ချောင်းဦးတွင် “အာဏာရူးတို့ ရွေးကောက်ပွဲ ကျေးလက်မြို့ပြ ဆန့်ကျင်ကြ” စာတန်း ကိုင်ဆောင်ကာ ချီတက် ဆန္ဒပြ




khit thit
khit thit
မြန်မာနိုင်ငံမှာ လာမယ့် ၂၀၂၃ ခုနှစ်မှာ စစ်ကောင်စီကကျင်းပဖို့ စီစဉ်နေတဲ့ ရွေးကောက်ပွဲအတွက် မဲစုရင်းပြုစုနိုင်ဖို့ ရခိုင်တပြည်နယ်လုံးရှိ လူဦးရေစာရင်းကို ဇန်နဝါရီ ၉ ရက်က စတင်ကာ အိမ်တိုင်ရာရောက် စာရင်းကောက်ယူသွားမယ်လို့ ရခိုင်ပြည်နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူအင်အားဦးစီးဌာနကနေ သိရပါတယ်။
အိမ်တိုင်ရာရောက် မြေပြင်ကွင်းဆင်း လူဦးရေစာရင်း ကောက်ခံနိုင်ဖို့ နေပြည်တော်မှာ သင်တန်းတက်ရောက်လာသူတွေက နည်းပြပြုလုပ်ပြီး Working group တွေအတွက် ထပ်ဆင့်နည်းပြသင်တန်းကို ဒီဇင်ဘာ ၂၀ ရက်က စစ်တွေမြို့ ဦးဥတ္တမခန်းမမှာ ပြုလုပ်ပါတယ်။
မောင်တောခရိုင် လူဝင်မှုကြီးကြပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူတဦးက“အဓိကက လက်ရှိ လ.ဝ.က ရုံးမှာရှိနေတဲ့ လူဦးရေစာရင်းနဲ့ မြေပြင်မှာ လက်ရှိ နေထိုင်နေတဲ့ လူစာရင်းက မတူဘူး။ ကွာခြားမှာလေ။ ပြောင်းရွှေ့လာတဲ့သူတွေ ရှိတယ်။ ရွှေ့ပြောင်းသွားတဲ့သူတွေလည်း ရှိတယ်။ အဲဒါကြောင့် မြေပြင်ကွင်းဆင်း စာရင်းကောက်ယူဖို့မှ ရမှာလေ။ ရခိုင်ပြည်နယ်က နေပြည်တော်မှာ သင်တန်းရောက်ခဲ့သူတွေက အခု စစ်တွေမှာ ထပ်ဆင့်သင်တန်းပို့ချနေကြတာ။ သတင်းတက်ရောက်ပြီး သူတို့ တာဝန်ကျနေတဲ့ မြို့ကို ပြန်ရောက်သွားရင်။ လ.ဝ.က နဲ့ ထွေအုပ်က ဝန်ထမ်းတွေကို ဆက်ပြီး ထပ်ဆင့်သင်တန်းကို သူတို့က သင်ပေးရမှာ”လို့ ပြောပါတယ်။
လူစာရင်းကောက်ယူမယ့် နည်းပြသင်တန်းသို့ ရခိုင်ပြည်နယ် အပါအဝင် ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်တို့က သင်တန်းသူ၊ သင်တန်းသား ၁၀၉ ဦး တက်ရောက်နေတာပါ။
လာမယ့် ၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၉ ရက်ကစပြီး ရခိုင်တပြည်နယ်လုံး လူဦးရေစာရင်း ကွင်းဆင်းစာရင်း ကောက်ယူသွားမှာပါ။ တပြည်နယ်လုံးမှာ အဖွဲ့ပေါင်း ၁၂၉၀ မြေပြင်ကွင်းဆင်းကောက်ယူသွားမှာဖြစ်ပြီး အဖွဲ့ဝင်ပေါင်း ၆၉၄၀ ဦးပါဝင်မှာဖြစ်ကြောင်း ရခိုင် ပြည်နယ်စစ်ကောင်စီအဖွဲ့ဝင် ပြည်နယ်ဥပဒေချုပ် ဦးလှသိန်းက သူ့ရဲ့လူမှုကွန်မှာ ရေးသားထားပါတယ်။
ရခိုင်ပြည်နယ်ရှိ မြို့နယ်တွေမှာ အိမ်ထောင်စု လူဦးရေစာရင်း ပုံစံ(၆၆/၆) တွေကို အဆင်မြင့်နည်းပညာနဲ့ e-ID Software အတွင်းသို့ ဖြည့်သွင်းထားရှိပြီး ဖြည့်သွင်းပြီး အိမ်ထောင်စုတွေကို Software မှ Print ထုတ်ယူကာ တအိမ်တက်ဆင်း စာရင်းကောက်မယ်လို့ ရခိုင်ပြည်နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူအင်အားဦးစီးဌာနကနေ သိရပါတယ်။ DVB
မကွေးတိုင်း၊ မြိုင်မြို့နယ်၊ ဖောင်းကွဲရွာသား စိတ်ရောဂါ ခံစားနေရသူ ၄ ဦးကို စစ်တပ်က ဖမ်းဆီး သတ်ဖြတ်ခဲ့ကြောင်း ဒေသခံ ပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။
ဒီဇင်ဘာလ ၂၃ ရက်နေ့တွင် မြိုင်မြို့နယ်၊ ဖောင်းကွဲရွာကို အကြမ်းဖက် စစ်တပ်က ဝင်ရောက် စီးနင်းပြီး ကျေးရွာအတွင်းရှိ စိတ်ရောဂါခံစားနေရသူ ကိုဘိုလွင်၊ ကိုအေးဖေ၊ ကိုကျော်နိုင်နှင့် ကိုငဗိုလ်တို့ ၄ ဦးကို စစ်တပ်က ဖမ်းဆီးကာ ၁ ဦးကို ခေါင်းဖြတ် သတ်ပြီး ကျန် ၃ ဦးကို ဖမ်းဆီး ပစ်သတ်ခဲ့ကြောင်း သိရသည်။
အကြမ်းဖက် စစ်တပ် စစ်ကြောင်း ကျေးရွာအတွင်း ဝင်ရောက် စီးနင်းစဥ် စိတ်ရောဂါ ခံစားနေရသူ ၄ ဦးသည် ကျေးရွာအတွင်း ကျန်ရှိနေခဲ့ခြင်းဖြစ်ပြီး စစ်သားများက ဖမ်းဆီး သတ်ဖြတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
” မြိုင်မြို့နယ် ဖောင်းကွဲရွာမှာ စိတ်ရောဂါ ခံစားနေရသူ ၄ ဦးကို စစ်တပ်က ရက်စက်စွာ သတ်သွားတာပါ။ စိတ်မနှံ့သူတွေက စစ်ခွေးတွေ ရွာထဲဝင်လာတဲ့ အချိန်မှာ ကျန်နေခဲ့တာ အဲ့ဒါကို ရက်စက်စွာ သတ်သွားတာပါ။ တစ်ဦးကို ခေါင်းဖြတ်ပြီး ကျန်သုံးဦးကိုတော့ နှိပ်စက် သတ်ဖြတ် သွားတာပါတယ်။ သေနတ် ဒဏ်ရာတွေလည်း တွေ့ရပါတယ်” ဟု ဒေသခံ ပြည်သူ တစ်ဦးကပြောဆိုသည်။
အကြမ်းဖက် စစ်တပ်သည် ကျေးရွာအတွင်းရှိ ပြည်သူပိုင်းနေအိမ်များကို ဖျက်ဆီးပြီး ပြည်သူပိုင် ပစ္စည်းများကိုလည်း ယူဆောင်သွားကြောင်း ဒေသခံ ပြည်သူများက ဆက်လက် ပြောဆိုသည်။ khit thit
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ မဇွပ်ယန်ကျေးရွာမှာရှိတဲ့ အကျဉ်းထောင်ကို ဒီဇင်ဘာ ၂၃ ရက်က ဒေသကာကွယ်ရေးတပ် KPDF က ဝင်ရောက်စီးနင်းခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
မဇွပ်ယန်အကျဉ်းထောင်ကို ည ၉ နာရီခွဲလောက်မှာ KPDF တွေက ဝင်ရောက်စီးနင်းခဲ့တာဖြစ်ပြီး စစ်ကောင်စီတပ်နဲ့ အပြန်အလှန် မိနစ် ၂၀ လောက်ပစ်ခတ်မှုဖြစ်ခဲ့ပေမဲ့ ထောင်သားတွေနဲ့ နှစ်ဖက်တပ်တွေ ထိခိုက်ဒဏ်ရာရတဲ့ အခြေအနေကို မသိရသေးပါဘူး။
ဖားကန့်ဒေသခံတဦးက “ထောင်ထဲမှာဖြစ်တာဆိုတော့ အထိအခိုက်တော့ မသိရဘူး။ စစ်ကောင်စီတပ်က တိုက်ပွဲလည်းပြီးရော ဖားကန့်ဗျူ ဟာကုန်းကနေ လက်နက်ကြီးတွေ ရွာတွေဘက် ပစ်တာမျိုးတော့ ရှိတယ်” လို့ ပြောပါတယ်။
အကျဉ်းထောင်နဲ့ အကျဉ်းထောင်တဝိုက်မှာ ပစ်ခတ်မှုဖြစ်ပွားခဲ့ပေမဲ့ စစ်ကောင်စီတပ်က လက်နက်ကြီး ၁၅ ချက်ထက် မနည်းပစ်ခတ်လို့ ဆန် ခါကျေးရွာ နှစ်ချင်းဘုရားကျောင်းဝင်းထဲကို ကျရောက်ပေါက်ကွဲခဲ့ပါတယ်။
ဒါ့အပြင် ဆန်ခါကျေးရွာဘေးနား လုပ်ကွက်ဘေးကို လက်နက်ကြီး ကျည်ကျရောက်ခဲ့လို့ အသက် ၁၆ နှစ် အရွယ် အမျိုးသား ၁ ဦး နောက် ကျောဘက် အနည်းငယ် ထိရှပေါက်ပြဲ ဒဏ်ရာ ရရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဖားကန့်မြို့နယ်မှာ တိုက်ပွဲတွေဖြစ်ပွားတိုင်း စစ်ကောင်စီတပ်ဘက်က ကျေးရွာတွေဘက်ကို လက်နက်ကြီးတွေနဲ့ မကြာခဏဆိုသလို ခြောက် လှန့်ပစ်ခတ်လေ့ရှိပါတယ်။ DVB
စစ်ကိုင်းတိုင်း ၊ ကလေးမြို့တွင်း တာဟန်းမီးပွိုင့်ရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏သေနတ်တစ်လက်နှင့် ကျည်ဆန်များ သိမ်းဆည်းရမိကြောင်း ချင်းကာကွယ်ရေးတပ်ဖွဲ့ (ကလေး ၊ ကဘော် ၊ ဂန့်ဂေါ) (CDF – KKG) က ထုတ်ပြန်သည်။
ယနေ့ ဒီဇင်ဘာလ ၂၄ရက် နံနက် ၁၀နာရီ ၃၀မိနစ်ခန့်တွင် တာဟန်းမီးပွိုင့် ဂိတ်အား စီးနင်းမှုပြုလုပ်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ထံမှ MA 2 စက် ကလေး တစ်လက် နှင့် ၅.၅၆ ကျည်ဆန် အတောင့် ၆၀ သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
ကာကွယ်ရေးတပ်ဖွဲ့က ယင်းမီးပွိုင့်ဂိတ်အား စီးနင်းပစ်ခတ်ရန် ချဉ်းကပ်လာစဉ် မူးယစ်သောက်စားနေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များက မြင်တွေ့သွားပြီးနောက် ကြောက်လန့် ထွက်ပြေးသွားသဖြင့် ၎င်းတို့ကျန်ရစ်သော သေနတ်အား လွယ်လင့်တကူ သိမ်းဆည်းခဲ့ကြောင်း ဖော်ပြ သည်။
ထိုသို့ လက်နက် ကောက်ယူပြီးသည့်နောက် ၎င်းတို့၏ ကင်းစခန်းအတွင်းရှိ စစ်ကောင်စီတပ်သား ဦးရေ ၃၀ က ပြန်လည်ထိုးစစ်ဆင်လာသ ဖြင့် ကာကွယ်ရေးတပ်ဖွဲ့များ ပြန်လည်ဆုတ်ခွါလာကြကြောင်း သိရသည်။
အဆိုပါဖြစ်စဉ်အတွင်း အပြန်အလှန်ပစ်ခတ်မှု တစ်စုံတစ်ရာမရှိဘဲ တပ်ဖွဲ့ဝင်များ ပြန်လည်ဆုတ်ခွာပြီးနောက် စစ်ကောင်စီတပ်ဖွဲ့၏ ရမ်းသန်းပစ်ခတ်မှုကြောင့် ပြည်သူတစ်ဦး အသက်ဆုံးရှုံးကာ အခြားပြည်သူများ ထိခိုက်ဒဏ်ရရှိသွားကြောင်း သိရ၍ များစွာ စိတ်မကောင်းဖြစ်ရပါကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ဒီဇင်ဘာလ ၁၀ရက်နံနက် ၆နာရီအချိန် ကလည်း ကလေးမြိုနယ်တောင်ပိုင်း မြောက်စီးရွာ ရဲစခန်းမှ ဂိတ်စောင့်ရန် ထွက်ခွာလာသူများအား CDF- KKG က ချုံခိုတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဘက်မှ သုံးဦး သေဆုံးပြီး သုံးဦး ဒဏ်ရာအပြင်းအထန်ရရှိသွားကြောင်း သိရှိရသည်။mizzima
ပဲခူတိုင်း၊ တောင်ငူခရိုင်၊ ပဲခူးရိုးမအတွင်းအတွင်းတွင် ဒီဇင် ဘာလ ၁၅ ရက်နေ့မှ ယနေ့အထိ တိုက်ပွဲပေါင်း ၁၁ ကြိမ်ထက်မနည်းဖြစ်ပြီး အကြမ်းဖက်စစ်တပ်မှ ဗိုလ်မှူးနန္ဒအောင်အပါ အ ဝင် စစ်သား ၂၀ ဦးထက်မနည်းသေဆုံးကြောင်း Bago Region PDF ထံမှ သိရသည်။
ပဲခူးရိုးမအတွင်း စစ်ကြောင်းထိုးလှုပ်ရှားနေသော အကြမ်း ဖက် စစ်ကောင်စီတပ်ဖွဲ့ကို တောင်ငူခရိုင် PDF တပ်ရင်း ၃၅၀၁ မှ ခုခံတိုက်ခိုက်လျက်ရှိရာ အကြမ်းဖက်စစ်ကောင်စီတပ်မှ ဗိုလ်မှူးနန္ဒအောင်နှင့် အရာရှိ တစ်ဦးအပါအဝင် အခြား အဆင့် စစ်သား ၂၀ ဦးထက်မနည်းသေဆုံးကာ အများအပြားဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ယင်းတိုက်ပွဲများအတွင်း အကြမ်းဖက်စစ်တပ်မှ အသုံးပြုသော အမ်အေ ၂ လက်၊ စက်သေနတ် တစ် လက်၊ အမ်အေ -၁ ချေမှုန်းရေးရိုင်ဖယ် ၂ လက်၊ အမ်အေ ၃ ချေမှုန်းရေး ရိုင်ဖယ် ၂ လက်၊ ၆၀ မမ ဗုံးသီး ၁ လုံး၊ အာပီဂျီ ဗုံးသီး ၁ လုံးနှင့်ကျည်မျိုးစုံ သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။
ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ၃ ဦးလည်း တိုင်းပြည်အတွက် အသက်ပေးလှူခဲ့ရပြီး ဒေသခံပြည်သူ တစ်ထောင်ထက်မနည်းသည်လည်း စစ်ဘေးလွတ်ရာထွက်ပြေးတိမ်းရှောင်နေကြရကြောင်း၊ လက်ရှိ အချိန်အထိ တိုက်ပွဲပြင်းထန်နေဆဲဖြစ် ကြောင်း တောင်ငူခရိုင် ပြည်သူ့ကာ ကွယ်ရေး တပ်မတော်၊ တပ်ရင်းအမှတ် – ၃၅၀၁ က ထုတ်ပြန်ထားသည်။khit thit
မွန်ပြည်နယ် ရေး-သံဖြူဇရပ်ကားလမ်းဘေးက စစ်တပ်ကင်းစခန်းငယ်တခုကို ဒီဇင်ဘာ ၂၄ ရက် မနက် ၆ နာရီက ရေး PDF မြောက်ပိုင်းပူးပေါင်းတပ်ဖွဲ့ဝင်တွေ ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ ရေး PDF မြောက်ပိုင်းအဖွဲ့မှ ဗိုလ်ရန်နိုင်က ပြောပါတယ်။
ဒုံဖိကျေးရွာအုပ်စုက ကြိုးတံတားမှာ တပ်စွဲထားတဲ့စခန်းငယ်ကို ဝင်ရောက်စီးနင်း တိုက်ခိုက်ခဲ့တာ ဖြစ်ပြီး ထိခိုက်သေဆုံးတာကိုတော့ လတ်တလော မသိရသေးဘူးလို့ ဆိုပါတယ်။
အဲဒီစခန်းဟာ စစ်တပ်ရဲ့ ရိက္ခာထောက်ပို့ သွားရာ လမ်းကြောင်းက လမ်းကင်းစခန်း ဖြစ်တာကြောင့် အခုလို ဝင်ရောက်စီးနင်း တိုက်ခိုက်ခဲ့တာဖြစ်ပြီး တိုက်ခိုက်ချိန် တပ်ရင်း ၅၈၈ က အမြောက်ပစ်ကူ ပေးခဲ့ပေမဲ့ ရေးမြောက်ပိုင်း PDF တွေ အထိခိုက်မရှိဘဲ ပြန်လည်ဆုတ်ခွာ ခဲ့တယ်လို့ ဆိုပါတယ်။
၅၈၈ တပ်ရင်းရဲ့ လက်နက်ကြီးကြောင့် ကြိုးတံတားရွာ ဘုန်းကြီးကျောင်းဝင်းမှာ ရှိတဲ့ နေအိမ်ပေါ်ကျ မှန်ခဲ့ရာ အမျိုးသမီးတဦး သေဆုံးခဲ့တယ် လို့ ဒေသခံသတင်းအရင်းမြစ်တွေက ပြောပါတယ်။
ဒီဇင်ဘာ ၂၃ ရက်ကလည်း မွန်ပြည်နယ် ရေး-သံဖြူဇရပ်လမ်းပိုင်းမှာ တရက်တည်း စစ်ကောင်စီ တပ်ကို နေရာ ၄ နေရာမှာ ချုံခိုတိုက်ခိုက်ခဲ့လို့ ၁၈ ဦး သေဆုံးကာ ၇ ဦး ဒဏ်ရာရခဲ့တယ်လို့ တောင်ညိုပြောက်ကျားတပ်ဖွဲ့က ဒီဇင်ဘာ ၂၄ ရက်မှာ ထုတ်ပြန်ပါတယ်။
အောင်သပြေရွာ ဘုရာနားမှာ ကင်းပုန်းဝပ်ဖို့ လာတဲ့စစ်ကြောင်စီတပ်ကို မနေ့က မွန်းလွဲ ၁ နာရီ ၄၂ မိနစ်မှာ ပထမအကြိမ် ချုံခို မိုင်းဆွဲတိုက် ခိုက်ခဲ့လို့ ၁ ဦး သေပြီး ၁ ဦး ဒဏ်ရာရရှိခဲ့သလို မွန်းလွဲ ၂ နာရီမှာလည်း ရေးမှ သံဖြူဇရပ်ကို လာတဲ့ စစ်ကား ၈ စီးကို ဘေးလမိုင်းရွာနဲ့ အေးကမ္ဘာရွာ ကြားမှာ ဒုတိယအကြိမ် ထပ်မံခြုံခိုမိုင်းဆွဲရာမှာ ၁၂ ဦး သေဆုံးပြီး အများ အပြား ဒဏ်ရာရခဲ့ကာ ကား ၁ စီး ပျက်စီးသွားတယ်လို့ ထုတ်ပြန်ချက်က ဆိုပါတယ်။
ထပ်မံပြီး ညနေ ၃ နာရီခွဲမှာ သံဖြူဇရပ်မှ ရေးကို ဆင်းလာတဲ့ စစ်ကား ၁၀ စီး နဲ့ ရေးမှ သံဖြူဇရပ်ကို တက်လာတဲ့ စစ်ကား ၃ စီးတို့ မျက် နှာချင်းဆိုင်မိချိန် ပိန်နဲတောရွာနားမှာ တတိယအကြိမ် ချုံခိုပစ်ခတ်တိုက်ခိုက်ခဲ့ရာ ၃ ဦး သေဆုံးပြီး ၅ ဦး ဒဏ်ရာရခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။
အလားတူ ညနေ ၃ နာရီ ၅၀ မိနစ်မှာ သံဖြူဇရပ်မှ ရေးဘက်ကို ဆင်းလာတဲ့ စစ်ကားငယ် ၂ စီး ကို ကလိန်ပဒေါရွာ နဲ့ ပျော်သာယာရွာကြားမှာ စတုထ္ထအကြိမ် ချုံခိုမိုင်းဆွဲ တိုက်ခိုက်နိုင်ခဲ့လို့ ၂ ဦး သေဆုံးကာ ၁ ဦး ဒဏ်ရာရပြီး ကား ၁ စီးထိခိုက် ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။
မနေ့က တိုက်ပွဲတွေဖြစ်နေချိန် ခရီးသည်တင်ကားတွေလည်း နာရီပိုင်းကြာ ပိတ်မိနေခဲ့ပေမဲ့ ထိမှန်ဒဏ်ရာရတာတွေ မရှိဘူးလို့ မြို့ခံတွေက ပြောပါတယ်။
ရေးမြောက်ပိုင်းဘက်က ကျေးရွာတွေမှာ စစ်ကောင်စီတပ်နဲ့ PDF တွေ မကြာခဏဆိုသလို တိုက်ပွဲတွေဖြစ်နေတာကြောင့် ဒေသခံတွေ စိုးရိမ်နေကြပါတယ်။
အဆိုပါဖြစ်စဥ်တွေကို စစ်ကောင်စီတပ်ဘက်ကတော့ သတင်းထုတ်ပြန်တာမျိုး မရှိသေးပါဘူး။ DVB
ကရင်ပြည်နယ်၊ ကော့ကရိတ်-မြဝတီ လမ်းဟောင်း အမှတ် ၃ ဂိတ် (ချက်ပွိုင့်ဂိတ်)တွင် တိုက်ပွဲ ဖြစ်ပွားပြီး စစ်သား ၄ ဦးသေဆုံးကြောင်း ကျားဖြူစစ်ကြောင်းထံမှ သိရသည်။
ဒီဇင်ဘာလ ၂၂ ရက်နေ့ ညနေ ၃ နာရီခန့်တွင်ကော့ကရိတ်-မြဝတီ လမ်းဟောင်း အမှတ် ၃ ဂိတ်၌ ကျားဖြူစစ်ကြောင်း ပူးပေါင်းတပ်ဖွဲ့ များနှင့် အကြမ်းဖက် စစ်တပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့ စစ်သား ၄ ဦးသေဆုံးခဲ့ကြောင်း သိရသည်။
တိုက်ပွဲဖြစ်ပွားပြီးနောက် အကြမ်းဖက် စစ်တပ်က လက်နက်ကြီးများဖြင့် အရပ်သား ပစ်မှတ်များကို အဆက်မပြတ် ပစ်ခတ်ခဲ့ကြောင်း၊ လေ ကြောင်းမှတိုက်ခိုက်ခြင်းများ ပြုလုပ်လျက်ရှိကြောင်း ကျားဖြူစစ်ကြောင်းက ထုတ်ပြန်ထားသည်။
ထို့ပြင် စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်၊ ထီးဆောင်းကျေးရွာ၌ တပ်စွဲထားသော အကြမ်းဖက်စစ်ကောင်စီတပ်သား များကို တိုက်ခိုက်ခဲ့ရာ စစ် ဗိုလ် တစ်ဦးသေဆုံးခဲ့ကြောင်း People Defence Force Myinmu-MMPDF ထံမှ သိရသည်။
ဒီဇင်ဘာလ ၂၃ ရက် နေ့လည် ၁ နာရီခန့်က ရက်ကာလကြာရှည်စွာ ထီးဆောင်ကျေးရွာ၌ တပ်စွဲထားသော အင်အား ၇၀ ကျော်ခန့်ရှိ တပ်မ ၃၃ နှင့် တပ်မ ၉၉ လက်အောက်ခံ အကြမ်းဖက်စစ် သား များကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းအဖွဲ့က လက်နက်ကြီးများ၊ ဒရုန်းများဖြင့် တိုက် ခိုက်ခဲ့ရာ စစ်ဗိုလ်တစ်ဦးသေဆုံးပြီး ၃ ဦး အပြင်းအထန်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ယင်းတိုက်ပွဲတွင် ပြည်သူ့ကာကွယ်ရေး ရဲဘော်တစ်ဦးကျဆုံးခဲ့ကြောင်း၊ မြင်းမူမြို့နယ်၊ ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့ (MMUPDF) ၊ Zero Power- Myinmu ၊ GTR –MMU ၊ စစ်ကိုင်းခရိုင် အမှတ် (၆)တပ်ရင်း တပ်ခွဲ ၁ ၊ စစ်ကိုင်းခရိုင် အမှတ် ၇ တပ်ရင်း၊ သပြေညိုပြောက် ကျားတပ်ဖွဲ့၊ NDRF နှင့် မြင်းမူမြို့နယ် ပကဖ တို့ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ khit thit
စစ်ကိုင်းတိုင်း ၊ တမူးမြို့နယ်တွင် တရားမဝင်သယ်ဆောင်လာသော သစ်ခွဲသားများကို ထိန်းသိမ်းလိုက်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (တမူးမြို့) တပ်ရင်း (၁)ကထုတ်ပြန်သည်။
ဒီဇင်ဘာလ ၂၄ရက် ယနေ့နံနက် ၆နာရီကျော်ခန့်တွင် တမူး – အောင်ဇေယျ ကားလမ်းပိုင်းတွင် ကင်းပုန်းဝပ်၍ နယ်မြေလုံခြုံရေး လုပ်ငန်းများ ဆောင်ရွက်နေစဉ် အောင်ဇေယျရွာဘက်မှ တမူးမြို့ဘက်သို့ မောင်းနှင်လာသည့် သစ်တင်ကား တစ်စီးအား ရပ်တန့်စစ်ဆေးရာ အင် ၊ ကညင် သစ်ခွဲသားများ သယ်ဆောင် လာသည်ကို တွေ့ရှိရပြီး ယင်းသစ်ခွဲသားများနှင့် ပတ်သက်၍ စုံစမ်းစစ်ဆေးခဲ့ရာ တရားမဝင်သစ်များဖြစ်သည်ကို သိရှိရသောကြောင့် ဖမ်းဆီးခဲ့ပြီး သစ်တင်ကားကိုမူ ပြန်လွှတ်ပေးခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
“သစ်က နှစ်တန်ကျော်ကျော်လောက်တော့ ရှိမယ်ဗျ ။ မှောင်ခိုထုတ်လာတဲ့အတွက် ဖမ်းဆီးရတာပါ။ ပြည်သူ့အုပ်ချုပ်ရေး အဖွဲ့များရဲ့ လမ်း ညွှန် ချက်နဲ့ လုပ်ထုံးလုပ်နည်းများအတိုင်း ဆောင်ရွက်သွားမှာဖြစ်ပါတယ်” ဟု PDF – Tamu တပ်ရင်း(၁) တာဝန်ရှိသူတစ်ဦးက မဇ္စျိမကိုပြောသည်။
ပြည်သူ့ကာကွယ်ရေးတပ်မတော် (တမူး) တပ်ရင်း ၊ တပ်ဖွဲ့ဝင်များသည် တမူး – အောင်ဇေယျ ကားလမ်းကို မျက်ခြေမပြတ် စောင့်ကြည့်လျက်ရှိပြီး စစ်ကောင်စီထုတ်ကုန်ပစ္စည်းများနှင့် ၎င်းတို့ လက်ပါးစေများ၏ ကုန်ပစ္စည်းများ ၊ တရားမဝင် သစ် ၊ ကျွဲ ၊နွား ၊ မူးယစ်ဆေးဝါးနှင့် ၎င်းလုပ်ငန်းများမှ ရရှိသည့် တရားမဝင်ငွေမည်းများကို စစ်ဆေးတွေ့ရှိပါက လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက်သွားမည်ဖြစ် ကြောင်း ဖော်ပြထားသည်။
နိုဝင်ဘာလ ၂၉ရက်နေ့ကလည်း တမူးမြို့မှ အောင်ဇေယျရွာဘက်သို့မောင်းနှင်လာသည့် လိုင်းကား မော်တော်ယာဉ်တစ်စီးအား ရပ်တန့်စစ် ဆေးရာ အမျိုးသမီး တစ်ဦးထံမှ ဘိန်းဖြူမှုန့် ဆပ်ပြာခွက်တစ်ခွက် စစ်ဆေးတွေ့ရှိရာ ပိုင်ရှင်အမျိုးသမီးအား ကြိမ်ဒဏ်ပေး၍ အလားတူဖြစ် စဉ်မျိုး ထပ်မံဖြစ်ပွားပါက NUG တရားစီရင်ရေး ဥပဒေလုပ်ထုံးလုပ်နည်းများဖြင့် အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတိပေးကာ ပစ္စည်းကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း PDF–Tamuထံက သိရသည်။mizzima
မြိုင်မြို့နယ် ဖောင်းကွဲရွာအရှေ့တောင်ဘက်တွင် အကြမ်းဖက်စစ်ကောင်စီစစ်ကြောင်းကို ထပ်မံတိုက်ခိုင်ရာ ၄ဦးသေဆုံးပြီး ၇ ဦးဒဏ်ရာရခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
စစ်သား ရဲ ပျူစောထီး အင်အား100ကျော်ခန့်ပါသည့် အကြမ်းဖက်စစ်ကောင်စီစစ်ကြောင်း ဒီဇင်ဘာ ၂၄ ရက် နံနက် ၈ နာရီ ၁၇ မိနစ်က ဗုံးသီး 22လုံးဖြင့် တိုက်ခိုက်ခဲ့ရာ လေးဦးသေပြီး ၇ ဦး ဒဏ်ရာ အပြင်း အထန် ရရှိသွားကြောင်း မြိုင်ပကဖ တာဝန်ရှိသူက ရှင်းပြသည်။
ယင်းအကြမ်းဖက်စစ်ကောင်စီ၏ စစ်ကြောင်းကိုပင် ယမန်နေ့ ဒီဇင်ဘာ ၂၃ ရက်နေ့ နံနက်ပိုင်းက ဖောင်းကွဲရွာအနီးတွင် ဒရုန်းဖြင့် ဗုံးကျဲတိုက် ခိုက်ရာ စစ်သား ၁ ဦးသေဆုံးပြီး ၄ ဦးဒဏ်ရာရရှိကြောင်း သိရသည်။
ယင်းတိုက်ခိုက်မှုကို မြိုင် ပကဖ က Pakokku Thurain ၊ MRTF တိုနှင့် ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။khit thit