Monthly Archives: Jan 2023

ရွေဘိုမြို့နယ်တွင် ကင်းလှည့်ထွက်လာသည့် စစ်ကောင်စီတပ်ဖွဲ့ တိုက်ခိုက်ခံရ၍ ၂ ဦးသေ ဆုံး

စစ်ကိုင်းတိုင်း ၊ရွှေဘိုမြို့နယ် ၊ရွာသာရွာမှ ကင်းလှည့်ထွက်လာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ပျူစောထီးဆိုသူများကို ယမန်နေ့ကအလစ်အငိုက် အနီးကပ်ဝင်ရောက် တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဘက်မှ နှစ်ဦးသေဆုံးသွားကြောင်း Black Wolf -Army မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

၎င်းက “ သူတို့က ရွာအရှေ့ဘက်ကို ကင်းလှည့်ထွက်လာတာ အဲ့ဒါကို ကျတော်တို့က သတင်းကြိုရတော့ ခြုံခိုပြီးတော့ အနီးကပ်လက်နက် ငယ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာ သူတို့ဘက်က နှစ်ယောက် နေရာမှာတင်သေတယ်” ဟုပြောသည်။

တိုက်ပွဲအတွင်း နှစ်ဖက်အပြန်အလှန် ပစ်ခတ်မှု ၁၅ မိနစ်နီးပါး ကြာမြင့်ခဲ့ပြီး ဒေသကာကွယ်ရေးတပ်ဖွဲ့များဘက်မှ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာလာနိုင်ခဲ့ကြောင်း သိရသည်။

ယင်းစစ်ကောင်စီတပ်ဖွဲ့ စစ်ကြောင်းသည် ရွှေဘိုမြို့နယ် ပလိုင်းကျေးရွာအတွင်း အခြေချ တပ်စွဲနေထိုင်နေသည့် တပ်ဖွဲ့ဖြစ်ပြီး လမ်းမပေါ် ထွက်၍ ဆက်ကြေးကောက်ခံခြင်း ၊ စိုက်ပျိုးထားသည့် စပါးများကို ပြည်သူများက လာရောက်ရိတ်သိမ်းချိန်တွင် ပစ်ခတ်ခြင်းများ ပြုလုပ်လေ့ရှိကြောင်း ဆိုသည်။

“သူတို့ အနီးအနားက လယ်တွေကို ပေးမရိတ်တာတွေရှိတယ်။အဲ့အခါကျတော့ ပြည်သူတွေ အနေနဲ့ အခက်တွေ့ ရတာတွေရှိတယ်။ ပြည်သူတွေ စပါးရိတ်နိုင်အောင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက လုံခြုံရေးယူပေးရတာ တွေရှိတယ်”ဟု Black Wolf Army အဖွဲ့က တာဝန်ရှိသူတစ်ဦးက ဆိုသည်။

စစ်ကောင်စီတပ်များသည် ရွှေဘို-မြစ်ကြီးနားလမ်းပိုင်း နေရာများတွင် စစ်ဆေးရေးဂိတ်များ ချကာ ပြည်သူများကို စစ်ဆေးမေးမြန်ခြင်း ၊ငွေတောင်းခံခြင်းများပြု လုပ်လေ့ရှိကြောင်းသိရသည်။mizzima

မြင်းခြံခရိုင် တပ်ရင်း ၂ နှင့် တပ်ရင်း ၃ ထောက်ပို့အတွက် GFG ၏ Mission 6 တွင် ကန့်သတ်ချက်မရှိဘဲ ပါဝင်လှူဒါန်းရန် ဖိတ် ခေါ်

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန(MOD)၏ လမ်းညွှန်မှု ဖြင့် မြင်းခြံခရိုင် တပ်ရင်း(၂) ၊ တပ်ရင်း(၃)တို့ကို Global Fundraiser Group (GFG) မှ Mission – 6 အဖြစ် ထောက်ပို့ပေးသွားမည်ဖြစ်ပြီး အဆိုပါ ထောက် ပို့ အစီအစဉ်တွင် ပမာဏအနည်းအများကန့်သတ်ချက်မရှိဘဲ တတ်နိုင် သလောက် ပါဝင်လှူဒါန်းနိုင်ကြောင်း GFM က ကြေညာသည်။

ရရှိသည့် ထောက်ပို့ငွေအားလုံးကို မြင်းခြံခရိုင် တပ်ရင်း(၂) ၊ တပ်ရင်း(၃) တို့သို့ တိုက်ရိုက်လှူဒါန်းသွားမည်ဖြစ်ပြီး ပါဝင်ထောက်ပို့ ကြသူတစ်ဦး ချင်း စီတိုင်း ကိုလည်း ဂုဏ်ပြုကတ်နှင့်အတူ အမှတ်တရပို့စ်ကတ်များကို Emailမှတစ်ဆင့် လက်ဆောင်ပြန်လည်ပေးပို့သွားမည်ဖြစ်ကြောင်း သိရှိရသည်။

GFG Mission – 6 ကို ဇန်နဝါရီလ ၁၅ ရက်နေ့အထိ သတ်မှတ်ထားပြီး မြန်မာ၊ ထိုင်း၊ စင်္ကာပူ၊ ဂျပန်၊ ဩစတြေးလျ၊ အမေရိကန်၊ မလေးရှား၊ တောင်ကိုး ရီးယား နိုင်ငံတို့ရှိ GFG ၏ Individual Fundraiser များဆီမှ သက်ဆိုင်ရာ နိုင်ငံငွေကြေးအလိုက် ပါဝင်ထောက်ပို့ပေးနိုင်မည်ဖြစ်ပြီး Global Fundraiser Group ၏ https://www.facebook.com/gfgmyanmar သို့ ပါဝင် လှူဒါန်း လိုပါက လှူဒါန်းနိုင်ကြောင်း၊ နိုင်ငံအလိုက် ဆက်သွယ်လှူဒါန်းလိုပါက တစ်ဦးချင်း Fundraiser များထံ ဆက်သွယ်နိုင်မည် ဖြစ်သည်။

ဩစတြေးလျနိုင်ငံမှ ပါဝင်လှူဒါန်းလိုပါက –

– Victory4MM

ဂျပန်နိုင်ငံမှ ပါဝင်လှူဒါန်းလိုပါက – Together with Satomi

https://www.facebook.com/togetherwithsatomi

မြန်မာနိုင်ငံမှ ပါဝင်လှူဒါန်းလိုပါက –

– နွေဦးမာန် – CY

– Khin Hnin Kyi Thar

https://www.facebook.com/kyalphyu291286

– Ko Phyo

https://www.facebook.com/KoPhyoOFP

– May TDWin

http://fb.me/lovetosharemyanmar

+6597341301 WhatsApp/ Signal

– Min Koon

https://www.facebook.com/crphofficialfundraiser/

– MMM

+ 66995026124

( Telegram , Signal , WhatsApp , Viber )

– MZ

https://www.facebook.com/profile.php?id=100079663963242

– Zarmani

https://web.facebook.com/nwayoozarmani

– တော်လှန်ရေး ကုန်စုံဆိုင်

https://www.facebook.com/တော်လှန်ရေး-ကုန်စုံဆိုင်-_-RG-106980915212458/

စင်ကာပူနိုင်ငံမှ ပါဝင်လှူဒါန်းလိုပါက

– နွေဦးမာန် – CY

https://www.facebook.com/nwayoomanncy/

– May TD Win

http://fb.me/lovetosharemyanmar

+6597341301

WhatsApp/ Signal

– Min Koon

https://www.facebook.com/crphofficialfundraiser/

– MZ

https://www.facebook.com/profile.php?id=100079663963242

– တော်လှန်ရေး ကုန်စုံဆိုင်

https://www.facebook.com/တော်လှန်ရေး-ကုန်စုံဆိုင်-_-RG-106980915212458/

ထိုင်းနိုင်ငံမှ ပါဝင်လှူဒါန်းလိုပါက –

– MMM

+ 66995026124

( Telegram , Signal , WhatsApp , Viber )

အမေရိကန်နိုင်ငံမှ ပါဝင်လှူဒါန်းလိုပါက –

– Ko Phyo

https://www.facebook.com/KoPhyoOFP

တို့သို့ ဆက်သွယ်လှူဒါန်းနိုင်ကြောင်း သိရှိရသည်။khit thit

ရေးမြို့နယ်တွင် အမျိုးသား ၃ ဦးကို စစ်တပ်က ဖမ်းဆီး၊ သံလွင်တံတား သွားလာခွင့်ကန့် သတ်

မွန်ပြည်နယ် ရေးမြို့နယ် ကျောင်းရွာမှာ စျေးလာဝယ်တဲ့ အမျိုးသား ၃ ယောက်ကို စစ်ကောင်စီတပ်က ဇန်နဝါရီ ၇ ရက်နေ့ မွန်းလွဲပိုင်း ၁ နာရီလောက်က ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဖမ်းဆီးခံထားရတဲ့ ၃ ယောက်ထဲမှ တယောက်ဟာ ကရင်လက်နက်ကိုင်တပ်ဖွဲ့ဝင်ရဲ့ ဆွေမျိုးတော်စပ်တဲ့အပြင် ဖုန်းထဲမှ လက်နက်ကိုင်ထားတဲ့ ဓာတ်ပုံမှတ်တမ်းတွေ တွေ့ရလို့ဆိုပြီး စစ်တပ်က ဖမ်းဆီးထိန်းသိမ်းလိုက်တယ်လို့ စစ်တပ်နဲ့ နီးစပ်တဲ့သူတဦးက ပြောပါတယ်။

ဖမ်းခံထိတဲ့ အမျိုးသား ၃ ယောက်လုံးဟာ လူလတ်ပိုင်းအရွယ်ဖြစ်ကာ ကရင်ကျေးရွာတွေ ဘက်ကဖြစ်တယ်လို့ မိသားစုနဲ့နီးစပ်တဲ့သူတွေက ပြောပါတယ်။

ပြီးခဲ့တဲ့ရက်တွေက ကျောင်းရွာအခြေစိုက် ခလရ ၅၉၁  ကျောင်းကြိုပို့ကားကို ရေးဘီးလူးအဖွဲ့တွေက ကြားဖြတ်တိုက်ခိုက်ခဲ့ပြီးနောက်  လုံခြုံရေး ပိုမိုတင်းကျပ်ထားတာပါ။

ရေးဘီးလူးအဖွဲ့ဟာ ဇန်နဝါရီ ၇ ရက် မနက်ကလည်း  ရေးမြို့နယ်၊ ကျုံလောင်းရွာဟောင်း ကျေးရွာအုပ်ချုပ်ရေးမှူးရုံးက နိုင်ငံတော်အလံကို ဖြုတ်ချလိုက်တယ်လို့ ရေးဘီးလူးအဖွဲ့ခေါင်းဆောင်က ပြောပါတယ်။

“ရေးမြို့ကနေဆို ၂ မိုင်လောက်အကွာအဝေးပဲ ရှိပါတယ်။ စစ်ကောင်စီတပ်နဲ့ ပါဝင်ပူးပေါင်းနေတဲ့ သူတွေကိုပါ ထပ်မံသတိပေးပြီး နယ်မြေစိုးမိုးမှုကို ပြသချင်လို့ လုပ်တာ။” 

ပြီးခဲ့တဲ့ရက်ကလည်း ကျုံလောင်းရွာဟောင်းနားက  မိုင်တဲလ်တာဝါတိုင်ကို ဖျက်ဆီးခဲ့ပြီး မိုင်တဲလ်တာဝါတိုင်ကို လာရောက်ရှင်းလင်းဖို့ လာတဲ့ စစ်တပ်ကို  ကြားဖြတ်တိုက်ခိုက်ခဲ့ရာမှာ  ၇ ယောက် သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။ 

ကျုံလောင်းရွာဟောင်းအပါဝင်အနီးနား ကကျေးရွာထဲက စစ်တပ်သတင်းပေး အနည်းဆုံး ၄ ယောက်လောက် လုပ်ကြံသတ်ဖြတ်ခံထားရပါတယ်။

ဒေသခံတွေရဲ့အဆိုအရ စစ်ကောင်စီတပ်နဲ့ ဒေသကာကွယ်ရေးတပ်တွေ တိုက်ပွဲတွေ မကြာခဏ ဆိုသလိုဖြစ်ခဲ့ရာ အရင်ကလို ရွာတွေထဲမှာ လူအသွားအလာ သိပ်မရှိကြဘူးလို့ ဆိုပါတယ်။ 

ရန်ကုန်-မော်လမြိုင်-ရေး-ထားဝယ်-မြိတ်ကားလမ်းပေါ်ရှိ မွန်ပြည်နယ်၊ မော်လမြိုင်မြို့က သံလွင်တံတားကို စစ်ကောင်စီက ညပိုင်းသွားလာခွင့်ကန့်သတ်လိုက်ပါတယ်။

ဇန်နဝါရီက ၆ ရက်ကစပြီး သံလွင်တံတားကို လုံခြုံရေးအခြေအနေကြောင့် ည ၉ နာရီမှ မနက် ၅ နာရီအထိ ဖြတ်သန်းသွားလာခွင့် မပေးတော့ဘဲ ပိတ်လိုက်တာဖြစ်ပါတယ်။

ရန်ကုန်-မော်လမြိုင်-ရေး-ထားဝယ်-မြိတ်က ကားတွေဆို ညဘက်မှ ဖြတ်သန်းသွားလာရတော့ အခုကန့်သတ်ချက်တွေကြောင့် ခရီးသည်တွေလည်း အသွားလာ မရှိလာတဲ့အပြင် ယာဥ်လိုင်း တွေမှာ ပိုပြီးပြေးဆွဲရမှာ အခက်ခဲဖြစ်စေတယ်လို့ ယာဥ်မောင်းသမားတွေက ဆိုပါတယ်။

လွန်ခဲ့တဲ့ဆယ်စုနှစ်အချိန်တွေကလည်း လုံခြုံရေးအခြေအနေကြောင့် မွန်ပြည်နယ်ထဲက စစ်တောင်းတံတားနဲ့ သံလွင်တံတားတွေမှာ ညပိုင်း ကား ဖြတ်သန့်ခွင့် ကန့်သတ်ခဲ့ပြီး ညဘက်ထွက်တဲ့ ခရီးသည်တင်ကားတွေဟာ တံတားဖွင့်တဲ့အချိန်ထိ တံတားနဲ့နီးတဲ့ မြို့တွေနဲ့ တံတားတွေနားမှာ ခွင့်ပြုချိန်အထိ ခေတ္တရပ်စောင့်ခဲ့ရပါတယ်။DVb

စစ်ကောင်စီက တိုင်းရင်းသားလက်နက်ကိုင် ၃ ဖွဲ့နှင့် တွေ့ဆုံပြီး ရွေးကောက်ပွဲကျင်းပရေး ဆွေးနွေး

စစ်ကောင်စီသည် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ သုံးဖွဲ့နှင့် တွေ့ဆုံပြီး အဆိုပါ လက်နက်ကိုင်အဖွဲ့များ ထိန်းချုပ်သည့် ဧရိယာများတွင် ရွေး ကောက်ပွဲများ ကျင်းပရေး ဆွေးနွေးခဲ့ကြောင်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ တစ်ဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ဇန်နဝါရီ ၆ ရက်တွင် ပြောသည်။ အာဏာသိမ်းစစ်တပ်သည် ရွေးကောက်ပွဲ ကျင်းပရေး ပြင်ဆင်လျက် ရှိပြီး စစ်တပ်ကျင်းပမည့် ရွေးကောက်ပွဲက “အတု အယောင်” တစ်ခုသာ ဖြစ်လိမ့်မည်ဟု အမေရိကန်က ပြောသည်။

အရှေ့တောင်အာရှနိုင်ငံတစ်နိုင်ငံဖြစ်သည့် မြန်မာတွင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၂၀ ခန့် ရှိပြီး ထိုအဖွဲ့များသည် ကိုယ်ပိုင်အုပ်ချုပ်ခွင့်နှင့် ၎င်းတို့ ထိန်းချုပ်ရာ နယ်နိမိတ်များအတွင်း မူးယစ်ဆေးဝါး ကုန်သွယ်မှုနှင့် သဘာဝအရင်းအမြစ်များ ထိန်းချုပ်ခွင့်အတွက် တစ်ဖွဲ့နှင့် တစ်ဖွဲ့အကြား သို့မဟုတ် စစ်တပ်နှင့် ဆယ်စုနှစ်များစွာကြာ တိုက်ခိုက်ထားခဲ့သည်။

၂၀၂၁ ဖေဖေါ်ဝါရီလတွင် စစ်တပ်က အာဏာသိမ်းပြီး ဒေါ်အောင်ဆန်းစုကြည်၏ အစိုးရကို ဖြုတ်ချလိုက်မှုအပေါ် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တချို့က ပြစ်တင်ရှုတ်ချခဲ့ကြပြီး အာဏာသိမ်းစစ်တပ်ကို တော်လှန်တိုက်ခိုက်ရန် ပေါ်ပေါက်လာသော “ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ” (PDFs) ကို လက်နက် လေ့ကျင့်သင်ကြားမှုနှင့် ခိုလှုံရာ အကာအကွယ်များ ပေးထားသည်။

အာဏာသိမ်းမှုအလွန် ပဋိပက္ခတွင် များသောအားဖြင့် ပါဝင်ပတ်သက်ခြင်းမရှိဘဲ ခပ်ကင်းကင်းရှိနေခဲ့သည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ သုံးဖွဲ့ဖြစ်သည့် ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP) ၊ ဝ ပြည် သွေးစည်းညီညွတ်ရေးပါတီ (UWSP) နှင့် အမျိုးသား ဒီမိုကရက်တစ် မဟာမိတ်အဖွဲ့ (NDAA) တို့မှ ခေါင်းဆောင်များသည် နေပြည်တော်တွင် စစ်ကောင်စီနှင့် သုံးရက်တာ ဆွေးနွေးမှုများ လုပ်ဆောင်နေကြောင်း စစ်ကောင်စီ ထိန်းချုပ်သည့် နိုင်ငံပိုင်မီဒီယာက ဇန်နဝါရီ ၆ ရက်တွင် ဖော်ပြသည်။

ထို သုံးဖွဲ့ ထိန်းချုပ်ထားသည့် နယ်မြေများသည် အာဏာသိမ်းမှုနောက်ပိုင်း အတော်အတန် တည်ငြိမ်နေခဲ့သည်။ စစ်အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံ၏ နေရာဒေသအများအပြားသည် ဝရုန်းသုန်းကား အခြေအနေအောက် ကျရောက်ထားခဲ့သည်။

တိုင်းရင်းသားလက်နက်ကိုင် သုံးဖွဲ့နှင့် စစ်ကောင်စီတို့ ဇန်နဝါရီ ၅ ရက်က တွေ့ဆုံစဉ် “အဖွဲ့များ၏ နိုင်ငံရေး လိုလားချက်များအပြင် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်အပေါ် အခြေခံသည့် ပြည်ထောင်စု တည်ဆောက်ရေး” ဆွေးနွေးခဲ့ကြသည်ဟု စစ်ကောင်စီထိန်းချုပ်သည့် Global New Light of Myanmar က ဖော်ပြသည်။

“ကျွန်တော်တို့ရဲ့ ဧရိယာမှာ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲတွေ ကျင်းပခွင့်ပြုဖို့ စစ်တပ်က ကျွန်တော်တို့ဆီ တောင်းဆိုခဲ့တယ်” ဟု ရှမ်းပြည်မြောက်ပိုင်းတွင် နယ်မြေထိန်းချုပ်ထားသည့် SSPP မှ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက အေအက်ဖ်ပီကို ပြောသည်။

“ကျွန်တော်တို့အနေနဲ့ကတော့ သူတို့ရဲ့ ရွေးကောက်ပွဲကို ကန့်ကွက်မှာ မဟုတ်ပါဘူး”

UWSP မှ ပြောရေးဆိုခွင့်ရှိသူက အေအက်ဖ်ပီ၏ မှတ်ချက်တောင်းခံသည့် ပန်ကြားချက်ကို မဖြေကြားခဲ့ပေ။

အမြဲတမ်းတပ်ဖွဲ့ဝင်အင်အား ၂၅,၀၀၀ ခန့် ရှိသည့် UWSA သည် ကမ္ဘာ့အကြီးဆုံး နိုင်ငံစစ်တပ်မဟုတ်သော တပ်ဖွဲ့တစ်ခု ဖြစ်ပြီး တရုတ်နှင့် ထိစပ်နေသော မြန်မာ၏ မြောက်ပိုင်းနယ်စပ်ရှိ ကိုယ်ပိုင်အုပ်ချုပ်သော နယ်မြေတွင် အိမ်ထောင်စုတစ်စုစီတိုင်းမှ လူတစ်ဦးစီကို စစ်မှုထမ်းစေသည်။

တရုတ်သည် မြန်မာစစ်ကောင်စီ၏ အဓိကမဟာမိတ်တစ်နိုင်ငံအဖြစ် ဆက်ရှိနေပြီး စစ်တပ်၏ အာဏာရယူမှုကို အာဏာသိမ်းမှုအဖြစ် တံဆိပ်ကပ်ရန် ငြင်းဆန်ထားသည်။

အာဏာသိမ်းစစ်တပ်သည် ပြီးခဲ့သည့်လကလည်း ပိုမိုသေးငယ်သော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ငါးဖွဲ့နှင့် တွေ့ဆုံခဲ့ပြီး ယင်းနောက် ထိုအဖွဲ့များက ပူးတွဲထုတ်ပြန်ချက်တစ်စောင် ထုတ်ပြန်ပြီး ရွေးကောက်ပွဲ ကျင်းပမည့် စစ်ကောင်စီ၏ အစီအစဉ်ကို ထောက်ခံကြောင်း ထုတ်ဖော်ခဲ့သည်။

စစ်ကောင်စီ ခေါင်းဆောင် မင်းအောင်လှိုင်သည် လွတ်လပ်ရေးနေ့ အခမ်းအနား မိန့်ခွန်းပြောဆိုစဉ် ရွေးကောက်ပွဲ ကျင်းပမည့် စစ်တပ်၏ အစီ အစဉ်ကို ထပ်လောင်း ပြောဆိုခဲ့သော်လည်း ရွေးကောက်ပွဲများကို ၎င်းတို့ မည်သည့်အချိန်တွင် ကျင်းပမည် ဆိုသည့် အသေးစိတ်ကို ပြောကြားခဲ့ခြင်း မရှိပေ။

နိုင်ငံတစ်ဝန်း တိုက်ပွဲများက ပုံမှန် ဖြစ်နေပြီး နေ့စဉ်နီးပါးဆိုသလို စစ်ကောင်စီ၏ အဆင့်နိမ့် အောက်ခြေအရာရှိများ အသတ်ခံရသည့် သတင်းများ ထွက်ပေါ်နေသော်လည်း မကြာခဏဆိုသလို အသေးစိတ်အချက်အလက်များကို ရှင်းရှင်းလင်းလင်း မသိရသလို လက်တုံ့ပြန်မှုများက မြန်မြန်ဆန်ဆန် ဖြစ်ပေါ်သည်။

ထိုင်းနယ်စပ်အနီး ကြာအင်းဆိပ်ကြီးမြို့တွင် အဓိက တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ တစ်ဖွဲ့ဖြစ်သည့် ကရင် အမျိုးသားအစည်းအရုံး (KNU) မှ တပ်ဖွဲ့ဝင်များနှင့် PDF တပ်ဖွဲ့ဝင်များ၏ တိုက်ခိုက်မှုတစ်ရပ်ကို မိမိတို့ တပ်ဖွဲ့ဝင်များက တွန်းလှန်နိုင်ခဲ့ကြောင်း စစ်ကောင်စီက ဇန်နဝါရီ ၄ ရက်က ပြောသည်။

စစ်တပ်သည် လေကြောင်းစစ်ကူခေါ်ပြီး လက်နက်ကြီးများဖြင့် တိုက်ခိုက်ခဲ့ကြောင်းနှင့် တပ်ဖွဲ့ဝင်ရှစ်ဦး ကျဆုံးခဲ့ကြောင်း KNU ၏ လက် နက် ကိုင်အဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက အေအက်ဖ်ပီကို ပြောသည်။ mizzima

စစ်ကောင်စီ၏ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် ကို ဖြိုချရန်အတွက် “စတုတ္တမမ” ထောက်ပို့အစီအစဉ်တွင် ပါဝင်လှူဒါန်းနိုင်

အကြမ်းဖက်စစ်ကောင်စီ၏ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်ကို ဖြိုနိုင်စေရန် “မမများနဲ့ ပွဲကမယ်” မှ စီစဉ်သည့် “စတုတ္ထမမ”အစီအစဉ်တွင် ပါဝင် ထောက်ပို့လှူဒါန်းနိုင်ကြောင်း သိရှိရသည်။

မမများနဲ့ ထောက်ပို့မယ် တွင် ပါဝင်လှူဒါန်းလိုသူများ www.wlmf.org ကို နှိပ်လိုက်ရုံနှင့် နိုင်ငံအသီးသီးရှိ တာဝန်ခံများကို သေချာရွေးချယ်၍ တိုက်ရိုက်ပါဝင် ထောက်ပို့နိုင်မည်ဖြစ်ကြောင်း သိရှိရသည်။

ပါဝင်ထောက်ပို့သည့် ပြည်သူများအနေနှင့်လည်း မိမိထောက်ပို့လိုက်သည့် ဂုဏ်ပြုမှတ်တမ်းသည် မမ ပရောဂျက်မှ တရားဝင်ထုတ်ပေးသည့် မှတ်တမ်း ဟုတ် ၊ မဟုတ် အလွယ်တကူစစ်ဆေးနိုင်ရန်နှင့် အတုအပလုံးဝလုပ်မရစေရန် မှတ်တိုင်းတိုင်းတွင် “QR Code” ပါဝင်မည်ဖြစ် ကြောင်း၊ QR Code ကို scan ဖတ်လိုက်သည်နှင့် မှတ်တမ်းနံပါတ်နှင့် မှန် မမှတ်တိုက်စစ်လို့ ရမည်ဖြစ်ကြောင်း ၊ ပြည်သူများအားလုံး Official Fund Raiser ဖြစ်သည့် www.wlmf.org က တိုက်ရိုက်ထောက်ပို့ကြရန် မေတ္တာရပ်ခံကြောင်း “မမများနှင့် ပွဲကမယ်” ၏ တရားဝင်စာမျက်နှာတွင် ဖော်ပြထားသည်။ khit thit

မုံရွာမြို့ရှိ စစ်ကောင်စီဒေါက်တိုင် ကေတီဗွီကို လက်ပစ်ဗုံးဖြင့် ပစ်ခတ်သတိပေး

စစ်ကိုင်းတိုင်း၊ မုံရွာမြို့က အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို ထောက်ပံ့လက်ခံထားတဲ့ စစ်ကောင်စီဒေါက်တိုင် Super One KTV ဆိုင်ကို မြို့ပြပြောက်ကျားပူးပေါင်းတပ်ဖွဲ့တွေက လက်ပစ်ဗုံးတွေနဲ့ ပစ်ခတ်သတိပေးခဲ့တယ်လို့ Black Rangers Force (BRF) အဖွဲ့က ထုတ်ပြန်ပါတယ်။

ဒီတိုက်ခိုက်မှုကိုတော့ မုံရွာသံမဏိပြောက်ကျားတပ်ဖွဲ့အမေ့သား ဦးဆောင်ပြီး Black Rangers Force တို့က ဇန်နဝါရီ ၇ ရက်မှာ အဲဒီဆိုင်ထဲ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ဝင်ရောက်ချိန်မှာ လက်ပစ်ဗုံးတွေနဲ့ ဝင်ရောက်ပစ်ခတ်သတိပေးခဲ့တာလို့ ဆိုပါတယ်။ 

အဆိုပါဆိုင်ကို အရင်ကလည်း အကြိမ်ကြိမ် သတိပေးတဲ့အနေနဲ့ အသေးစားပစ်ခတ်မှု ပြုလုပ်ခဲ့ဖူးပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို ထောက်ပံ့လက်ခံတာတွေကို ရပ်တန့်ပြီး ဆိုင်ကို အချိန်အကန့်အသတ် တခုထိ ပိတ်ပေးဖို့လည်း Black Rangers Force (BRF) အဖွဲ့က မေတ္တာရပ်ခံထားပါတယ်။ 

ဒါ့အပြင် ဆိုင်ထဲမှာ စစ်ကောင်စီတပ်နဲ့ ပတ်သက်တဲ့ မိန်းကလေးတချို့ရဲ့ နောက်ကြောင်းနဲ့ ပုံတွေကိုလည်း သိထားတာမို့ မလိုက်နာပါက အ ဆိုပါ မိန်းကလေးတွေရော ဆိုင်ရှိ တခြားဝန်ထမ်းတွေ အားလုံးရဲ့ အသက်ကိုပါ အာမမခံနိုင်ကြောင်းနဲ့ ဆိုင်ကိုပါ ထပ်မံဖောက်ခွဲ ဖျက်ဆီးမယ်လို့လည်း သတိပေးထားပါတယ်။ 

လတ်တလောမှာတော့ အာဏာသိမ်းစစ်အုပ်စုရဲ့ ပြည်သူလူထုအပေါ် အကြမ်းဖက် ဖိနှိပ်ဖမ်းဆီး တိုက်ခိုက်သတ်ဖြတ်နေမှုတွေကို ပြည်သူတရပ်လုံးက အသက်ရှင်သန်ရေး အတွက် ခုခံကာကွယ်ပိုင်ခွင့်အရ ပြည်သူ့ခုခံစစ်ကို ဆင်နွှဲနေကြပါတယ်။

နိုင်ငံတဝန်းမှာတော့ မြန်မာပြည်သူတွေဟာ စစ်အာဏာရှင်စနစ် မြန်မာ့မြေပေါ်မှ အပြီးတိုင်ချုပ်ငြိမ်းရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီ တည် ဆောက် ရေးအတွက် ငြိမ်းချမ်းစွာဆန္ဒပြတဲ့ လူထုသပိတ် တိုက်ပွဲတွေ တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေအနှံ့အပြား ပြုလုပ်နေကြသလို ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်တွေ၊ တိုင်းရင်းသား လက်နက်ကိုင်တပ်တွေနဲ့ စစ်ကောင်စီတပ်တွေကြား တိုက်ပွဲတွေ ပြင်းထန်နေပါတယ်။ DVB

တောင်ကိုရီယားနိုင်ငံတွင် ပြည်ပရောက် မြန် မာနိုင်ငံသားများနှင့် ကိုရီးယားနိုင်ငံသားများ ပူးပေါင်းကာ မြန်မာ စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြ

khit thit

နိုင်ငံရေးအကျဉ်းသားအားလုံးပြန်လွှတ်ပြီး နိုင်ငံရေးတွင် လွတ်လပ်စွာပါဝင်ခွင့်ပြုရန် ကုလတောင်းဆို

မြန်မာနိုင်ငံတဝန်းအကျဉ်းထောင်တွေမှာ ဖမ်းဆီးအကျဉ်းချထားတဲ့ နိုင်ငံရေးအကျဉ်းသားတွေအားလုံးကို ပြန်လွှတ်ပေးဖို့ ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာရုံးက  စစ်ကောင်စီကို တောင်းဆိုလိုက်ပါတယ်။

ပြည်သူတွေကို ဖမ်းချုပ်ထားခြင်းမပြုဘဲ နိုင်ငံရေးမှာ လွတ်လွတ်လပ်လပ် ပါဝင်ခွင့်ပေးမှသာ မြန်မာ့ပဋိပက္ခပြေလည်ရေး အောင်မြင်စွာ ဆောင်ရွက်နိုင်မယ်လို့လည်း ဇန်နဝါရီ ၆ ရက်နေ့စွဲနဲ့ ထုတ်ပြန်လိုက်ပါတယ်။

“မြန်မာနိုင်ငံမှာ အခုကြုံတွေ့နေရတဲ့ ပြဿနာတွေပြီးဆုံးဖို့အတွက် လူတွေကို ဖမ်းချုပ်ထားလို့မရဘူး။ သူတို့ကို လွတ်လွတ်လပ်လပ်နဲ့ ထိထိရောက်ရောက်ပြည့်ပြည့်ဝဝ နိုင်ငံရေးလောကထဲ ပါဝင်ဆောင်ရွက်ခွင့်ပေးမှရမှာ”လို့ ကုသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာရုံးရဲ့ ပြောရေးဆိုခွင့်ရှိသူ မစ္စတာ ဂျရမီလော့ရန့်စ်ကပြောပါတယ်။ 

၇၅ နှစ်မြောက် စိန်ရတု မြန်မာ့လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အဖြစ် ဇန်နဝါရီ ၄ ရက်က  အကျဉ်းသား ၇၀၁၂ ဦးကို စစ်ကောင်စီက ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပေးခဲ့တာ ဖြစ်ပါတယ်။

ပြန်လွတ်လာသူတွေအထဲမှာ စစ်အာဏာသိမ်းမှုအပေါ် ဆန့်ကျင်ဆန္ဒပြခဲ့လို့ ဖြိုခွင်း ဖမ်းဆီးခံခဲ့ရသူတွေ ပါမပါကိုတော့ ဖော်ပြခဲ့ခြင်းမရှိပေမဲ့ နိုင်ငံရေးအကျဉ်းသား ၃၀၀ လောက် ပါဝင်ခဲ့ကြောင်း ယုံကြည်စိတ်ချရတဲ့ သတင်းရစ်မြစ်တွေဆီကတဆင့် သတိရတယ်လို့ ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာရုံးက ပြောပါတယ်။ 

အဲဒီအရေအတွက်ထဲက ၁၉၅ ဦးကိုတော့ အတည်ပြုပြီးဖြစ်တယ်လို့ ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာရုံးရဲ့ ပြောရေးဆိုခွင့်ရှိသူ ဂျရမီလောရန့်စ်က ပြောပါတယ်။

မြန်မာနိုင်ငံက နိုင်ငံရေးအကျဉ်းသားတွေ လွတ်ငြိမ်းချမ်းသာခွင့်ရတာဟာ ကာယကံရှင်တွေအတွက်သာမကဘဲ မိသားစုတွေအတွက်ပါ စိတ်သက်သာရာရစေတယ်လို့လည်း မစ္စတာလောရန့်စ်ကက ထုတ်ပြန်ချက်မှာ ဖော်ပြခဲ့ပါတယ်။

တဆက်တည်းမှာပဲ မစ္စတာလော့ရန့်စ်က “အဲဒီလွတ်ငြိမ်းချမ်းသာခွင့်ပေးခဲ့တဲ့နေ့ တစ်ရက်တည်းမှာကိုပဲ နောက်ထပ် ၂၂ ယောက်က အဖမ်းခံရတယ်။ ဆိုတော့ အခြေအနေက ပြောင်းလဲမှုတော့ မရှိသေးဘူး”လို့ ပြောပါတယ်။

စစ်အာဏာရှင်ရဲ့ အုပ်ချုပ်မှုကို ဆန့်ကျင်တဲ့သူတွေ အမြောက်အမြောက်ဟာလည်း ဖမ်းဆီးခံရပြီး နှိပ်စက်ညှဉ်းပန်းခံနေရဆဲဖြစ်ပြီး ဒီလိုဖမ်း ဆီးနှိပ်စက်မှုတွေဟာ စစ်အာဏာရှင်တွေကို ဆန့်ကျင်သူတွေကို အသံတိတ်သွားအောင်တင်မဟုတ်ဘဲ ပြည်သူတွေကြားအကြောက်တရားကိုပါ သွပ်သွင်းဖို့ရည်ရွယ်တာဖြစ်တယ်လို့ မစ္စတာလော့ရန့်စ်က ဆက်ပြောပါတယ်။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလမှာ အာဏာသိမ်းခဲ့ပြီး နောက်ပိုင်း ဖမ်းဆီးခံခဲ့ရသူ ၁၇၀၀၀ နီးပါးရှိခဲ့ပြီး ၁၃၀၀၀ ကျော်ဟာ ဖမ်းဆီးခံနေရဆဲဖြစ် ကြောင်းနဲ့ ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး ဗော်လကာတာ့ခ်က  မြန်မာနိုင်ငံရဲ့ အခြေအနေဆိုင်ရာ အစီရင်ခံစာတစ်စောင် ပြင်ဆင်နေပါတယ်။ 

လွတ်လပ်ရေးနေ့က ပြန်လွတ်လာတဲ့ နိုင်ငံရေးအကျဉ်းသား ၃၀၀ လောက်ထဲမှာ  ၂၂၃ ဦးကိုတော့ အတည်ပြုပြီးဖြစ်ကြောင်းနဲ့ ဆက်လက်အတည်ပြုနိုင်ဖို့  ဆောင်ရွက်နေကြောင်း နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (AAPP) ကလည်း ပြောပါတယ်။

ပြန်လွတ်လာသူတွေထဲမှာ စာရေးဆရာမ သန်းမြင့်အောင်၊ စာရေးဆရာ ထင်လင်းဦး၊ ရန်ကုန်တက္ကသိုလ်က ပါမောက္ခ ဒေါက်တာအာကာမိုးသူ၊ သာသနာရေးနဲ့ ယဉ်ကျေးမှုဝန်ကြီး သူရ ဦးအောင်ကို၊ သတင်းထောက်တချို့နဲ့ ဗကသ ကျောင်းသားတချို့ပါဝင်လာပါတယ်။ DVB

နိုင်ငံတစ်ဝန်း နေအိမ်တိုင်း မီးချိတ်၊ မီးကတ်၊ သဲအိတ်၊ ရေအိတ် ထားရှိရမည် ဖြစ်ပြီး မထားရှိလျှင် ဒဏ်ငွေ အပြင် ထောင်ပါချမည်ဟု စစ် တပ်က ခြိမ်း ခြောက်၊ ဆိုရှယ်လစ် ခေတ်ပြန် သွားနေဟု ပြည်သူများပြော

အကြမ်းဖက်စစ်ကောင်စီက နိုင်ငံတစ်ဝန်းရှိ နေအိမ်များအားလုံးတွင် မီးချိတ် မီးကတ်များ၊ သဲအိတ်၊‌ ရေအိတ်များ ထားရှိရမည်ဟု ညွှန်ကြား ချက် ထုတ်ပြန် လာပြီး မထားရှိသည့်နေအိမ်များကို ဒဏ်ငွေ အနည်းဆုံး ၅ သောင်းမှ အများ ဆုံး‌ ငွေကျပ် ၂ သိန်းအထိ ဒဏ်ရိုက်မည့်အပြင် ထောင်ပါချမည်ဟု ခြိမ်းခြောက် နေကြောင်း သိရှိရသည်။

ဇန်နဝါရီလ ၁ ရက်နေ့မှစတင်၍ ရန်ကုန်၊ မန္တလေး အပါအဝင် မြို့ကြီးများ အား လုံး တွင် စစ်ကောင်စီ၏ အောက်ခြေ ရပ်ကွက်၊ ကျေးရွာအုပ် ချုပ် ရေးမှူး များ က နေအိမ်တိုင်း မီးချိတ်၊ မီးကတ်၊ သဲအိတ်၊ ရေအိတ်များ နေအိမ်တိုင်း၏ ရှေ့မျက်စာနှာတွင် ထားရှိရန် လော်စပီကာများဖြင့် လိုက်လံအော်ဟစ်ကြောင်း သိရှိရသည်။ ‌

“ရပ်ကွက် အုပ်ချုပ်ရေးအဖွဲ့တွေက မန္တလေးမြို့နယ်တွေအားလုံး မီးဘေး ကာ ကွယ် ရေးအတွက် မီးချိတ်မီးကတ်နဲ့ သဲအိတ်ရေအိတ်ကို အိမ်တိုင်း ထားဖို့ လိုက်အော်တယ်။ လိုက်စစ်ဆေးလို့ မတွေ့လျင် ဒဏ်ငွေ ငါးသောင်း ကျပ် ဒဏ်ရိုက်မယ်။ ပြီးရင် ထပ်စစ်လို့ မထားရင် ထောင်ပါချမယ်ပြောတယ်” ဟု မန္တလေးဒေသခံများက ပြောဆိုကြသည်။

အလားတူ ရန်ကုန်တိုင်းအတွင်းရှိ မြို့နယ်များတွင် မီးချိတ် မီးကတ်များ၊ သဲ အိတ်၊ ရေအိတ်များ ထားရှိရန် လော်စပီကာဖြင့် မီးသတ်နှင့်ရပ် ကွက် အုပ်ချုပ် ရေး အဖွဲ့များက လိုက်လံအော်ဟစ် နေကြောင်း၊ မီးချိတ်မီးကတ်ထားရှိရန် အမိန့်ထုတ်သဖြင့် နေအိမ်တိုင်း ဝါးများ ဝယ်ယူရသဖြင့် ဝါးလုံးစျေးပါ တက် လာကြောင်း သိရှိရသည်။

“အရင်က ဝါးတစ်လုံး ၅၀၀၊ ၆၀၀ ကျပ်ပဲရှိတာ။ အခုဝါးဈေးတစ်လုံး ၂၀၀၀ အထိ တက်တယ်။ မီးချိတ်မီးကတ် တွေလိုက်စစ်နေတယ်။ မလုပ်ထားရင် ဒဏ် ငွေ၅၀,၀၀၀၊ ၁၀၀,၀၀၀ထိ ဒဏ်ရိုက်မယ်ဆိုလို့ ရက်ကွက်ထဲ ပွဲဆူနေတယ်။ သူတို့ အာဏာကို စမ်းပြီး လုပ်နေတာ။ ရပ်ကွက်နေပြည်သူတွေက ထမင်း စား ဖို့တောင် မနည်းရုန်းကန်နေရတာ ဘာမှအသုံးမတည့်တဲ့ မီးချိတ်မီးကတ်ကို

ဦးသန်းရွှေလက်ထက်ကတည်းက လုပ်ခိုင်းလာတာ။ ငွေညှစ်ယုတ်မာဖို့ပဲ စဉ်း စား နေတာ။ မီးချိတ်မီးကတ်ထားရတယ်ဆိုတာ မဆလခေတ် မီးသတ်ကားနဲ့ နည်းပညာတွေ မထွန်းကားခင်က အခြေအနေပါ။ အခု ဆိုရှယ်လစ် ခေတ် ပြန် သွားနေသလား မှတ်ရတယ်” ဟု ရန်ကုန်မြို့ခံတစ်ဦးက ပြောဆိုသည်။

မီးချိတ်မီးကတ်များကို လိုက်လံစစ်ဆေးရာတွင် မီးသတ်၊ ရပ်ကွက် အုပ်ချုပ် ရေးအဖွဲ့များအပြင် စစ်တပ်နှင့်ရဲများက လိုက်ပါ စစ်ဆေးမှုရှိ၍ ပြည်သူ အများ စု က စကားမပြောလို၍ မီးချိတ်မီးကတ် လုပ်ဆောင်ကြသည်ဟု သိရှိရ သည်။khit thit

« Older Entries