ကယ်တင်ရှင်မရှာ ဒို့ကျေးရွာ သပိတ် စစ် ကြောင်း အကြမ်းဖက် စစ်အာဏာရှင် အမြစ်ပြတ် ချေမှုန်းရေး ချီတက်




khit thit
khit thit
ရန်ကုန်တိုင်း၊ တောင်ဒဂုံစက်မှုဇုန်အနီးမှာ ဒီဇင်ဘာ ၂၁ ရက် ည ၉ နာရီက စစ်ကောင်စီလက်အောက်ခံ အုပ်ချုပ်ရေးအဖွဲ့တွေ လုံခြုံရေးစောင့်နေတဲ့ ကင်းတဲနေရာ ဗုံးခွဲတိုက်ခိုက်ခံရတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။
ဒဂုံမြို့သစ် (တောင်ပိုင်း)မြို့နယ်၊ အမှတ် ၂၂ ရက်ကွက်၊ ရတနာပုံ ၄ လမ်းနဲ့ စက်မှုဇုန်လမ်းထောင့်မှာရှိတဲ့ အုပ်ချုပ်ရေးမှူးအဖွဲ့တွေ ကင်းစောင့်နေတဲ့နေရာ ဗုံးခွဲတိုက်ခိုက်ခံရတာလို့ ရပ်ကွက်နေသူတဦးက ဒီဗွီဘီကို ပြောပါတယ်။
“ပေါက်တဲ့အချိန် ညမထွက်ရအချိန်ဆိုတော့ ဒဏ်ရာရတဲ့အခြေအနေကို မသိဘူး။ ညကတော့ ရတနာပုံ ၄ လမ်းမှာ စစ်သားတွေ ခြေရှုပ်နေတယ်၊ ဓာတ်မီးတွေနဲ့လိုက်ထိုးကြည့်တာ။”
အဆိုပါ တိုက်ခိုက်မှုကို Mother Son Yangon Force အဖွဲ့က တိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။
ရန်ကုန်က မြို့နယ်တချို့မှာ ဒီဇင်ဘာ ၁ ရက်မှ ဒီဇင်ဘာ ၂၁ ရက်အထိ ပစ်ခတ်မှုနဲ့ ပေါက်ကွဲမှုကြောင့် လူ ၆ ဦးသေဆုံးပြီး ၂၁ ဦးဒဏ်ရာရရှိခဲ့ပါတယ်။DVB
စစ်ကိုင်းတိုင်း၊ တန့်ဆည်နှင့် ရေဦးမြို့နယ် အစပ်ရှိ ကျေးရွာ ၄ ရွာကို အကြမ်းဖက် စစ်တပ်က ၂ ရက်ဆက်တိုက် မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒေသခံပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။
ဒီဇင်ဘာလ ၂၂ ရက်နေ့ နံနက်ပိုင်းတွင် အကြမ်းဖက် စစ်တပ်က ရွာဗုကြီးရွာနှင့် ကြို့တိန်းရွာတို့ကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း၊ ထို့ပြင် ဒီဇင်ဘာလ ၂၁ ရက်နေ့တွင်လည်း ကလဇင်ရွာနှင့် ပေကြီးရွာတို့ကို အကြမ်းဖက် စစ်တပ်က မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။
“တန့်ဆည်မြို့နယ် ကလဇင်ရွာနဲ့ ပေကြီးရွာကတော့ မနေ့တည်းက ရှို့ခံရတာလို့သိရတယ်။ ရေဦးမြို့နယ် ရွာဗုကြီးရွာနဲ့ ကြို့တိန်းရွာရှိ ကတော့ ဒီနေ့မီးဆက်ရှို့နေတယ်လို့ သိရတယ်။ ပျက်စီးဆုံးရှုံးမှု အခြေအနေလည်း အတည်မပြုနိုင်သေးဘူး” ဟု ဒေသခံ ပြည်သူတစ်ဦးက ပြောဆိုသည်။
အဆိုပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် လက်ရှိချိန်တွင် ရွာဗုကြီးရွာနှင့် ကြို့တိန်းရွာအတွင်း ကင်းပုန်းများချကာ ကျေးရွာအတွင်း တပ်စွဲထားကြောင်း ဒေသခံပြည်သူများက ဆက်လက် ပြောဆိုသည်။khit thit
မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ ဗြိဘ(အနောက်)ကျေးရွာကို အကြမ်းဖက်များကမီးရှို့ကြောင်း ဖြန့်ဝေမှုရှိနေသည်။ ယင်းမှာ မှားယွင်းနေသည်။
အသန်း ( ICG ) အမည်ရှိ တယ်လီဂရမ်ချန်နယ်မှ ဒီဇင်ဘာ ၁၈ ရက်နေ့တွင် “ မကွေးတိုင်း ရေစကြိုမြိုနယ် ဗြိဘကျေးရွာအုပ်စုရှိ ဗြိဘအ နောက်ရွာကို ၁၈.၁၂.၂၀၂၂ ရက်နေ့ ယနေ့ နံနက်အစောပိုင်းက အကြမ်းဖက် များ မီးရှိဖျက်ဆီးခဲ့၍ နေအိမ် ၆၀ ကျော် မီးလောင်ဆုံးရှုးခဲ့ကြောင်း သိရ” (မူရင်းအရေးအသားအတိုင်း)ဟု ရေးသားဖော်ပြထားသည်။ အလားတူပင် အခြားတယ်လီဂရမ်ချန်နယ် ခြောက်ခုမှဖြန့်ဝေထားပြီး ကြည့်ရှု သူ ၂၀,၀၀၀ ခန့်ရှိနေပြီ ဖြစ်သည်။
စစ်ကောင်စီ၏ တန်ပြန်အချက်အလက်စစ်ဆေးသည့် Fact Check တယ်လီဂရမ်ချန်နယ်မှလည်း ဒီဇင်ဘာလ ၁၇ ရက်နေ့က ရေစကြိုမြို့နယ်၊ ဗြိဘ(အနောက်) ရွာတွင် စစ်ကောင်စီတပ်များ မီးရှို့ခြင်းမရှိ သလို PDF များ၏ မိုင်းဆွဲတိုက်ခိုက်ခြင်းမရှိကြောင်းကို ဒီဇင်ဘာလ ၁၉ ရက်နေ့တွင် အချက်အလက် မပြည့်စုံဘဲ ငြင်းဆိုထားသည်။
မဇ္ဈိမ၏ အချက်အလက်စစ်ဆေးသူများမှ သတင်းတုတွင်ပါဝင်သော ပုံများကိုစစ်ဆေးခဲ့ရာ ရေစကြိုဒေသ တွင်းအကြောင်းအရာများကို ဖော်ပြလေ့ရှိသည့် “Yesagyo Township Info Committee” မှ ဓာတ်ပုံများ ဖြစ်ကြောင်းတွေ့ရသည်။ ထိုပေ့ချ်မှ ပုံများနှင့်တကွ ဒီဇင်ဘာလ ၁၈ ရက်နေ့တွင် ရေစကြိုမြို့နယ်၊ ဗြိဘ (အနောက်)ကျေးရွာကို စစ်ကောင်စီတပ်များနှင့်ပျူစောထီးများက ပစ္စည်းများလုယူသယ်ဆောင်ပြီး ရွာကို မီးရှို့ဖျက်ဆီးသွားကြောင်း ဖော်ပြထားသည်။ သလင်းလင့် – https://bit.ly/3YEArqR
ထို့အတူ ရေစကြိုမြို့နယ် ဗြိဘ(အနောက်ရွာ) ဒီဇင်ဘာလ ၁၈ ရက်နေ့ကမီးရှို့ခံရကြောင်း ဒေသခံတွေက ပြောသည်ဟု ယုံကြည်စိတ်ချရသည့် သတင်းဌာနဖြစ်သည့် The Voice Of Spring မှ ဖော်ပြထားသည်။ သတင်းလင့် – https://bit.ly/3jlgkhh
ဗြိဘကျေးရွာအနီးတွင်နေထိုင်သည့် ဒေသခံတစ်ဦးကိုဆက်သွယ်မေးမြန်းခဲ့ရာ “မနက်အစောကြီး အဲဒီကို ထိုးနေတဲ့ စစ်ကြောင်းဝင်ရှို့သွားတာပါ။ ကျနော်တို့က အဲဒီနားမှာနေပါတယ်။ စစ်ခွေး (စစ်ကောင်စီတပ်) တွေလုပ်သွားတာပါ” ဟု မဇ္ဈိမသို့ ပြောသည်။
ထို့ကြောင့် မကွေးတိုင်း၊ ရေစကြိုမြို့နယ် ဗြိဘ(အနောက်)ကျေးရွာကို ပြည်သူ့ကာကွယ်ရေးတပ်များမှ မီးရှို့သည်ဆိုသည်မှာ မဟုတ်မှန်ဘဲ ဖြစ် စဉ်အမှန်အပေါ်အခြေခံပြီးဖြန့်ဝေနေသည့် သတင်းတုသာဖြစ် သည်။
မဇ္ဈိမ၏သတင်းဖတ်ရှုသူများအနေဖြင့် သတင်းတုဟုသံသယရှိသည့် အချက်အလက်များ၊ သတင်းဆောင်း ပါးများ၊ သတင်းမှားများကို ယခုလင့်သို့ – https://bit.ly/3x5qnf5 ဝင်ရောက်ဖြည့်စွက် ရေးသားပေးပို့ မေးမြန်းနိုင်ပါသည်။mizzima
မြန်မာနိုင်ငံမှာ အာဏာသိမ်း ၂ နှစ်နီးပါးအကြာ စစ်ကောင်စီတပ်တွေ အကြမ်းဖက် ပစ်ခတ်သတ်ဖြတ်မှုတွေကြောင့် နိုင်ငံတဝန်း အပြစ်မဲ့ကျဆုံးပြည်သူ ၂,၆၃၉ ယောက်နဲ့ ဖမ်းဆီးထိန်းသိမ်းခံရသူပေါင်း ၁၆,၅၇၄ ယောက် ထိရှိလာခဲ့ပြီဖြစ်တယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ) က ထုတ်ပြန်ပါတယ်။
ဒီစာရင်းဟာ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်မှ ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာ ၂၁ ရက်အထိ အေအေပီပီက ကောက်ယူမှတ်တမ်းပြုစုထားတာဖြစ်ပြီး အမှန်တကယ် ကျဆုံးသူတွေဟာ ဒီထက်ပိုနိုင်တယ်လို့ ဖော်ပြပါတယ်။
နွေဦးတော်လှန်ရေးကာလအတွင်း ဒီနေ့အထိ ၁၃,၀၉၈ ယောက် လက်ရှိ ချုပ်နှောင်ခံထားရဆဲဖြစ်ပြီး အဲဒီထဲက ၁,၇၆၅ ယောက်ကတော့ ထောင်ဒဏ် ချမှတ်ခံထားရပါတယ်။
တော်လှန်ရေးနဲ့ ဆက်စပ်ပြီး သေဒဏ်ချမှတ်ခံထားရကာ အကျဉ်းထောင်တွေထဲ ထိန်းသိမ်းခံနေရသူအရေတွက်ကတော့ ၉၇ ယောက် ရှိနေပြီး မျက်ကွယ် သေဒဏ်ချမှတ်ခံထားရသူ ၄၂ ယောက်အပါအဝင် ၁၂၁ ယောက်ကတော့ မျက်ကွယ်ပြစ်ဒဏ်ချမှတ်ခံထားရတာကြောင့် သေဒဏ်ချမှတ်ခံထားရသူ စုစုပေါင်း ၁၃၉ ယောက် ရှိလာခဲ့ပြီဖြစ်ပါတယ်။
လတ်တလောအချိန်ထိ အာမခံနဲ့ လွတ်မြောက်သူ ၂၄ ယောက်ရှိပြီး ပြန်လည်လွတ်မြောက်လာသူဦးရေကတော့ ၃,၄၅၂ ယောက် ရှိခဲ့တယ်လို့ ဆိုပါတယ်။ ဒါ့အပြင် အေအေပီပီကနေ လက်လှမ်းမီသမျှ မှတ်တမ်း ပြုစုထားချက်အရ အာဏာသိမ်းချိန်ကနေ ပြီးခဲ့တဲ့ နိုဝင်ဘာလကုန်ထိ အကြမ်းဖက်စစ်အုပ်စုက မတရားချိပ်ပိတ်သိမ်းဆည်းခဲ့တဲ့ နေအိမ်၊ အဆောက်အဦ အရေအတွက် စုစုပေါင်း ၉၀၀ ခုထက်မနည်း ရှိခဲ့တယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ ဒီဇင်ဘာ ၆ ရက်မှာ အကြမ်းဖက်စစ်အုပ်စုတပ်ဖွဲ့ဝင်တွေက မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ မုပ္ပလင်ကျေးရွာ၊ မရမ်းချောင်းအလယ်စုရပ်ကွက်မှာ နေထိုင်တဲ့ Crime Media Group ရဲ့ သတင်းထောက် တယောက်ဖြစ်သူ ဒေါ်တင်နွယ်ထွန်း (ခ) ဂျနီမာကို ၇ လအရွယ် သမီးဖြစ်သူနဲ့အတူ ဖမ်းဆီးသွားခဲ့တယ်လို့ သိရပါတယ်။ အဲဒီနောက် သူတို့ကို ကျိုုက်ထိုမြို့မရဲစခန်းအချုပ်မှာ ထိန်းသိမ်းထားပြီး ဒေါ်တင်နွယ်ထွန်း ကို စစ်ဆေးမေးမြန်းကာ ညှဉ်းပန်း နှိပ်စက်ခဲ့ပြီးနောက် အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၂(က) နဲ့ စွဲချက်တင်ခဲ့တယ်လို့ ဆိုပါတယ်။ လက်ရှိမှာတော့ ဒေါ်တင်နွယ်ထွန်းရဲ့ ဒဏ်ရာတွေနဲ့ အသက် ၇ လအရွယ်သမီးဖြစ်သူရဲ့ ခန္ဓာကိုယ်အနှံ့ယားနာတွေအတွက် သင့်လျော်တဲ့ ဆေး ကုသခွင့်မရသေးဘူးလို့ သိရပါတယ်။
ဒါ့အပြင် ဒီဇင်ဘာလ ၁၉ ရက်ကလည်း ဧရာဝတီတိုင်းဒေသကြီး၊ ဘိုကလေးမြို့နယ်မှ တရားလွှတ်တော်ရှေ့နေ ဦးစန်းလွင်နဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီဝင် အများစုပါဝင်တဲ့ လူ ၈ ယောက်ကို ဖျာပုံအကျဉ်းထောင်တွင်း အထူးတရားရုံးကနေ ရာဇသတ်ကြီးဥပဒေ ပုဒ်မ ၅၀၅-က နဲ့ ထောင်ဒဏ် ၂ နှစ်စီ ချမှတ်ခဲ့တယ်လို့ သိရပါတယ်။ ထောင်ဒဏ်ချမှတ်ခြင်းခံရသူ ၉ ယောက်ဟာ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်အတွင်း ဆန္ဒထုတ်ဖော်ပွဲတွေမှာ ပါဝင်ခဲ့တယ်ဆိုကာ ဖမ်းဆီးခံခဲ့ရတာလို့ ဆိုပါတယ်။
အရပ်ဘက်အဖွဲ့အစည်းတွေက ခေါင်းဆောင်တွေ၊ အရပ်သားတွေ၊ တက်ကြွလှုပ်ရှားသူတွေ၊ သတင်းသမားတွေ၊ CDM လှုပ်ရှားနေတဲ့ ဝန် ထမ်းတွေ စတဲ့ နယ်ပယ်အသီးသီးမှ ဘယ်သူမဆို ဖမ်းဆီး၊ ထိန်းသိမ်း၊ တရားစွဲဆိုခံထားရတာတွေနဲ့ ပတ်သက်လို့ နွေဦးတော်လှန်ရေး ကာလအတွင်း ကျဆုံးသွားသူတွေရဲ့ အချက်အလက်တွေကို သိရှိပါက အေအေပီပီကို ဆက်သွယ်အသိပေး အကြောင်းကြားနိုင်ပါတယ်။
ဒါ့အပြင် ကျဆုံးအချက်အလက်တွေကို ဖော်ပြပါ fatality-data@aappb.org အီးမေးလ်နဲ့ အဖမ်းအဆီး အချက်အလက်တွေကို detention-data@aappb.org အီးမေးလ်တွေဆီလည်း တိုက်ရိုက်ပေးပို့ ဆက်သွယ်အကြောင်းကြားနိုင်ကြောင်း အသိပေးထားပါတယ်။DVB
စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်၊ ချင်းတွင်းမြစ်ကြောင်းအတွင်း စစ်ကောင်စီ ရိက္ခာ တင် ရေယာဉ် ၈ စီးအတွက် မြေပြင်လုံခြုံရေးယူပေးသည့် အင် အား ၁၅၀ ခန့်ရှိ စစ် ကြောင်းကို ကနီ ဒေသကာကွယ် ရေးပူးပေါင်းတပ်ဖွဲ့က ဝိုင်း ဝန်း တိုက် ခိုက် ရာ စစ်သား ၃၀ ကျော်သေဆုံးခဲ့ကြောင်း Myanmar Defense Force မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။
ယမန်နေ့ ဒီဇင်ဘာလ ၂၁ ရက် ချင်းတွင်းမြစ်ကြောင်းအတိုင်း ဆန်တက် လာ သော အကြမ်းဖက် စစ် ကောင်စီ ရိက္ခာတင်ရေယာဉ် ၈ စီးကို မြေပြင်မှ လုံခြုံရေး ယူပေးထားသည့် အင်အား ၁၅၀ ခန့်ဖြင့် စစ်တပ်စစ်ကြောင်းကို Myanmar Defense Force နှင့်ဒေသကာကွယ်ရေးတပ်ဖွဲ့များက ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“အခုထိ ပွဲကမပြီးသေဘူး၊ ကနီမြို့နယ်၊ ချင်းတွင်းမြစ်ကြောင်း တလျှောက်မှာ ဖြစ် နေတာပါ၊ စစ်ဒေသရုံး က ဦးဆောင်ပွဲမို့ သူတို့ထုတ်ပြန်သလာက်ပဲ တင်ပြ ပေးပါဦး၊ ပြောလို့ရသလောက်တော့ ထပ်ပြောပေးပါ မယ်”ဟု ပြည်သူ့ ကာ ကွယ် ရေး တပ်ဖွဲ့ဝင်တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းမီဒီယာသို့ ပြောဆို သည်။
အကြမ်းဖက်စစ်ကောင်စီတပ်သားများမှ အထိနာခဲ့သဖြင့် ဒီဇင်ဘာလ ၂၁ ရက် မွန်းတည့် ၁၂ နာရီခန့် တွင် စစ်တပ်က MI 35 ရဟတ်ယာဉ်ဖြင့် အပြစ်မဲ့ ပြည်သူ များ နေထိုင်ရာ ကျေးရွာများအ တွင်း ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း၊ ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့အချို့လည်း ထိခိုက်ဒဏ်ရာရရှိထား ကြောင်း သိရသည်။
ရှေ့တန်းသတင်းရင်းမြစ်တချို့ကမူ သေဆုံးသွားသော စစ်ကောင်စီ တပ်ဖွဲ့များ ထံမှ လက်နက်ခဲယမ်းများ သိမ်းဆည်းရမိ ထားသော်လည်း အ သေးစိတ်ကို သက်ဆိုင်ရာ၏ ထုတ်ပြန်ချက်များကိုသာ စောင့်ဆိုင်းရန် အသိပေး ပြောဆို သည်။khit thit
ကုလသမဂ္ဂ လုံခြုံရေးကောင်စီသည် နှစ်ပေါင်း ၇၄ အတွင်း မြန်မာနိုင်ငံနှင့် ပတ်သက်သော ၎င်း၏ ပထမဆုံး ဆုံးဖြတ်ချက်ကို ဗုဒ္ဓဟူးနေ့တွင် အတည်ပြုလိုက်ပြီး အကြမ်းဖက်မှုများ အဆုံးသတ်ရေး တောင်းဆိုကာ ဖြုတ်ချခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးအကျဉ်းသားအားလုံး ပြန်လွှတ်ပေးရန် စစ်အာဏာသိမ်းအုပ်စုကို တိုက်တွန်းသည်။
၂၀၂၁ ဖေဖော်ဝါရီ ၁ ရက်၌ ဒေါ်အောင်ဆန်းစုကြည်၏ ရွေးကောက်ခံအစိုးရထံမှ စစ်တပ်က အာဏာသိမ်းလိုက်ကာ ၎င်းနှင့် အခြားသော တာ ဝန်ရှိသူများကို ဖမ်းဆီးခဲ့ပြီး ဒီမိုကရေစီ လိုလားသော ဆန္ဒပြမှုများနှင့် လက်နက်ကိုင်တော်လှန်မှုများကို တုံ့ပြန်ရာမှ မြန်မာနိုင်ငံသည် ဝရုန်း သုန်းကား အခြေအနေ ဆိုက်လျက် ရှိသည်။
“ဒီကနေ့မှာ ကျွန်မတို့တွေ စစ်တပ်အနေနဲ့ သံသယမထားသင့်တဲ့ ခိုင်မာတဲ့ သတင်းစကား ပါးလိုက်ပါပြီ၊ ဒီ ဆုံးဖြတ်ချက်ကို အပြည့်အဝ အ ကောင်အထည် ဖော်ဖို့ ကျွန်မတို့ မျှော်လင့်တယ်”ဟု ဗြိတိန် ရေးဆွဲသော ဆုံးဖြတ်ချက်မူကြမ်းကို အတည်ပြုပြီးနောက်တွင် ကုလသမဂ္ဂဆိုင် ရာ ဗြိတိန်သံအမတ်ကြီး ဘာဘာရာ ဝုဒ်ဝက်ဒ်က ပြောသည်။
“မြန်မာပြည်သူတွေကိုလည်း ကျွန်မတို့ ရှင်းရှင်းလင်းလင်း သတင်းစကားပါးပါတယ်၊ ကျွန်မတို့ဟာ သူတို့ရဲ့ အခွင့်အရေးတွေ၊ သူတို့ရဲ့ စိတ်ဆန္ဒတွေနဲ့ သူတို့ရဲ့ အကျိုးစီးပွားတွေမှာ တိုးတက်ရာကို ရှာဖွေနေပါတယ်ဆိုတာပါ”ဟု ဝုဒ်ဝက်ဒ်က အဖွဲ့ဝင် ၁၅ နိုင်ငံပါ ကောင်စီအား ပြော သည်။
မြန်မာအရေး အကျပ်အတည်းတွင် ပြင်းပြင်းထန်ထန် အရေးယူမှုများကို တရုတ်နှင့် ရုရှက ငြင်းဆန်နေခြင်းနှင့်အတူ မည်သို့ ကိုင်တွယ်မည့်အပေါ် ရေရှည် သဘောထားကွဲနေခဲ့ခြင်း ဖြစ်သည်။ ဗုဒ္ဓဟူးနေ့က မဲပေးရာ၌ တရုတ်နှင့် ရုရှက ကြားနေကာ အိန္ဒိယလည်း ထို့အတူပဲ ဖြစ် သည်။ ကျန်ရှိ အဖွဲ့ဝင် ၁၂ နိုင်ငံက ဆုံးဖြတ်ချက်ကို ထောက်ခံမဲ ပေးခဲ့သည်။
“တရုတ်နိုင်ငံဟာ စိုးရိမ်နေဆဲပါ”ဟု ကုလသမဂ္ဂဆိုင်ရာ တရုတ်သံအမတ်ကြီး ကျန်းဂျန်က မဲပေးမှုအပြီး ကောင်စီအား ပြောသည်။ “ဒီအရေးမှာ မြန်မြန်ဆန်ဆန် ဖြေရှင်းနိုင်တာမျိုး မရှိပါ၊ အဆုံးသတ်၊ အခြေခံမူဘောင်ကျကျ၊ ပြီးတော့ မြန်မာကိုယ်တိုင် သင့်တင့်လျောက်ပတ်စွာ ဖြေရှင်းနိုင်မလားဆိုတာလည်း မသေချာပါ”ဟု ၎င်းက ပြောသည်။
မြန်မာအရေးတွင် လုံခြုံရေးကောင်စီအနေဖြင့် တရားဝင် ထုတ်ပြန်ချက်တစ်ရပ်ကိုသာ အတည်ပြုပြီး ဆုံးဖြတ်ချက် အတည်မပြုခြင်းကို တ ရုတ်က လိုလားကြောင်း ၎င်းက ပြောသည်။
မြန်မာအရေးသည် နိုင်ငံတကာ ငြိမ်းချမ်းရေးနှင့် လုံခြုံရေးကို ခြိမ်းခြောက်ရာအဖြစ် ရုရှနိုင်ငံက မရူမြင်ကြောင်း၊ ထိုအတွက် ကုလသမဂ္ဂ လုံခြုံရေးကောင်စီက ဖြေရှင်းရမည့် အရေးမဟုတ်ဟု ယူဆကြောင်း ကုလသမဂ္ဂဆိုင်ရာ ရုရှသံအမတ်ကြီး ဗာဆေးလီ နီဘန်ဇီယာက ပြော သည်။
ဆုံးဖြတ်ချက် အတည်ပြုချမှတ်မှုကို အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဘလင့်ကင်က ကြိုဆိုသည်။ “မြန်မာစစ်အာဏာသိမ်းအုပ်စုရဲ့ အရပ်သားတွေအပေါ် ဖိနှိပ်ချုပ်ချယ်မှုတွေနဲ့ အကြမ်းဖက်မှုတွေ အရှိန်မြှင့်နေတာ ရပ်တန့်ဖို့နဲ့ ပဋိပက္ခအကျပ်အတည်းကို ဖြေရှင်းဖို့မှာ လုံခြုံ ရေးကောင်စီရဲ့ အရေးပါတဲ့ ခြေလှမ်းတစ်ရပ်ပါပဲ”ဟု ထုတ်ပြန်ချက်၌ ၎င်းက ဆိုခဲ့သည်။mizzima
khit thit
ရန်ကုန်၊ တာမွေမြို့နယ်ရှိ အရှေ့မြင်းပြိုင်ကွင်းနဲ့ တောင်မြင်းပြိုင်ကွင်းလမ်းထောင့်မှာရှိတဲ့ မြားပစ်ကွင်းအမှတ် ၆ ဂိတ်ကင်းတဲကို ဒီဇင်ဘာ ၂၂ ရက် ဒီနေ့ မနက် ၆ နာရီလောက်မှာ ရန်ကုန် UG ပြောက်ကျားတိုက်ခိုက်ရေး အဖွဲ့တွေ ပူးပေါင်းတိုက်ခိုက်ခဲ့တယ်လို့ Freeland Attack Force ထံက သိရပါတယ်။
Freeland Attack Force က တာဝန်ရှိသူက “ကျနော်တို့ အဖွဲ့နဲ့ မဟာမိတ်အဖွဲ့တွေဖြစ်တဲ့ EGA( Emerald Girls Army) Revolution of 21 century အဖွဲ့တွေပူးပေါင်းပြီးလုပ်ဆောင်ခဲ့တာပါ။ ပုံမှန်ဆိုရင်တော့ အဲဒီကင်းတဲမှာ စခ နှစ်ယောက် သုံးယောက်လောက်ရှိတတ်တယ်၊ မနက်ကတော့ အထဲမှာရှိတာသိပေမဲ့ အတိအကျမသိလိုက်ဘူး အနားကပ်ပြီး မကြည့်နိုင်ခဲ့လို့၊ သူတို့ကင်းတဲနားကို ကပ်ကျတာဖြစ်လို့ ထိခိုက်တာတော့ ရှိတယ်” လို့ ပြောပါတယ်။
အဆိုပါတိုက်ခိုက်မှုကို နိုင်ငံရေးအကျဉ်းသားများအားလုံးအတွက်ကိုယ်စားပြုပြီး လုပ်ဆောင်ခဲ့တာလို့ သိရပြီး တိုက်ခိုက်မှုမှာ ထိခိုက်သေဆုံးမှု အခြေအနေကို အတည်မပြုနိုင်ပေမဲ့ ပါဝင်လုပ်ဆောင်တဲ့ ရဲဘောက်တွေ ထိခိုက်မှု မရှိဘဲ ဆုတ်ခွာလာနိုင်ခဲ့တယ်လို့ သိရပါတယ်။
Freeland Attack Force က တာဝန်ရှိသူက “ကျနော်တို့ တော်လှန်ရေးသမားတွေက အဖမ်းခံရရင် စစ်ကြောရေးတွေ ထောင်တွေထဲမှာ လူမဆန်အောင် နှိပ်စက်ခံရတယ်။ တချို့ဆို အသက်ပါပေးသွားရတယ်၊ အဲဒီသူတွေအတွက် လုပ်နိုင်တဲ့ဘက်က တရားမျှတမှု ပြန်ယူတဲ့သဘောပါ၊ တရားမျှတမှုက ဘယ်လောက်ယူယူမကျေပေမယ့် ရသလောက်ယူသွားမှာပါ။ မြို့ပြကတော့ မတိတ်ဆိတ်သွားပါဘူး၊ ကျနော်တို့လည်းရှိနေမှာ ကျတော်တို့ မရှိလည်း ဆက်က နေကြမှာ” လို့ ပြောပါတယ်။
ဒီတိုက်ခိုက်ခဲ့မှုကြောင့် လမ်းသွားလမ်းလာတွေအနေနဲ့ သတိထားသွားလာဖို့နဲ့ အစစ်အဆေးတွေရှိနိုင်တဲ့အတွက် ဂရုစိုက်သွားလာကြဖို့ Freeland Attack Force အဖွဲ့က ပြည်သူလူထုကို ထပ်မံ သတိပေးပြောပါတယ်။
လမ်းသွားလမ်းလာပြည်သူတွေအနေနဲ့ စစ်ကောင်စီကင်းကဲတွေ၊ ရုံးတွေနဲ့ စစ်ကားတွေရဲ့ အဝေးမှာနေပေးကြဖို့နဲ့ ပြည်သူတွေ ထိခိုက်မှုမရှိအောင်လုပ်ဆောင်ရတဲ့အခါ တာဝန်ယူမှု တာဝန်ခံမှုကြီးကြောင်း၊ ပြီးခဲ့တဲ့ ၂၀၂၂ စက်တင်ဘာကလ သမိုင်းလမ်းစုံမှာ ပြုလုပ်ခဲ့တဲ့မစ်ရှင်မှာ ပြည်သူနှစ်ဦး ထိခိုက်မှုရှိတဲ့နောက်ပိုင်း မစ်ရှင်တွေကို သတိထားလုပ်ဆောင် နေရကြောင်းလည်း ပြောက်ကျားတပ်ဖွဲ့ထံက သိရပါတယ်။ DVB
ရန်ကုန်တိုင်း၊ စမ်းချောင်း၊ ဝေဠုဝန် မြောက်ရပ်ကွက် အုပ်ချုပ်ရေးမှူး ဝေဖြိုး အောင်နှင့် ရာအိမ်မှူး ထွန်းထွန်း တို့ ယနေ့ နံနက်ပိုင်း လက်ဖက် ရည်သောက် နေစဉ် ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း ဒေသပြည်သူများထံမှ သိရှိရသည်။
ဒီဇင်ဘာလ ၂၂ ရက်နေ့ နံနက် ၁၀ နာရီ ၄၅ မိနစ်ဝန်းကျင်အချိန် စမ်းချောင်း မြို့နယ်၊ စမ်းချောင်း၊ ဝေဠုဝန် မြောက်ရပ်ကွက်ရှိ စူပါလက်ဖက် ရည်ဆိုင်တွင် လက်ဖက်ရည်သောက်နေသော အုပ်ချုပ်ရေးမှူး ဝေဖြိုးအောင်နှင့် ရာအိမ်မှူး ထွန်းထွန်းတို့ကို သေနတ်သမား ၂ ဦးက ဝင်ရောက်ပစ်ခတ်သဖြင့် သေဆုံး သွားခြင်းဖြစ်ကြောင်း သိရှိရသည်။
စစ်တပ်နှင့်ရဲက စမ်းချောင်းဘက်ရှိ လမ်းများကို ပိတ်ဆို့ပြီး စစ်ဆေးမှုများ လုပ်ဆောင်သည့်အပြင် စူပါလက် ဖက်ရည် ဆိုင်မှ CCTV ကိုလည်း စစ်တပ်က သိမ်း ဆည်းသွားကြောင်း၊ ထို့ကြောင့် လူငယ်များအနေဖြင့် သတိထားသင့် ကြောင်း ဒေသပြည်သူများက ဆိုကြသည်။
“သေသွားတဲ့ အုပ်ကြီးက ပြည်သူချဥ်ဖတ်။ အများခေါ် ငဖြိုးတဲ့။ သူသွားရင် ဘေး က စစ်ခွေး ၂ ကောင်လိုက်တယ်။ စမ်းချောင်း စူပါလက်ဖက်ဆိုင်မှာ အုပ် ချုပ်ရေးမှူးနဲ့ နောက်လိုက်ကို ပစ်သွားတဲ့ လူငယ်တွေတော့ သတိထား သင့် တယ်။ ဆိုင်မှာ CCTV တပ်ထားတယ်။ အဲဒါကို စစ် တပ်နဲ့ ရဲက သိမ်းသွား ပြီ။ CCTV မှာ သေနတ်သမား ၂ ဦးပုံပေါ်တယ်ပြောပါတယ်” ဟု ဒေသပြည်သူ တစ်ဦးက ပြောဆိုသည်။ khit thit