Monthly Archives: Jan 2023

ဘုတလင်မြို့နယ်အတွင်း ရွေးကောက်ပွဲအ တွက် သန်းခေါင်စာရင်းကောက်မည့်ကိစ္စ ကာကွယ်ရေးတပ်ဖွဲ့သတိပေး

စစ်ကိုင်းတိုင်း ၊ ဘုတလင်မြို့နယ်အတွင်း စစ်ကောင်စီမှ ပြုလုပ်ကျင်းပမည့် ရွေးကောက်ပွဲအတွက် သန်းခေါင်စာရင်းများ တစ်အိမ်တက်ဆင်း ကောက်ခံရန် စီစဉ်နေသည့်အပေါ် ပြည်သူလူထုအား ပူးပေါင်းဆောင်ရွက်ခြင်းမပြုရန် PDF Lion Ingar Budalin က ဇန်နဝါရီလ ၉ရက်နေ့တွင် ထုတ်ပြန်သည်။

အိမ်ထောင်စုစာရင်း (သန်းခေါင်စာရင်း) ကောက်ယူရာတွင် စစ်ကောင်စီဘက်မှ အကျိုးများစွာရှိနေနိုင်ကြောင်း ယင်းသို့ကောက်ယူရာတွင် အိမ်ရှိလူဦးရေစာရင်းအား ယခင်၎င်းတို့ထံတွင်ရှိသည့်စာရင်းများနှင့် ကိုက်ညီမှုရှိမရှိ ပြန်လည်စီစစ်ရေးလုပ်ငန်း လုပ်ဆောင်သွားမည်ဖြစ် ကြောင်း ဆိုသည်။

ထိုသို့ စစ်ဆေးခံရပါက ယင်းအိမ်ရှိလူများသည် ယခင်စာရင်းနှင့် ကိုက်ညီမှုမရှိပါက အိမ်ရှိလူများ အစစ်ဆေး အဖမ်းဆီးခံနိုင်ရယုံသာမက CDM ဝင်သူနှင့် PDF ရဲဘော်စာရင်းနှင့် နိုင်ငံခြားထွက်နေသူအားလုံးကို သိရသွားနိုင်ကြောင်း သတိပေးထားသည်။

အဆိုပါ စာရင်းမကောက်ခံနိုင်ရေးအတွက် အထူးသတိထားရှောင်ရှားကြရန်နှင့် မလွဲသာ၍ ကြုံကြိုက်မည်ဆိုပါက မည်သို့ဖြေဆိုရမည်ကို စုံးစမ်းပြင်ဆင်ထားကြရန် လိုအပ်ကြောင်းဆိုသည်။

“ စာရင်းကောက်ဖို့ကို ထွေအုပ်ထဲက လူတွေက မလိုက်ရဲလို့ နမခ (အနောက်မြောက် တိုင်းစစ်ဌာနချုပ်) ကို စစ်ကူခေါ်ထားတယ် ၊ ကျနော်တို့ကတော့ ရတဲ့နည်းလမ်းပေါင်းစုံနဲ့ တားဆီးသွားမှာပါ” ဟု PDF – LIB က တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။

ဇန်နဝါရီလ ၁၀ရက်နေ့ ယနေ့တွင် စာရင်းများ ကောက်ခံရန် ပြင်ဆင်နေပြီး အချို့ကျေးရွာများမှ ဒေသခံပြည်သူအချို့ ရှောင်တိမ်းနေကြကြောင်း သိရသည်။

လတ်တလောအားဖြင့် မုံရွာ – ဘုတင်လင် လမ်းဘေးရှိ ကျေးရွာများကို စတင်ကောက်ခံရန် စီစဉ်နေကြောင်း အထွေထွေအုပ်ချုပ်ရေးမှူးရုံးမှ ဝန်ထမ်းများ မသွားရဲကြောင်း တင်ပြသဖြင့် စစ်ကောင်စီတပ်သားများက လုံခြုံရေးဖြင့်ကောက်ယူရန် ပြင်ဆင်နေကြောင်း ဆိုသည်။

၎င်းတို့ ကာကွယ်ရေးတပ်ဖွဲ့အနေဖြင့် ရွေးကောက်ပွဲဖြစ်စဉ်ကို တတ်နိုင်သမျှ ဆန့်ကျင်သွားမည်ဖြစ်သော်လည်း ပြည်သူလူထုအား အလုံးစုံကာကွယ်နိုင်လောက်သော လက်နက်အင်အား မပြည်စုံကြောင်း တာဝန်ရှိသူက ဆက်လက်ပြောဆိုသည်။

ဇန်နဝါရီ ၉ရက် ရက်စွဲဖြင့် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနမှ အကြမ်းဖက်စစ်ကောင် စီ၏ တရားမဝင်ရွေးကောက်ပွဲတွင် ပူးပေါင်းပါဝင်ခြင်းမပြုရန် အမိန့်ကြေညာစာထုတ်ပြန်ခဲ့သည်။

ယင်းထုတ်ပြန်ချက်တွင် ဇန်နဝါရီ ၉ရက်မှ ၃၁ ရက်အထိ ၂၃ရက်တာ “တစ်အိမ် တက်ဆင်း” လူဦးရေစာရင်းကောက်ယူသွားရန် ဆောင်ရွက်နေကြောင်း စစ်ကောင်စီ လက်ကိုင်တုတ်ဖြစ်သည့် အုပ်ချုပ်ရေးအဖွဲ့နှင့် လဝက များက လူဦးရေနှင့် သန်းခေါင်စာရင်းများကို အတင်းအကျပ်ကောက်ခံနေခြင်းအား သိရှိရကြောင်း ဆိုသည်။

ပြည်သူများအနေဖြင့် လူဦးရေစာရင်း ကောက်ယူခြင်းလုပ်သန်းစဉ်ကို ငြင်းဆန်၍ မပူးပေါင်းကြရန်နှင့် ယင်းသို့ စာရင်းကောက်ယူနိုင်ရေးအ တွက် ဆောင်ရွက်ကြသည့် အုပ်ချုပ်ရေးအဖွဲ့များ ၊ လဝက အဖွဲ့များနှင့် အခြားမည်သည့်ဒေါက်တိုင်မဆို အကြမ်းဖက်မှုဥပဒေဖြင့် ပြင်းပြင်း ထန်ထန် တရားစွဲအရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အမိန့်စာတွင် ဖော်ပြထားသည်။mizzima

” NUG အစိုးရဟာ လေလှိုင်းထဲက အစိုးရမဖြစ်စေရဘူး ” ဟု ယာယီသမ္မတဒူဝါလရှီးလ ကတိပြုပြီး တိုင်းရင်းသားလက်နက်ကိုင်များထံမှ အကူအညီများရရှိထားဟုဆို

အကြမ်းဖက်စစ်ကောင်စီကို တော်လှန်နေသော ” NUG အစိုးရဟာ လေလှိုင်း ထဲ က အစိုးရမဖြစ်စေရဘူး ” ဟု ယာယီသမ္မတဒူဝါလရှီးလ ကတိပြုပြောဆိုပြီး တိုင်းရင်းသားလက်နက်ကိုင်များထံမှ အကူအညီများရရှိထားကြောင်း ပြောဆို လိုက်သည်။

အမျိုးသားညီညွတ်ရေးအစိုးရ ၈၂ ကြိမ်မြောက် အစိုးရအဖွဲ့အစည်းဝေးတွင် ၎င်းက အထက်ပါအတိုင်းပြောဆိုလိုက်ခြင်းဖြစ်သည်။

NUG အစိုးရအနေဖြင့် လူမှုကယ်ဆယ်ရေးလုပ်ငန်းများ လုပ်ဆောင်နေသော် လည်း အကန့် အသတ်များရှိကြောင်း၊ လက်ရှိတွင် စစ်ရေးစိုးမိုးရေး ဧရိယာကျ ယ်ပြန့် လာကြောင်း၊ ပြည်သူ့အုပ်ချုပ်ရေးယန္တရားများ ပီပြင်လာရေး ဆောင် ရွက် ရမည်ဖြစ်ကြောင်း ၊ NUG အစိုးရအနေဖြင့် လေလှိုင်းအစိုးရ မဟုတ်သည် ကို သက်သေပြနေပြီး ဆက်လက် သက်သေပြရမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။

“ လက်ရှိ အခြေအနေမှာ အမျိုးသားညီညွတ်ရေးအစိုးရရဲ့ စစ်ရေးစိုးမိုးဧရိယာ တွေ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်လာတာကို နွေဦးတော်လှန်ရေးရဲ့ အားသာချက် အဖြစ် ရှုမြင်ဖို့လိုအပ်ပါတယ်။ စစ်ရေးစိုးမိုး ဧရိယာတွေမှာ ပြည်သူ့အုပ်ချုပ်ရေး ယန္တရား စနစ်တကျ အသက်ဝင်ဖို့ကိစ္စကို အထူးပြုလုပ်ဆောင်ဖို့လည်း ပြောချင်ပါ တယ်။ စစ်ရေးစိုးမိုးနယ်မြေတွေမှာ အုပ်ချုပ်ရေးယန္တရားကို လက် တွေ့ ကျကျ အသက် မသွင်း နိုင်ရင် အဲသည့်နေရာမှာ တကယ်ခုခံ တော်လှန် နိုင်တာ မဟုတ်သေးဘူးလို့ တွက်ဆနိုင်ပါတယ်။ ဒါ့ကြောင့် စစ်ရေးနဲ့ အုပ်ချုပ်ရေးကို ယှဉ်တွဲတည်ဆောက်မှသာ တော်လှန်ရေးနယ်မြေတွေကို ခြေကုတ် မြဲမြဲနဲ့ ရရှိနိုင်မယ်လို့ ပြောချင်ပါတယ်။ ဒီအချက်ဟာ လက်တွေ့ဖြစ် နိုင်ချေ ရှိသလို၊ မြေပြင်မှာလည်း လက်တွေ့ လုပ်ဆောင်နေတဲ့ ကိစ္စတွေဖြစ် တာ တွေ့ရပါတယ်။ ကျွန်တော့်အနေနဲ့ ၂၀၂၃ ခုနှစ်ထဲမှာ စစ်ရေးရလဒ်နဲ့ နိုင်ငံရေးရလဒ်တွေ သိသိသာသာ ထွက်ပေါ်ဖို့ အထူးမျှော်လင့်ပါတယ်။ ကျွန် တော် မျှော်လင့်သလိုပဲ ပြည်သူလူထုကလည်း မျှော်လင့်တကြီး စောင့်မျှော် နေမယ် လို့ ယုံကြည်ပါတယ်။ ကျွန်တော်တို့ NUG အစိုးရဟာ အတိတ်က ဖြစ်ခဲ့တဲ့ နိုင်ငံရေး အမှားတွေကို သင်ခန်းစာယူရပါလိမ့်မယ်။ အထူးသဖြင့် ကျွန်တော့်အနေနဲ့ ပြောချင်တာ တစ်ခုကတော့ NUG အစိုးရဟာ လေလှိုင်း ထဲက အစိုးရမဖြစ်စေရဘူး ဆိုတဲ့ ခံယူချက်ဖြစ်ပါတယ်။” ဟု ယာယီသမ္မတ ဒူဝါလရှီးလက ပြောဆိုသည်။

လက်ရှိတွင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် မဟာမိတ်ဖွဲ့စည်းထားပြီး စစ်ရေးအကူအညီများလည်း အားရဖွယ်ရရှိနေကြောင်း သမ္မတက ဆက်လက် ပြောဆိုသည်။

“၂၀၂၃ ခုနှစ်ဟာ တော်လှန်ရေးအတွက် တစ်ဆစ်ချိုး အပြောင်းအလဲတွေ ရှိ လာ မယ့် နှစ် လို့ ယုံကြည်မျှော်လင့်ထားပါတယ်။ ဒီလို ကြီးမားတဲ့ အပြောင်း အလဲ ဖြစ်လာအောင် သက်ဆိုင်ရာ တာဝန်ရှိသူ အသီးသီးက မဟာမိတ် စစ်ရေး ပေါင်းစည်းမှုကို သဘောထားကြီးကြီးနဲ့ ဝိုင်းဝန်းတည် ဆောက်နေကြတာ ကို လည်း မြင်တွေ့နေရပါတယ်။ ကျွန်တော်တို့နဲ့ မဟာမိတ်ဆက်ဆံရေး အားဖြ င့် လက်တွဲထားတဲ့ တော်လှန်သောအစုအဖွဲ့တွေဆီကနေ ထိုက်သင့်တဲ့ စစ်ရေး အထောက်အပံ့နဲ့ စစ်ရေး အကူအညီတွေလည်း ရသင့်သလောက် ရထား ကြ တာ တွေ့ရလို့ ကျွန်တော့်အနေနဲ့ အားတက်ရပါတယ်‘ ဟု ယာယီသမ္မတက မိန့်ခွန်း ပြောဆိုထားသည်။khit thit

ဧရာဝတီတိုင်းတွင် လက်နက်ကိုင်တပ်ဖွဲ့များလိုက်ပါပြီး လူဦးရေစာရင်းကောက်ယူနေ

ဧရာဝတီတိုင်းအတွင်းက မြို့နယ်တွေမှာ ဇန်နဝါရီ ၉ ရက်ကစပြီး စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေက လက်နက်တွေကိုင်ဆောင်ပြီး တအိမ်တက်ဆင်း အိမ်ထောင်စုစာရင်းတွေ လိုက်လံကောက်ယူနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကောင်စီပြုလုပ်မယ့် ရွေးကောက်ပွဲအတွက် စစ်ကောင်စီလက်အောက်ခံ Non CDM ဝန်ထမ်းတွေနဲ့ လက်နက်ကိုင်တွေက တအိမ်တက်ဆင်း အိမ်ထောင်စုစာရင်း လိုက်လံကောက်ခံနေတာလို့ ဆိုပါတယ်။

ရေကြည်မြို့နယ် ဒေသခံတဦးက “ဒီနေ့မနက်က အိမ်ကို အိမ်ထောင်စုစာရင်း လာကောက်သွားတယ်။ သေနတ်တွေကိုင်ပြီး အိမ်ထောင်စုစာရင်းကောက်တာ ဒီတခါပဲ ကြုံဖူးသေးတယ်။ အုပ်ချုပ်ရေးအဖွဲ့တွေ၊ မှတ်ပုံတင်ရုံးကလူတွေ၊ ရဲနဲ့ စစ်တပ်က သေနတ်တွေ ကိုင်ပြီး အိမ် ထောင်စုစာရင်း လိုက်ကောက်နေတယ်။ သူတို့ ရွေးကောက်ပွဲလုပ်ဖို့ လိုက်ကောက်နေတာ” လို့ ပြောပါတယ်။

စစ်ကောင်စီပြုလုပ်မယ့် ရွေးကောက်ပွဲအတွက် အိမ်ထောင်စုစာရင်း ကောက်ခံတာ ဖြစ်ကြောင်း ပြောဆိုတာတော့မရှိဘဲ လက်နက်ကိုင်တပ်ဖွဲ့နဲ့ အိမ်ထောင်စုစာရင်း လိုက်လံကောက်ယူနေတာဖြစ်ပြီး အိမ်ထောင်စုစာရင်းထဲမှာ ပါပေမဲ့ ရပ်ဝေးမှာ ရောက်ရှိနေသူတွေကတော့ ရပ်ကျေး အုပ်ချုပ်ရေးမှူးတွေဆီ မှတ်ပုံတင်မိတ္တူတွေ ပေးကြရပါတယ်။

“ရွေးကောက်ပွဲအတွက်လို့တော့ မပြောဘူး။ အိမ်ထောင်စုစာရင်း လိုက်ကောက်တယ်။ သေနတ်တွေတကားကားနဲ့ စစ်တပ်နဲ့ ရဲတွေပါ တွေ့ရတယ်။ အိမ်ထောင်စုစာရင်းထဲမှာပါပြီး ရပ်ဝေးမှာ အလုပ်သွားလုပ်တဲ့သူတွေရှိရင် မှတ်ပုံတင်မိတ္တူ ပေးထားရတယ်” လို့ မြန်အောင်မြို့နယ် ဒေသခံ အမျိုးသားတဦးက ပြောပါတယ်။

ဧရာဝတီတိုင်းအတွင်းက မြို့နယ်တွေမှာ အိမ်ထောင်စုစာရင်း လိုက်လံကောက်ခံနေပေမဲ့ ဧရာဝတီတိုင်း ရွေးကောက်ပွဲကော်မရှင်ကတော့ ရွေးကောက်ပွဲကို ဘယ်အချိန်မှာ ပြုလုပ်မယ်ဆိုတာ တိတိကျကျ ထုတ်ပြန်ထားတာ မရှိသေးပါဘူး။

ဇန်နဝါရီ ၉ ရက်နေ့ကနေ ၃၁ ရက်နေ့အထိ တအိမ်တက်ဆင်း အိမ်ထောင်စုစာရင်း ကောက်ယူတဲ့လုပ်ငန်းကို ငြင်းဆန် မပူးပေါင်းကြဖို့ အမျိုး သားညီညွတ်ရေးအစိုးရ (NUG) က မေတ္တာရပ်ခံထားပြီး အိမ်ထောင်စုစာရင်း လိုက်လံကောက်ယူနေတဲ့ စစ်အုပ်စု လက်အောက်ခံအဖွဲ့ကသူတွေကို အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေနဲ့ တရားစွဲဆို အရေးယူမှာဖြစ်ကြောင်း ဇန်နဝါရီ ၉ ရက် နေ့စွဲနဲ့ ထုတ်ပြန်ထားပါတယ်။DVB

ထားဝယ် ဥသြစစ်ကြောင်း၏ စစ်ကြောင်းမှူး ကျည်ထိမှန် ကျဆုံး

တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ် သင်္ကန်းတုံးရွာနှင့် ၀ကုန်းရွာ အကြားရှိ ဘဲ့မတ်တက်တောင်အနီးတွင် ပြီးခဲ့သည့် ဇန်နဝါရီလ ၇ ရက်နေ့က စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တို့ကြား ဖြစ်ပွားခဲ့သည့် တိုက်ပွဲအတွင်း နှစ်ဖက်ပစ်ခတ်မှုကြောင့် ထားဝယ် ဥဩစစ်ကြောင်း၏ စစ်ကြောင်းမှူး တစ်ဦး ကျည်ထိမှန် ကျဆုံးခဲ့ကြောင်း DGRF အဖွဲ့က ထုတ်ပြန်ထားသည်။

တိုက်ပွဲအတွင်း ကျဆုံးခဲ့သည့် အသက် ၆၅ နှစ်ရှိ ဥဩစစ်ကြောင်းမှူး ဖထီး ဆိုသူဖြစ်သည်ဟု ယင်း အဖွဲ့က ရဲဘော်များထံမှ သိရသည်။

“ကျနော်တို့ အရှေ့မှာတင် လဲကျသွားတာပါ၊ ဖထီး ထိမှန်းသိခဲ့ရပါတယ်၊ ရဲဘော်တွေ ဝိုင်းစုပြီး ကာပစ်ပေးပြီး ပြန်ဆုတ်လာတဲ့ အချိန်တွင် လမ်း တစ်ဝက်မှာတင် အသက်ပေးလိုက်ရပါတယ် “ဟု DGRF ရဲဘော်တစ်ဦးက ပြောသည်။

ထားဝယ်-ထီးခီး လမ်းပိုင်းတွင် ပြီးခဲ့သည့် ဇန်နဝါရီလ ၅ ရက်နေ့က စတင်ပြီး သုံးရက်ဆက်တိုက် တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး နှစ်ဖက်အပြန်အလှန် ပစ်ခတ်မှုကြောင့် စစ်ကောင်စီဘက်ကလည်း ထိခိုက်သေဆုံးမှုများလည်း ရှိကြောင်း သိရသည်။mizzima

လောင်းလုံးတွင် လက်နက်ကိုင် စစ်မှုထမ်း ဟောင်း ၁ ဦး ပစ်ခတ်ခံရပြီး သေဆုံး

တနင်္သာရီတိုင်း လောင်းလုံးမြို့နယ်တွင် လက်နက်ကိုင် စစ်မှုထမ်းဟောင်း ပျူစောထီး အဖွဲ့ဝင် ၁ ဦး ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း လောင်းလုံးမြို့နယ် ပကဖ အဖွဲ့ထံမှ သိရသည်။

ဇန်နဝါရီလ ၉ ရက်နေ့ မွန်းလွဲ ၁ နာရီခန့်တွင် လောင်းလုံးမြို့နယ်၊ သဘော့ဆိပ်၊ အောင်ချမ်းသာကျေးရွာတွင် နေထိုင်သော လက်နက်ကိုင် စစ်မှုထမ်းဟောင်း ပျူစောထီး အဖွဲ့ဝင် ကျော်လွင်ကို လောင်းလုံးမြို့နယ် ပကဖ အဖွဲ့က ပစ်ခတ် တိုက်ခိုက်ခဲ့ပြီး ပွဲချင်းပြီးသေဆုံးခဲ့ကြောင်း သိရသည်။

သေဆုံးသွားသော စစ်မှုထမ်းဟောင်း ကျော်လွင်သည် အကြမ်းဖက် စစ်တပ် ခမရ ၄၀၂ တပ်ရင်းမှ ခလရ ၂၅ တပ်ရင်းသို့ ကူးပြောင်းခဲ့ပြီး ခလ ရ ၁၀၄ တပ်သို့ ထပ်မံ ပြောင်းရွေ့ခဲ့ပြီးနောက် စစ်တပ်မှ အနားယူခဲ့သူ ဖြစ်ကြောင်း၊ လက်ရှိချိန်တွင် ပျူစောထီးကပ္ပလီ(ခ)ဝင်းဇော်ဦးနှင့် ပူး ပေါင်းကာ စစ်ကြောင်းများထိုးရာကို လမ်းပြပါဝင်သူဖြစ်ကြောင်း၊ ညဘက်များတွင် မောင်းမကန်ရဲစခန်း၌ ညအိပ်လေ့ရှိသူ ဖြစ်​ပြီး လက် နက်ကိုင်ဆောင်ထားသူ ဖြစ်ကြောင်း လောင်းလုံးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-LLPDF က ထုတ်ပြန်ထားသည်။khit thit

ဖယ်ခုံတွင် တိုက်လေယာဉ်ပျံဝဲလာသဖြင့် ဒေသခံ ကလေးငယ်များ ပုန်းအောင်းနေရ

ရှမ်းပြည်နယ်(တောင်ပိုင်း) ဖယ်ခုံမြို့နယ်မှာ ဇန်နဝါရီ ၁၀ ရက် ဒီကနေ့ မနက်က စစ်ကောင်စီ တိုက်လေယာဉ် ပျံဝဲလာတာကြောင့်  ကလေးငယ်တွေအပါအဝင် ဒေသခံတွေ ဗုံးကြဲခံရမှာ ကြောက်လန့်ပြီး ပုန်းအောင်းနေကြရပါတယ်။

ဖယ်ခုံမြို့နယ်၊ လအိဒေသမှာရှိတဲ့ စစ်ဘေးရှောင်တွေနေထိုင်ရာနေရာအနီး ဒီမနက် ၈ နာရီ ၄၀ လောက်ကနေ ၉ နာရီ မိနစ် ၂၀ လောက်အထိ တိုက်လေယာဉ်တွေ အနီးကပ်ပျံဝဲခဲ့တာလို့ ဒေသခံတဦးကပြောပါတယ်။

“ကြောက်လို့ ပုန်းနေကြတာပါ။ လေယာဥ်က အသံအကြီးအကျယ်ကြီးနဲ့မို့ နိမ့်ဆင်းလိုက် ပြန်တက်လိုက် နာရီဝက်ကြာလုပ်နေတာ။ ပစ်ခတ်တာ မရှိဘူး။ လာခြိမ်းခြောက်တာမျိုးလားတော့မသိဘူး။”

လေယာဉ်တွေရောက်လာလို့ ဘုရားကျောင်းတခုမှာ ဘုရားစာစုသင်နေတဲ့ကလေးငယ်တွေက  ကျောင်းအောက်ကို ပြေးပြီး ပုန်းအောင်ခဲ့ရကြောင်းလည်း အဲဒီနေရာမှာ ရှိနေတဲ့ ဒေသခံက ပြောပါတယ်။

ဒီနေ့မနက် ၉ နာရီဝန်းကျင်က  နေပြည်တော်ကနေ စစ်ကောင်စီ တိုက်လေယာဉ် ၄ စီး ထွက်ခွာသွားတယ်လို့ ဒေသခံ မျက်မြင်တွေ့သူထံက သိရပါတယ်။

စစ်ကောင်စီအနေနဲ့ တိုက်လေယာဉ် အနီးကပ်ပျံသန်းမှုကို မကြာခဏလုပ်လေ့ရှိတယ်လို့ ဒီးမော့ဆိုမြို့နယ်က ပြည်သူတွေလည်း ပြောဆိုပါတယ်။

မနေ့ ဇန်နဝါရီလ ၉ ရက်နေ့ကလည်း တိုက်လေယာဉ်တစင်း ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြိုနယ်မှာ ဝဲပျံပြီး ခြိမ်းခြောက်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ DVB

မကွေးတိုင်း မြို့နယ် ၂ ခုတွင် စစ်ကောင်စီကားတစီးနှင့်ပျူစောထီးအဖွဲ့ တိုက်ခိုက်ခံရ

မကွေးတိုင်း၊ မြိုင်မြို့နယ်မှာ ဇန်နဝါရီ ၉ ရက်နေ့ မနက်က စစ်ကောင်စီကားတစီး မိုင်းဆွဲတိုက်ခိုက်ခံရပြီး ၆ ယောက်ထက်မနည်း သေဆုံးနိုင်တယ်လို့ မြိုင် ပ.က.ဖ ကနေ သိရပါတယ်။

ပခုက္ကူမြို့ဘက်ကနေ ထွက်လာတဲ့ စစ်တပ်ဖောကားတစီးကို မြိုင်မြို့နယ် တွင်းမပျူစခန်းနဲ့ သရက်ကန်ပျူစခန်းကြားမှာ ဇန်နဝါရီ ၉ ရက်နေ့ မနက် ၁၀ နာရီလောက် ပ.က.ဖ ပူးပေါင်းတပ်ဖွဲ့တွေက ရှေ့ထွက်မိုင်း ၁၀ လုံး၊ ပေပါမိုင်း ၂ လုံးနဲ့ ဖောက်ခွဲတိုက်ခိုက်ခဲ့တာလို့ မြိုင်ပ.က.ဖ တပ်ရင်း(၁) တပ်ရင်းမှူး ဗိုလ်လက်ယာက ဒီဗွီဘီကို ပြောပါတယ်။

အဲဒီတိုက်ခိုက်မှုအတွင်းမှာ ဖောကား ထိခိုက်ပျက်စီးရပ်တန့်သွားပြီး  အနည်းဆုံး ၆ ယောက်ကနေ ၉ ယောက်အထိ သေဆုံးနိုင်တယ်လို့ အ တွင်းသတင်းရရှိတယ်လို့ ဆိုပါတယ်။

တွင်းမရွာ အစပ်မှာ ဇန်နဝါရီ ၇ ရက်နေ့ ညကလည်း ကင်းလှည်နေတဲ့တပ်ဖွဲ့တွေကို မိုင်း ၁၃ လုံးနဲ့ တိုက်ခိုက်ခဲ့ပေမယ့် Error ဖြစ်သွားလို့ ၃ လုံးသာပေါက်ကွဲခဲ့ပြီး ပျူစောထီးခေါင်းဆောင် ကံထွေးအောင်နဲ့ ရဲတယောက်ဒဏ်ရာရရှိခဲ့တယ်လို့ ဗိုလ်လက်ယာက ပြောပါတယ်။

အဲဒီတိုက်ခိုက်မှုတွေကို မြိုင် ပ.က.ဖ တပ်ရင်း(၁)၊ တပ်ခွဲ(၁) နဲ့ တပ်ခွဲ (၂) ဂဠုန်တပ်ဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်ပြီး ပြည်သူကာကွယ်ရေး ရဲဘော်တွေ ထိခိုက်မှု မရှိခဲ့ဘူးလို့ ဆိုပါတယ်။

အဲဒီမိုင်းဆွဲ တိုက်ခံရတဲ့ ဖြစ်စဥ်မှာ စစ်ကောင်စီဘက်က ထိခိုက်သေဆုံးတဲ့အခြေနေကို ဒီဗွီဘီက သီးခြားအတည်မပြုနိုင်သေးသလို စစ်ကောင်စီဘက်ကလည်း သတင်းထုတ်ပြန်ထားတာ မတွေ့ရသေးပါဘူး။

မကွေးတိုင်း ပေါက်မြို့နယ်မှာလည်း ဇန်နဝါရီ ၉ ရက် ညနေက ပျူစောထီးရွာတရွာ လက်နက်ကြီးတွေ၊ ဒရုန်းတွေနဲ့ ဗုံးကြဲတိုက်ခိုက်ခံရပြီး နေအိမ်တလုံး မီးလောင်ကျွမ်းကာ ထိခိုက်ဒဏ်ရာရသူရှိနိုင်တယ်လို့ ပေါက်တောင်ပိုင်း ဒေဝယက္ခတပ်ဖွဲ့က ပြောပါတယ်။

ပေါက်မြို့နယ်တောင်ပိုင်း ချောင်းနားရွာသစ် ပျူရွာကို ဇန်ဝါရီ ၉ ရက်နေ့ ညနေ ၆ နာရီလောက်မှာ SPGF နဲ့ပူးပေါင်းပြီး ၆၀ မမ တာဝေးပစ် ဗုံးသီး ၅ လုံး၊ ဒရုန်းနဲ့ အီနာဂါဗုံးသီး ၂ လုံး ဖြုတ်ချပြီး တိုက်ခိုက်ခဲ့တာလို့ ဒေဝယက္ခတပ်ဖွဲ့ရဲ့ လက်နက်ထုတ်လုပ်ရေးတာဝန်ခံ ဗိုလ်လပြည့်က ဒီဗွီဘီကို ပြောပါတယ်။

အဲဒီတိုက်ခိုက်မှုအတွင်းမှာ ပျူစောထီးတွေ တပ်စွဲထားတဲ့ နေအိမ်တအိမ် မီးလောင်ကျွမ်းပြီး ထိခိုက်ဒဏ်ရာရရှိမှုအခြေအနေကိုတော့ မသိရသေးဘူးလို့ ဆိုပါတယ်။

ဒေဝယက္ခတပ်ဖွဲ့ရဲ့ Rocket Fighter လက်နက်ထုတ်လုပ်ရေးအဖွဲ့က အကွာအဝေး ၂ မိုင်းအထိ ပစ်ခတ်နိုင်တဲ့ ၆၀ မမ တာဝေးပစ် ပုံပြောင်း ဗုံးသီးတမျိုးကို ထုတ်လုပ်အောင်မြင်ခဲ့ပြီး စစ်ဆင်ရေးတွေမှာ လက်တွေ့ စတင်အသုံးပြုနေပြီလို့ ဗိုလ်လပြည့်က ပြောပါတယ်။

ပျူစောထီးတွေဘက်ကလည်း လက်နက်ကြီးလက်နက်ငယ်တွေနဲ့ ပြန်လည်ပစ်ခတ်ပေမဲ့ ည ၇ နာရီကျော်လောက်မှာ ဒေဝယက္ခတပ်ဖွဲ့ ရဲဘော်တွေ အထိခိုက်အကျဆုံးမရှိဘဲ ဆုတ်ခွာနိုင်ခဲ့ကြတယ်လို့ ဆိုပါတယ်။

ပေါက်မြို့နယ်မှာ ၂၀၂၂ ခုနှစ်အတွင်း စစ်ကောင်စီတပ်သားတွေနဲ့ ပျူစောထီးတွေက ကျေးရွာတွေကို  စစ်ကြောင်းထိုး ဝင်ရောက်ပြီးမီးရှို့ ဖျက် ဆီးခဲ့လို့ အိမ်ခြေပေါင်း ၃၃၀၀ ကျော် မီးလောင်ဆုံးရှုံးခဲ့ရပြီး မကွေးတိုင်းအတွင်းမှာ အများဆုံး မရှို့ခံရတဲ့ မြို့နယ်ဖြစ်တယ်လို့ သိရပါတယ်။ DVB

ထားဝယ်၊ ရေဖြူနှင့် ရပ်စောက်တို့တွင် စစ် သား ၂၅ ဦးထက်မနည်း ထွက်ပြေးမှု ဖြစ်ပြီး အချင်းချင်း ပစ်ခတ်မှုများဖြစ်

တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်၊ ရေဖြူမြို့နယ်နှင့် ရှမ်းပြည်နယ်၊ ရပ်စောက် မြို့ နယ်တို့တွင် စစ်သား ၂၅ ဦးထက်မနည်း ထွက်ပြေးမှုဖြစ်ပြီး အချင်းချင်း ပစ် ခတ် မှုများလည်းဖြစ်ပွားကြောင်း သိရှိရသည်။

တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်၊ မဲချောင်းကျေးရွာအနီးရှိ ၈ မိုင်လမ်းဆုံဂိတ် တွင် ယမန်နေ့ ဇန်နဝါရီလ ၉ ရက်နေ့က စစ်သားအချင်းချင်း စကားများရန်ဖြစ် ပြီး ပစ်ခတ်ကြရာ စစ်သား ၁ ဦးထိခိုက်ဒဏ်ရာရရှိသွား ကြောင်း Dawei Information Center က ပြောသည်။

ဇန်နဝါရီလ ၉ ရက်နေ့ ည ၉ နာရီခွဲကျော်က ၎င်းဂိတ်ရှိ အရက်အတူတူ ထိုင် သောက် နေသော အကြမ်းဖက်စစ်သား အချင်းချင်း စကားများရန်ဖြစ်ကာ ပစ်ခတ်သံ ၇ ချက်ခန့်ကြားရကြောင်း၊ အော်ဟစ်ဆဲဆိုသံများလည်း ကြား ရကြောင်း၊ ညဉ့်နက်ပိုင်းတွင် ယင်းအကြမ်းဖက်စစ်တပ်ဂိတ်မှ လက်နက်ကြီး များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ယမန်နေ့ ဇန်နဝါရီလ ၉ ရက် မွန်းလွဲ ၂ နာရီခန့်ကလည်း အကြမ်းဖက်စစ်သား များက ဥယျာဉ်ကြီးရွာဘက်သို့ သေနတ်ပြောင်းလှည့်ကာ ၅ ချက်ခန့် ဆက်တိုက်ပစ်ခတ်ခဲ့သေးသည်ဟု ဆိုသည်။

အလားတူ ဇန်နဝါရီလ ၄ ရက်နေ့ညက ထွက်ပြေးသွားခဲ့သည့် ရေဖြူမြို့နယ်၊ ကံပေါက်ဒေသအခြေစိုက် ခလရ – ၂၇၃ တပ်ရင်းမှ တပ်သား ၅ ဦး လွန်ခဲ့တဲ့နှစ်ရက် ပြန်လည်ဖမ်းဆီးခံခဲ့ရကြောင်း သိရှိရသည်။

ကံပေါက်မှ ဆိုင်ကယ်ဖြင့် မိနစ် ၂၀ ခန့်သွားရသည့် ပယကျေးရွာ၏ ဘုန်းကြီး ကျောင်းတောင်ကုန်းပေါ်တွင် ပြန်လည်အဖမ်းခံလိုက် ရခြင်းဖြစ် ကြောင်း သိရှိရသည်။

“ ရှေ့တန်းထွက်ရမှာကြောက်လို့ ဘုရား တောင်ပေါ် တက်နေတယ်ပြောတယ်။ ဘုန်းကြီးကသတင်းပေးလို့ ဆိုတာတွေလည်း ပြောနေကြတယ်။ ယုံကြည်ရတဲ့ သတင်းအရင်းအမြစ်တွေဆီကနေ တိတိကျကျသိရတာတော့ မရှိသေးဘူး “ ဟု ဒေသခံတစ်ဦးက ပြောသည်။

တပ်သားတွေ ထွက်ပြေးသည့်နေ့တွင် ပယကျေးရွာနှင့် ကပ်လျက်ရွာဖြစ်သည့် ဖက်တောင်ရွာမှ ဒေသခံများကို စစ်တပ်က စစ်မေးပြီး တော နင်းရှာဖွေခဲ့ ကြောင်း၊ စစ်သား ၅ ဦးကို ပြန်လည် ဖမ်းဆီးရမိပြီးနောက် မောရဝတီ ရေတပ် စခန်း တွင် နှိပ်စက်စစ်ဆေးနေသည်ဟု သတင်းများ ထွက်ပေါ်လျက်ရှိကြောင်း သိရှိရသည်။

အလာတူ ရှမ်းပြည်နယ်၊ ရပ်စောက်မြို့နယ် အခြေစိုက် စစ်ကောင်စီ၏ ခြေမြန် တပ်ရင်း ခမရ – ၅၀၈ တပ်သား ၂၀ ကျော်တို့သည် လက်နက်ခဲယမ်း နှင့်အတူ ထွက်ပြေးသွားကြောင်း ရှမ်းသံတော်ဆင့်သတင်းဌာနက သတင်းဖော်ပြသည်။

ဒီဇင်ဘာလ ၂၉ ရက်နေ့တွင် ရပ်စောက်မြို့ အဝင်ရှိ စစ်ကောင်စီတပ် ခမရ ၅၀၈ လက်အောက်ခံ တပ်သား ရဲဘော် နှင့် အရာရှိ အပါအဝင် လူဦး ရေ ၂၀ ကျော်သည် လက်နက်ခဲယမ်းနှင့် အတူ ထွက်ပြေးတိမ်းရှောင် နေခဲ့ခြင်းဖြစ် ကြောင်း ၊ အရာရှိများအပါအဝင် စုစုပေါင်း ထွက်ပြေးကြသူ ၂၄ ဦးရှိကြောင်း ၊လက်ရှိတွင် အာဏာသိမ်း စစ်ကောင်စီသည် ၎င်းတို့၏ တပ်သားအင်အား အများအပြားကို ရပ်စောက်မြို့နယ် အတွင်း ဖြန့်ထားလျက်ရှိပြီး နယ်မြေ ဒေသများတွင် စစ်ကြောင်းဖြင့် လှုပ်ရှားရှာဖွေနေကြောင်း ရှမ်းသံတော်ဆင့်က ရေးသားထားသည်။khit thit

« Older Entries