Mytel တာဝါတွင်ဖြည့်မည့် ဆီပေပါများသိမ်းယူခြင်းကို PDF က ဓားပြတိုက်လုယက်ဟု ပုံဖျက်ရေးသား

မတ္တရာမြို့ရှိ Mytel တာဝါတိုင်သို့ ဆီလာဖြည့်သည့်ထော်လာဂျီကို မတ္တရာမိုးကြိုးပြောက်ကျား အဖွဲ့မှသိမ်းယူခြင်းအား ပြည့်သူကာကွယ်ရေးတပ်များမှ ဆီပေပါများ လုယူ၊ဓားပြတိုက်သည်ဟု စစ်ကောင်ထောက်ခံသူများက ပုံဖျက်ရေးသားပြီး ဖြန့်ဝေနေကြသည်။

ဖတ်ရှုရန် လူ ၂၀,၀၀၀ ကျော်မှ စာရင်းပေးထားသည့် “မှိုင်းဝေ”အမည်ရှိတယ်လီဂရမ်ချန်နယ်တွင် မတ္တရာ PDF အကြမ်းဖက်များက ပြည်သူထံမှ ဆီပေပါများ ဓားပြတိုက်ယူဆောင်သွားသည်ဟု ဓာတ်ပုံများနှင့် တကွရေးသားဖော်ပြခဲ့သည်။ ထိုရေးသားမှုကို တယ်လီဂရမ်တွင် ဖတ်ရှုသူ ၁၂,၀၀၀ ကျော် ရှိခဲ့သလို ဖေ့ဘုတ်စ်တွင်လည်း ထပ်ဆင့်ပြန်လည်မျှဝေမှုများရှိခဲ့သည်။

မဇ္ဈိမ၏အချက်အလက်စစ်ဆေးသူများမှ ထိုသတင်းတွင် ပါဝင်သည့်ပုံများ၏ ရာဇဝင်ကိုရှာဖွေခဲ့ရာ မူရင်း ပုံများမှာ မတ္တရာမြို့နယ်မှ ပြည်သူ့ကာကွယ်ရေးအဖွဲ့ တစ်ခုဖြစ်သည့် မတ္တရာမိုးကြိုးပြောက်ကျားအဖွဲ့၏ ဓာတ်ပုံများဖြစ်သည်။

မူရင်းရေးသားမှုတွင် “ 28.12.2022 နေ့လည် 11:4 မိနစ်အချိန်ခန့်တွင် မတ္တရာမြို့နယ်အနောက်ခြမ်းရှိ ဆင်ကုန်းနှင့် ပန်းယျကြားတွင် စခအပိုင်ဖြစ်သော MYTEL (မိုင်တဲလ်)တာဝါတိုင်အား ဆီလာဖြည့်သော ဆီကား(ထော်လာဂျီ)အား ကျွန်ုပ်တို့ မိုးကြိုးပြောက်ကျား-Madaya People Defence Force နှင့် ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့ပူပေါင်းဖမ်းဆီးခဲ့ရာ ဆီပေပါ ၃လုံး (အပြည့်) ၁ လုံး(အခွံ) သိမ်းဆည်းရမိခဲ့ သည်။

ယာဥ်မောင်းသည် သာမာန်အရပ်သားဖြစ်၍ အထိအခိုက်မရှိ ပြန်လည်လွှတ်ပေးလိုက်ခြင်းဖြစ် သည် ၎င်းဆီပေပါများ၏ နောက်ဆက်တွဲဖြေရှင်းမှု့များကို ပြင်ဦးလွင် ခရိုင်ပ.က.ဖ မှ ဖြေရှင်းသွားမည် ဖြစ်သည်”(မူရင်းအရေးအသားအတိုင်း) ထုတ်ပြန်ကြေညာထားသည်ကို တွေ့ရသည်။

အကြောင်းမဲ့သက်သက်သိမ်းဆည်းခြင်းမဟုတ်ဘဲ စစ်တပ်ပိုင်ပစ္စည်းဖြစ်၍ သိမ်းယူခြင်းဖြစ်သည်ဟုဖော် ပြထားသည်။

သတင်းလင့် – https://bit.ly/3G3nU7N

မဇ္ဈိမအနေဖြင့် အဆိုပါ ဆီပေပါများသိမ်းယူမှုနှင့်ပက်သက်ပြီး ပြင်ဦးလွင် ပ.က.ဖ ထံ ဆက်သွယ်မေးမြန်း ခဲ့ရာ “Mytel တာဝါတိုင်ကို ဆီလာဖြည့်တယ်၊ သုံးပေပါက ဆီအပြည့်ပါ ပါတယ်၊ Mytel ဟာ စစ်တပ် ထောက်တိုင်ဖြစ်ပါတယ်။ အဲဒါကြောင့် သိမ်းဆည်းတာပါ၊ ဒီဆီပေပါရောင်းရငွေကို စစ်တပ်က မီးရှို့သွား တဲ့ သင်ပန်းကုန်းရွာကို ပြန်လည်ပေးလှူမှာပါ” ဟု ဖြေကြားသည်။

ဓားပြတိုက်သည်ဆိုသည့်ရေးသားမှုနှင့်ပတ်သက်ပြီး ပြင်ဦးလွင် ပ.က.ဖ မှ “ဓားပြတိုက်တာ ကျနော်တို့ လား၊ သူတို့လား ထမင်းစားသူတိုင်း သိပါတယ်။ စစ်ကောင်စီထောက်တိုင်ဖြစ်လို့ သိမ်းယူတာပါ၊ ရရှိငွေကို သင်ပန်းကုန်းရွာ မီးရှို့ခံရတဲ့ပြည်သူတွေကို မှတ်တမ်းနဲ့တကွပြန်ပေးမှာပါ၊ ဆီကားမောင်းလာသူကို လည်း ကောင်းမွန်စွာ ပြန်လွတ်ပေးပါတယ်၊ သူတို့ဖုန်းကအစပိတ်ပြီး ကင်းရာရောက်မှပြန်ဖွင့်ဖို့မှာကြားလိုက်ပါ တယ်” ဟုဆိုသည်။

ထို့ကြောင့် မတ္တရာမြို့နယ်အတွင်း ပြည်သူများ၏ဆီပေပါကားကို ကာကွယ်ရေးတပ်များမှာ ဓားပြတိုက် သည်ဆိုသည်မှာ မှားယွင်းနေပြီး စစ်ကောင်စီထောက်တိုင်ကို ထောက်ပံ့ခြင်းကြောင့် ကာကွယ်ရေးတပ် များက သိမ်းယူသည့်ဖြစ်စဉ်သာဖြစ်သည်။

မဇ္ဈိမ၏သတင်းဖတ်ရှုသူများအနေဖြင့် သတင်းတုဟုသံသယရှိသည့် အချက်အလက်များ၊ သတင်းဆောင်း ပါးများ၊ သတင်းမှားများကို ယခုလင့် – https://bit.ly/3x5qnf5 သို့ ဝင်ရောက်ဖြည့်စွက် ရေးသားပေးပို့ မေးမြန်းနိုင်ပါသည်။ mizzima

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s