မုံရွာ-အမြင့် လမ်းပိုင်းတွင် Christmas ဝတ်စုံများ ဝတ်ဆင်ကာ စစ်အာဏာရှင် တော်လှန် ရေး ဆန္ဒပြ




khit thit
khit thit
စစ်ကိုင်းတိုင်း၊ အင်းတော်မြို့နယ်၊ ကမ်းနီရွာအနီး တောထဲတွင် စစ်တပ်က ဖမ်းဆီးသတ်ဖြတ်လိုက်သော ပြည်သူ ၈ ဦး ၏ အလောင်းများကို မြေမြှုပ်ထားလျက် ပုတ်ပွ အရိုးကျသည့်အနေအထားဖြင့် ပြန်လည်တွေ့ရှိရကြောင်း Indaw Revolution – IR မှတာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနကို ပြောကြားသည်။
နိုဝင်ဘာလ ၂၈ ရက်နေ့ မကွေးမြို့ အခြေစိုက်၊ တပ်မ ၈၈ လက် အောက်ခံ ခလရ ၃၀၁ စစ်ကြောင်းက နတ်မဟုတ်ကြီးရွာသို့ဝင်ရောက်ပြီး ပြည်သူ ၈ ဦးကို ဖမ်းဆီး သွားခဲ့ကြောင်း၊ ဖမ်းဆီးခံပြည်သူများကို လက်ပြန်ကြိုးတုတ်ပြီး ၂ ဦးကို ခေါင်းဖြတ်သတ်ဖြတ်ခဲ့ကာ ကျန် ၆ ဦးကို ဦးနှောက်များထွက် ကျသည်အထိ တုတ်ဖြင့် ရိုက်သတ်ခဲ့ကြောင်း၊ ၃ ဦးကို ကျင်းတစ်ကျင်း၊ ၅ ဦးကို ကျင်းတစ်ကျင်း မြှုပ်နှံ ထားခဲ့ခြင်းဖြစ် ကြောင်း သိရ သည်။
“ဆေးကြောင်ပြီး ရောက်လာတဲ့ စစ်ခွေးကို ဖမ်းမိတော့ မေးလိုက်တာ၊ ဖမ်းခံရတဲ့ ပြည်သူတွေ ဘယ်ခေါ် သွားလဲဆိုတော့ သတ်လိုက်ပြီလို့ ပြောလို့ ဝိုင်းရှာကြတာ၊ ဖမ်းပြီး နောက်ရက်လောက်မှာကို သတ်ပစ် လိုက်တာလို့ ထင်တယ်၊ ၈ ယောက်လုံး လက်ပြန်ကြိုးတုတ်ထားတယ်၊ တစ်ချို့အလောင်းတွေဆို အတော်ပုပ်ပွ နေပြီ၊ အရိုးပဲကျန်တော့တယ်ဗျ၊ အရည်တွေလည်းကျနေပြီ” ဟု Indaw Revolution – IR မှတာဝန်ရှိသူ တစ်ဦးက ပြောသည်။
စစ်တပ်က သတ်ဖြတ်လိုက်သည့် ပြည်သူ ၈ ဦးမှာ အသက် ၆၀ အရွယ် ဦးကျော်သန်း၊ ဦးကျော်သန်း၏ သားဖြစ် သူ အသက် ၃၃ နှစ်အရွယ် ဦးဘိုဘိုဝေ ၊ အသက် ၅၀ ကျော် အရွယ် ဦးမင်းနိုင်၊ ဦးကျော်ဌေး ၊ ဦးကျော် ထွန်း၊ အသက် ၃၈ နှစ်အရွယ် ဦးထွန်းနိုင်၊ အသက် ၆၀ အရွယ် ဦးမြင့်ဖေ နှင့် အသက် ၆၈ နှစ် အရွယ် ဦးသာပြူးတို့ဖြစ်ကြောင်း သိရသည်။
စစ်တပ်က နတ်မဟုတ်ကြီးရွာအတွင်း ဝင်ရောက်စဉ် ပြည်သူ ၈ ဦးကို ဖမ်းဆီးသတ်ဖြတ်ခဲ့သည့်အပြင် နေအိမ်တစ်လုံးနှင့် စပါးကျည် (တိုက်) တစ်ခုကိုလည်း မီးရှို့သွား ကြောင်း၊ ဖမ်းဆီးသတ်ဖြတ်ခံရသူ ၈ ဦးတွင် PDF ရဲဘော် ၃ ဦး၏ ဖခင်နှင့် အစ်ကိုများ ပါသွားကြောင်း သိရသည်။
အင်းတော်တွင် လက်ရှိ စစ်တပ်က ကချင်ပြည်နယ်မှ ဆင်းလာသော စစ်ကြောင်းများနှင့်ပူးပေါင်းကာ အင်းတော်မြို့နယ်၊ မိုးလိုင်းကုန်းကျေးရွာသို့ ရောက်ရှိတပ်စွဲနေကြောင်း၊ တပ်နှစ်ခု ပေါင်း အင်အား ၁၈၀ ခန့်ရှိကြောင်း သိရသည်။ khit thit
စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်တွင် စစ်ကြောင်းထိုးနေသော စစ်ကောင်စီ တပ်က ဒီဇင်ဘာလ၂၀ရက်နှင့် ၂၁ရက် နှစ်ရက်အတွင်း ကျေးရွာ၃ ရွာမှ နေအိမ် ၇၀၀ ခန့် ခန့်ကို မီးရှို့ဖျက်ဆီးခဲ့ပြီး စစ်တပ်က ဖျက်ဆီးခဲ့သော အိမ်ခြေ ၃၆၀၀ ရှိ လာပြီဖြစ်ကြောင်း ဒေသပြည်သူများက ပြေ ာသည်။
တန့်ဆည်မြို့အရှေ့ဘက် တစ်မိုင်ခန့်အကွာရှိ ငတန်းရွာမှ နေအိမ်၄၅၀ခန့်၊ ကလ ဇင် ကျေးရွာမှ အိမ်ခြေ ၁၅၀ ခန့်၊ ရွှေလှန်ရွာမှ နေအိမ် ၉၁ လုံးနှင့် တပ် သစ် ရွာမှ ဆိုင်ကယ်၇စီးတို့ကို အကြမ်းဖက်စစ်ကောင်စီတပ်က ဆက်တိုက် မီးရှို့ ဖျက်ဆီးခဲ့ကြောင်း စစ်ဘေးရှောင်ဒေသခံတစ်ဦးက ရန်ကုန်ခေတ် သစ် သတင်းဌာနသို့ ပြောဆိုသည်။
“ငတန်းရွာလည်း တစ်ရွာလုံးပြောင်ပြီ၊ ဒီတစ်ခေါက်ဝင်တဲ့စစ်ကြောင်းက ရွာ တိုင်း ကို ရွာလုံးကျွတ်တဲ့အထိ ရှို့ပြီး ဖျက်ဆီးနေတာ။ ကိုယ့်အိမ်၊ ကိုယ့်ရွာ မ ဟုတ်တိုင်း ဖျက်ဆီးနေကြတာ။ဘာမှ ရစရာမရှိတော့ဘူး”ဟု သူကပြောသည်။
စစ်အာဏာသိမ်းသည့် ၂၀၂၁ခုနှစ် ဖေဖော်ဝါရီလမှစ၍ ၂၀၂၂ ဒီဇင်ဘာလအထိ တန့်ဆည်မြို့နယ်မှ နေအိမ်၃၆၀၀ခန့်ကို စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီး ခဲ့ကြောင်း ရန်ကုန်ခေတ်သစ်က စုံစမ်းသိရှိရသည်။
တန့်ဆည်မြို့နယ်တွင် ဒီဇင်ဘာလ ၄ ရက်နေ့မှ ၂၁ ရက်နေ့ အထိ စစ်ကြောင်း ထိုးခဲ့ သော ခမရ ၃၆၁ နှင့် ခမရ ၃၆၉ စစ်တပ်က သာခေါင်ကြီး၊ ကမ်းဖြူ၊ ဝက်တိုး၊ ပုတီး၊ ပေချောင်၊ ထန်းကုန်းကြီး၊ ထန်းပင်ကုန်း၊ မူးကျင်းစု၊ သာဂရ၊ သာဂလ၊ ရွာရှည်(မ)၊ ဂွေးကုန်း၊ ဖလံချိုင်၊ ငတန်းရွာနှင့် ရွှေလှန်ရွာစသည့် ကျေးရွာ၁၅ရွာ တို့မှ နေအိမ် ၁၁၃၀ လုံးကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရှိရသည်။khit thit
မန္တလေးတွင် စစ်သားများ လိုက်ပါလာသည့် ကား ၁ စီးနှင့် တပ်စွဲထားသော နေရာကို ဖောက်ခွဲ တိုက်ခိုက်ခဲ့ကြောင်း မန္တလေး UG ပြောက် ကျား တပ်ဖွဲ့များထံမှ သိရသည်။
ဒီဇင်ဘာလ ၂၅ ရက်နေ့ မွန်းလွဲ ၃ နာရီ ၂၅ မိနစ်ခန့်တွင် ပုသိမ်ကြီးမြို့နယ်၊ မြကံသာရွာ၊ ဘိလပ်မြေစက်ရုံထိပ်တွင် မတ္တရာမှ Non CDM များကို ရုံးကြိုပို့ရာတွင် အစောင့်လိုက်ပါလာသော စစ်သားများ ပါဝင်သည့် Light truck ကား ၁ စီးကို UG ရဲဘော်များက မိုင်း ၂ လုံးဖြင့် ဖောက်ခွဲ တိုက်ခိုက်ခဲ့ကြောင်း၊ ယင်းတိုက်ခိုက်မှုကြောင့် ကား၏ အနောက်ခြမ်းကို ထိမှန်ခဲ့ပြီး သေဆုံးသူ အရေအတွက်ကို အတည်မပြု နိုင်သေးကြောင်း သိရသည်။
ညနေ ၅ နာရီ ၄၀ မိနစ်တွင် ပြည်ကြီးတံခွန်မြို့နယ် ၁၂၆ ၊ ၅၁ လမ်းရှိ ၂၉ ကျောင်း၌ တပ်စွဲထားသော အကြမ်းဖက် စစ်တပ်ကို ပြောက်ကျား တပ်ဖွဲ့က လက်ပစ်ဗုံးဖြင့် ထပ်မံပစ်သွင်း တိုက်ခိုက်ခဲ့ကြောင်းသိရသည်။
” တိုက်ခိုက်မှု ၂ ခုလုံးမှာတော့ စစ်ခွေးသေစာရင်း အတည်မပြုနိုင်သေးဘူး။ တိုက်ခိုက်မှု ၂ ကြိမ်လုံးကို မြနန္ဒာစစ်ဆင်ရေး (မန္တလေး) အဖြစ် တိုက်ခိုက်ခဲ့တာပါ” ဟု UG ပြောက်ကျား တပ်ဖွဲ့ဝင် တစ်ဦးကပြောဆိုသည်။ khit thit
စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်၊ ထီးဆောင်းကျေးရွာ၌ တပ်စွဲထားသော အကြမ်းဖက် စစ်တပ်ကို PDF တပ်ဖွဲ့များ ဝင်ရောက် တိုက်ခိုက်ခဲ့ပြီး စစ်တပ်ဘက်မှ အရာရှိ ၁ ဦးအပါအဝင် ၂ ဦးသေဆုံးကြောင်း People Defence Force Myinmu-MMPDF တပ်ဖွဲ့ထံမှ သိရသည်။
ဒီဇင်ဘာလ ၂၃ ရက်နေ့ မွန်းလွဲ ၁ နာရီခန့်၌ ထီးဆောင်ကျေးရွာ၌ တပ်စွဲထားသော အင်အား ၇၀ ကျော်ခန့်ရှိ တပ်မ ၃၃ နှင့် တပ်မ ၉၉ လက် အောက်ခံ အကြမ်းဖက် စစ်သားများကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းအဖွဲ့က လက်နက်ကြီးများ၊ ဒရုန်းများဖြင့် တိုက်ခိုက်ခဲ့ရာ စစ်ဗိုလ် ၁ ဦးအပါအဝင် ၂ ဦးသေဆုံးခဲ့ကြောင်း သိရသည်။
” ရဲဘော်တစ်ဦးက လျော့ဒုံး ပစ်ဖို့လုပ်ရင်းနဲ့ လက်ထဲတင်အသီးကကွဲသွားတာ တစ်ဦးက နေရာတင်ဆုံးသွားတယ်။ ကျန် ရဲဘော်ကတော့လကုသမှု ခံယူနေရတယ်။ စစ်ခွေးတွေဘက်ကတော့ drone နဲ့ချတာက တစ်ပွင့် ဗိုလ်တစ်ယောက်သေတယ်။ နောက်တစ်ယောက်က ဆေးရုံမှာ သေတယ်” ဟု People Defence Force Myinmu-MMPDF တပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးကပြောဆိုသည်။
အဆိုပါ တိုက်ခိုက်မှုကို မြင်းမူမြို့နယ်၊ ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့ (MMUPDF) ၊ Zero Power- Myinmu ၊ GTR –MMU ၊ စစ်ကိုင်းခရိုင် အ မှတ် (၆)တပ်ရင်း တပ်ခွဲ ၁ ၊ စစ်ကိုင်းခရိုင် အမှတ် ၇ တပ်ရင်း၊ သပြေညိုပြောက်ကျားတပ်ဖွဲ့၊ NDRF နှင့် မြင်းမူမြို့နယ် ပကဖ တို့ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။ khit thit
မွန်ပြည်နယ်၊ ရေးမြို့နယ်တွင် အကြမ်းဖက် စစ်တပ် ကင်းစခန်းနှင့် ဆိုင်ကယ်များကို မိုင်းဆွဲ ပစ်ခတ် တိုက်ခိုက်မှု စစ်သား ၈ ဦးခန့်သေဆုံးခဲ့ကြောင်း YGF-ရေးပြောက်ကျားတပ်ဖွဲ့ထံမှ တာဝန်ရှိသူ တစ်ဦးကပြောဆိုသည်။
ဒီဇင်ဘာလ ၂၄ ရက်နေ့ နံနက် ၆ နာရီ ၁၂ မိနစ်တွင် ကြိုးတံတားရွာရှိ အကြမ်းဖက် စစ်တပ် ကင်းစခန်းကို YGF တပ်ဖွဲ့နှင့် ပူးပေါင်းတပ်ဖွဲ့များကို သွားရောက် တိုက်ခိုက်ခဲ့ပြီး စစ်သား ၇ ဦးခန့်ဆုံးခဲ့ကြောင်း သိရသည်။
ည ၈ နာရီခန့်တွင် ရေးမြို့နယ်၊ ဓမင်းဆိပ်ရွာလမ်းမကြီးပေါ်၌ မောင်းနှင်လာသော အကြမ်းဖက် စစ်တပ်မှ ဆိုင်ကယ် ၃ စီးကို YGF တပ်ဖွဲ့က ဖောက်ခွဲတိုက်ခိုက်ခဲ့ပြီး ၁ ဦးသေဆုံးခဲ့ကြောင်း သိရသည်။
” အကြမ်းဖက် စစ်တပ် ကင်းစခန်းကို သွားတိုက်တာ စစ်ခွေး ၇ ကောင်လောက်သေတယ်။ စခန်းသိမ်းခံနီးမှာ ခလရ ၅၈၈ က ကောင်တွေ လက်နက်ကြီး ပစ်ကူပေးလို့ ပြန်ဆုတ်ခဲ့ရတယ်။ စစ်ခွေး ဆိုင်ကယ် ၃ စီးကို မိုင်းဆွဲတာလဲ ၁ ကောင်သေတယ်” ဟု YGF-ရေးပြောက်ကျားတပ်ဖွဲ့ထံမှ တာဝန်ရှိသူ တစ်ဦးကပြောဆိုသည်။
ထို့ပြင် စစ်ကိုင်းတိုင်း၊ မုံရွာမြို့၊ စွမ်းရည်ထက်ဆီဆိုင်တွင် တပ်စွဲထားသော စစ်သားများကို ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း Chindwin Attack Force ထံမှ သိရသည်။
ဒီဇင်ဘာလ ၂၄ ရက်နေ့တွင် မုံရွာ-မန္တလေး လမ်းပိုင်းရှိ စွမ်းရည်ထက် ဆီဆိုင်တွင် အင်အား၂၀ ခန့်ဖြင့် ဗန်ကာတည်ဆောက်ပြီး တပ်စွဲထားကာ လမ်းသွားလမ်းလာ ပြည်သူများကို အဓမ္မ ဖမ်းဆီးငွေကြေးကောက်ခံနေသော အကြမ်းဖက် စစ်တပ်မှ စစ်သားများကို ဒေသကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့မှ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး စစ်သားများထိခိုက်မှု ရှိမရှိကို အတည်မပြုနိုင်သေးကြောင်း သိရသည်။
အဆိုပါတိုက်ခိုက်မှုကို မုံရွာခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော် (Chindwin Attack Force) တပ်ရင်း ၄ အထူးကွန်မန်ဒိုတပ်ဖွဲ့(Monywa The Boys)မှ ဦးဆောင်ပြီး မုံရွာခရိုင် တပ်ရင်း ၂ ၊ တပ်ခွဲ ၂ (Monywa Special ဒိတ်ဒိတ်ကြဲ PDF ၊ မုံရွာရိုင် တပ်ရင်း ၄ 5/ Teachers People Defence Force PDF ၊ Area 71 Defence Force (Monywa) ၊ Special Force 11 – PDF ၊ Brave Heart Army ၊ ဗန္ဓုလနှင့်အဖွဲ့သားများ၊ မုံရွာခရိုင်တပ်ရင်း ၇ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ထို့ပြင် စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်တွင် စစ်သားများနှင့် ပျူစောထီးများကို ပစ်ခတ်တိုက်ခိုက်မှု ၁ ဦးသေဆုံးကြောင်း ShweBo Federal Army SBFA တပ်ဖွဲ့ထံမှ သိရသည်။
ဒီဇင်ဘာလ ၂၄ ရက်နေ့ နံနက် ၇ နာရီ ၃၀ မိနစ်တွင် ရွှေဘိုမြို့နယ် အနောက်ခြမ်းရှိ သီးလုံးကျေးရွာမှ ပျူစောထီးများကို ကာကွယ်ရေး တပ်ဖွဲ့များက အသင့်စောင့်ဆိုင်းပြီး တိုက်ခိုက်ခဲ့သောကြောင့် ပျူစောထီးခေါင်းဆောင် ဝင်းဇော်အောင်နှင့် မြင့်ခိုင်တို့ ထိခိုက်ဒဏ်ရာ ပြင်းထန်ပြီး ရွာထဲသို့ ပြေးဝင်သွားကာ စစ်ကူများ ထပ်မံရောက်ရှိလာသောကြောင့် ကာကွယ်ရေး တပ်ဖွဲ့များက Drone စစ်ကူစစ်ကြောင်းကို ဗုံးသီးချ တိုက် ခိုက်ခဲ့ကြောင်း သိရသည်။
ထို့ပြင် ရွှေဘိုမြို့နယ် အနောက်ခြမ်း တည်သီးတောရွာရှိ ပျူစောထီးများကိုလည်း ဒေသခံ ကာကွယ်ရေး တပ်ဖွဲ့များက ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး ပျူစောထီး ၁ ဦးသေဆုံးခဲ့ကြောင်းသိရသည်။
“သေဆုံးစာရင်းကတော့ တည်သီးတောက ပျူ ၁ ကောင်တော့ သေတယ်လို့သိရပါတယ်။ သီးလုံးရွာက သေစာရင်းကတော့ အတည်မပြုရသေးပါဘူးဗျ” ဟု တော်လှန်ရေးရဲဘော်တစ်ဦးက ရန်ကုန်ခေတ်သစ်သို့ ပြောကြားသည်။
အဆိုပါ တိုက်ခိုက်မှုကို ShweBo Federal Army SBFA အဖွဲ့နှင့် တိုက်နယ် ၂ မဟာမိတ်ညီနောင် အင်အားစုများက ပူးပေါင်း တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။khit thit
မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်ရှိ ပျူစောထီးတွေ နေထိုင်ရာ ပုဏ္ဏားကြီးရွာကို ဒီဇင်ဘာ ၂၄ ရက် မနက်ပိုင်းက ဝင်ရောက်စီးနင်းခဲ့တယ်လို့ ပြင်ဦးလွင် ခရိုင်(ပ.က.ဖ) အဖွဲ့ထံက သိရပါတယ်။
မနေ့ မနက် ၈ နာရီ ၄၅ မိနစ်က ဗိုလ်လင်းယုန်တပ်ဖွဲ့နဲ့ NINE PDF တို့ပူးပေါင်းကာ အဆိုပါကျေးရွာကို မိနစ် ၂၀ လောက် ကြာအောင် ပစ်ခတ်ပြီး ဝင်ရောက်စီးနင်းခဲ့တယ်လို့ သိရပါတယ်။
ဗိုလ်လင်းယုန်က “စုံစမ်းသိရှိရတာကတော့ အမာခံ ငါးယောက်လောက်ပါပဲ။ ကျန်တာကတော့ ဒီလိုမျိုး အမာခံငါးယောက်လောက်ကနေပြီးတော့ ဖိအားပေးပြီးတော့ လုပ်ခိုင်းထားတယ်လို့ သတင်း ရတာပေါ့။ ခွဲတမ်းချတာကတော့ အဲ့ဒီ အမာခံငါးယောက်လောက်ကပဲ အဓိက ဆက် ကြေး ကောက်တာတွေဘာတွေ လုပ်တာပေါ့။ ကျန်တဲ့ လက်အောက်ငယ်သားတွေကတော့ ကင်းစောင့်ရတဲ့အနေအထားမျိုးလောက်ပါပဲ” လို့ ပြောပါတယ်။
စီးနင်းပြီးနောက် မနေ့က ည ၇ နာရီခွဲလောက်အထိ စစ်အုပ်စုက အင်အားအလုံးအရင်းနဲ့ လာရောက်စစ်ဆေးရှာဖွေခဲ့ပြီး ကျေးရွာအတွင်း တပ်အထိုင်ချကာ ဧရာဝတီမြစ် အနောက်ဘက် ကမ်းကို လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တယ်လို့ သိရပါတယ်။
အခုလို တိုက်ခိုက်မှုအတွင်း ပျူစောထီး ၃ ယောက် သေဆုံးကာ တူမီးသေနတ် ၂ လက်၊ လက်လုပ် ပွိုင့်တူးတူး သေနတ် ၁ လက်နဲ့ ဆက်စပ်ပစ္စည်းတွေ သိမ်းဆည်းရရှိခဲ့တယ်လို့ ဆိုပါတယ်။
ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေဘက်က ရဲဘော် နှစ်ယောက် မစိုးရိမ်ရတဲ့ ထိခိုက်ဒဏ်ရာ အနည်းငယ်သာ ရရှိခဲ့ပြီး ဆုတ်ခွာနိုင်ခဲ့ကြောင်းနဲ့ သပိတ်ကျင်းမြို့နယ်နဲ့ စဉ့်ကူးမြို့နယ်က ပျူစောထီးတွေကို လိုက်လံချေမှုန်းသွားမယ်လို့ ဗိုလ်လင်းယုန်တပ်ဖွဲ့က ပြောပါတယ်။ DVB
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်တွင် ဒီဇင်ဘာလ ၂၃ ရက်နေ့ တိုက်ပွဲများဖြစ်ပွားစဉ် စစ်တပ်၏ ပစ်ခတ်မှုများကြောင့် ၇ တိုင်တံတား ပျက်စီးသွားပြီး စစ်ရေးအခြေအနေမှာလည်း ဆက်လက်တင်းမာနေကြောင်း ဒေသပြည်သူများက ပြောသည်။
ဒီဇင်ဘာလ ၂၃ ရက်နေ့ တစ်ရက်လုံး ကော့ကရိတ်မြို့နယ် နေရာတချို့တွင် စစ်တပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်များ၊ KNLA မဟာမိတ်တပ်များအကြား တိုက်ပွဲများ ဆက်တိုက်ဆိုသလိုဖြစ်ပွားခဲ့ကြောင်း၊ ယင်းနောက် စစ်တပ်၏ ပစ်ခတ်မှုများနှင့် မိုင်းဆွဲမှုများကြောင့် ၇ တိုင် တံတားမှာ ပျက်စီးသွားကြောင်း သိရှိရသည်။
“တိုက်ပွဲတွေက နေ့တိုင်းဖြစ်နေတာ။ ဒီဇင်ဘာ ၁၉ လောက်ကစပြီး အခုထက်ထိပဲ။ ၇ တိုင်တံတားကတော့ ဒီဇင် ဘာလ ၂၃ ရက်နေ့ စစ်တပ် ဘက်က ပစ်ခတ်လို့ မိုင်းထိသွားတယ်။ ဆိုင်ကယ်နဲ့ကားလေးတွေ ဖြတ်သန်းလို့ရပေမယ့် ကားကြီးတွေ မခံနိုင်လောက်ဘူးထင်တယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောသည်။
ထို့ပြင် ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့သို့ စစ်ဆင်ရေးအဖြစ် ချီတက်လာသော စစ် ကောင်စီ ၏ သံချပ်ကာ အမြောက်ကား ၂ စီးကို Golden Eagle တပ်ဖွဲ့က ဒရုန်းဖြင့် ဗုံးကျဲချတိုက်ခိုက်ရာ သံချပ်ကာ အမြောက်ကား ၁ စီး မီး လောင် ပျက်စီးသွားကြောင်း သိရှိရသည်။
ဒီဇင်ဘာ ၂၄ ရက်နေ့တွင် ကော့ကရိတ်သို့ စစ်ဆင်ရေးအဖြစ် ချီတက်လာသော သံချပ်ကာ အမြောက်ကား ၂ စီးကိုGolden Eagleတပ်ဖွဲ့က ဒရုန်းဖြင့် ဗုံးကျဲချရာတွင် သံချပ်ကာ အမြောက်ကား ၁ စီး မီးလောင်ပျက်စီးသွားခြင်း ဖြစ်ကြောင်း၊ ဒရုန်းဖြင့် ဗုံးကျဲမှုတွင် စစ်သား ၂ ဦးသေဆုံးပြီး ၄ ဦးဒဏ်ရာရရှိကြောင်း သိရှိရသည်။
“ကော့ကရိတ် ကော့နွဲရွာအဝင်မှာ မနေ့ ညနေ စစ်ကောင်စီ တင့်ကား ၂စီး အပေါ် တည့်တည့်ကို Golden Eagleအဖွဲ့က ၆၀ မမ Drop bomb ၄ လုံး ကျဲချနိုင်ခဲ့ပြီး တင့်ကားရပ်သွားပါတယ်။ ရှေ့မဆက်နိုင်တောာ့ပါဘူး။ စစ်သား၂ ယောက်သေတယ်။ ၄ ယောက် ဒဏ်ရာရတယ်။ ပျက်စီးသွားတဲ့ သံချပ်ကာ ကားကို ပြန်ဆွဲသွားပါတာ်” ဟု ရန်ကုန်ခေတ်သစ်၏ သတင်းရင်းမြစ်က ပြော သည်။
ကော့ကရိတ်ဒေသပြည်သူတချို့ကလည်း စစ်ကောင်စီ၏ သံချပ်ကာ အမြောက် ကား ၁ စီး မီးလောင်ပျက်စီးပြီး မောင်းမရတော့ဟု ပြောဆိုကြသည်။
“မနေ့က တက်လာတာ တင့်ကားနှစ်စီး။ ညကျတော့ ကော့ကရိတ် မြို့ထဲ ပြန်ဝင် သွားတာ တစ်စီးတည်း။ ကျန်တဲ့ ၁ စီးကပါမလာတော့ဘူး။ ပန်ဒါ ရေခဲ စက် အနီးမှာ ဗုံးထိ မီးလောင်ပြီး ရပ်သွားတယ်ပြောတယ်” ဟု ကော့က ရိတ် မြို့ခံတစ်ဦးက ဆိုသည်။
အကြမ်းဖက်စစ်ကောင်စီတပ်က ကော့ကရိတ်မြို့ဘက်သို့ သံချပ်ကာ အမြောက် ကားများ၊ လက်နက်ကြီးအမြောက်တင်ကားများ ၊ Mi35 ရဟတ် ယာဉ်များ၊ ဂျက် လေယာဉ်များဖြင့် နေ့စဉ် ရက်ဆက် တိုက်ခိုက်နေကြောင်း PDF သတင်းရင်းမြစ်ထံမှ သိရှိရသည်။
ထို့ပြင် ဒီဇင်ဘာလ ၂၂ ရက်နေ့ ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်တွင် တိုက်ပွဲဖြစ်ပြီး ကော့ကရိတ်အခြေစိုက် ခလရ ၉၇ မှ ယာယီတပ် ရင်းမှူး သေဆုံးခဲ့ရာ ယခုအချိန်အထိ ယာယီတပ်ရင်းမှူး အလောင်းကို စစ်တပ်က လာမကောက်သဖြင့် ပုတ်ပွနေပြီဖြစ်ကြောင်း သိရှိရသည်။
“ကော့နွဲ့သချိုင်းရှေ့က ကွင်းပြင်မှာ ခလရ ၉၇ ယာယီ တပ်ရင်းမှူးအလောင်း အခုထိလာမကောက်သေးဘူး။ ပုတ် နေပြီ” ဟု PDF သတင်းရင်းမြစ်က ပြောသည်။ khit thit
khit thit
စစ်ကိုင်းတိုင်း ဆားတောင်မြို့နယ်မှ ကျေးရွာများဖြစ်သည့် သိမ်ချောင်း၊ ထန်းတောကုန်း၊ ဂူကြီး ကုန်းကျေးရွာများကို ဒီဇင်ဘာလ ၂၃ ရက်နေ့က စစ်ကောင်စီတပ်များ ဝင်ရောက်မီးရှို့ဖျက်ဆီးခဲ့သည့် အတွက် နေအိမ်အလုံး ၉၀ ကျော် မီးလောင်ပျက်စီးသွားကြောင်း စစ်ကိုင်းမြို့နယ်သတင်းမှန်ပြန်ကြားရေး အဖွဲ့မှ တာဝန်ရှိသူတစ်ဦးကပြောသည်။
“ဆားတောင်မြို့နယ်ထဲက သိမ်ချောင်း၊ ထန်းတောကုန်း၊ ဂူကြီးကုန်း အိမ်ခြေ ၉၀ ကျော် မီးလောင်ဆုံးရှုံး တယ်။ ရွာတွေကို ပြန်မကပ်နိုင်သေးဘူး။
ပျက်စီးဆုံးရှုံးများတော့ အစစအရာရာ အကူအညီတွေလိုအပ်နေ ပါတယ်” ဟု ၎င်းကပြောသည်။
ထို့ပြင် ဂူကြီးကုန်းကျေးရွာသို့ဝင်ရောက်ချိန်တွင် ရွာသားနှစ်ဦးကို စစ်ကောင်စီစစ်ကြောင်းက ဖမ်းဆီး သတ်ဖြတ်သွားကြောင်း စစ်ကိုင်းမြို့နယ်သတင်းမှန်ပြန်ကြားရေးက ထုတ်ပြန်ထားသည်။
စစ်ကောင်စီတပ်များသည့် ဒီဇင်ဘာလ ၂၃ ရက်နေ့ မွန်းလွဲပိုင်းတွင် သိမ်ချောင်းကျေးရွာကို ဝင်ရောက်မီးရှို့ ခဲ့ပြီးနောက် ညနေ ၄ နာရီတွင် ထန်းတောကုန်းကျေးရွာနှင့် ည ၇ နာရီတွင် ဂူကြီးကုန်းကျေးရွာများကို မီးရှို့ဖျက်ဆီးခဲ့ကြခြင်းဖြစ်သည်။
ဒီဇင်ဘာလ ၂၁ ရက်နေ့ကလည်း ဆားတောင်မြို့ အရှေ့ဘက်ရှိကျေးရွာများဖြစ်သည့် မိုးသောက်၊ လင်း ယဉ်၊ လင်းယဉ်ရွာသစ်၊ ရှမ်းကုန်း၊ ကုန်း ကြီးကျေးရွာများကို စစ်ကောင်စီတပ်များ ဝင်ရောက်မီးရှို့ခဲ့သည့် အတွက် နေအိမ် ၇၀၀ ကျော် မီးလောင်ဆုံးရှုံးခဲ့ကြောင်း သိရသည်။ mizzima