဆိုသည်။
KNU တပ်မဟာ ၅ ရှိ မဲဝိုင် စစ်စခန်းသည် စစ်ကောင်စီ၏ အရေးပါသော ခြေ ကုပ် စခန်း တခုဖြစ်သည့်အတွက် စစ်ကောင်စီ ဘက်က စခန်းမစွန့်ခွာ ရေး အတွက် လက်နက်ကြီး ပစ်ကူ လေကြောင်းပစ်ကူများဖြင့် နေ့စဥ်ရက်ဆက် ခုခံနေကြောင်း၊ KNU/KNLA နှင့် FFD Drone အဖွဲ့တို့ကလည်း ဒရုန်းမြောက် များစွာဖြင့် အင်ပြည့်အားပြည့် စစ်ဆင်ရေး ဆောင်ရွက်လျက် ရှိကြောင်း သိရ သည်။khit thit