Special K Pay Account သို့ ပြောင်းလဲပေးသည်ဟုဆိုကာ လိမ်လည်မှုများရှိနေ

လူမှုကွန်ရက် ပလက်ဖောင်းတစ်ခုဖြစ်သည့် ဖေ့စ်ဘုတ်တွင် KBZ Pay အတွက် ဝန်ဆောင်မှုပေးသည် ဆိုကာ K Pay အကောင့်များမှ ပိုက်ဆံများထုတ်ယူသွားသည့်ဖြစ်စဉ်များ ဖြစ်ပေါ်လျက်ရှိသည်။

အဆိုပါ လိမ်လည်ယူသွားသည့် ဖေ့ဘုတ်စ်ပေ့ချ်အမည်များသည် “KBZ Pay Service Myanmar ၊ KBZ Pay Agent Myanmar ၊ K Pay-Service Myanmar ၊ KBZ Pay-Myanmar Center Service အစရှိသည့် အမည်များဖြင့် လိမ်လည်နေခြင်းဖြစ်သည်။

အဆိုပါ လိမ်လည်သည့်ဖေ့စ်ဘုတ်ပေ့ချ်များ၏ တူညီသည့်အချက်မှာ KBZ Pay ငွေသွင်းငွေထုတ် Agent အဖြစ်ဆောင်ရွက်ပေးသည်၊ KBZ Pay Level 2 မြှင့်တင့်ပေးသည်၊ KBZ Pay Special Account ဖွင့်ပေး မည်ဟုဆိုကာ ဘဏ်သွားရန်အခက်အခဲရှိသူများ၊ ဘဏ်လုပ်ထုံး လုပ်နည်းများကို နားမလည်သူများကို ပစ်မှတ်ထားလိမ်လည်နေခြင်း ဖြစ်သည်။

အဆိုပါ ဖေ့စ်ဘုတ်ပေ့ချ်များသည် အွန်လိုင်းပေါ်မှ KBZ ဘဏ်၏ဓာတ်ပုံများ၊ ဝန်ထမ်းပုံများကို အသုံးပြု ပြီး လက်ရှိအမှန်တကယ်ဝန်ဆောင်မှုပေးနေသကဲ့သို့ နေ့စဉ်မှန်မှန် အသုံးပြုလျက်ရှိသည်။

၎င်းစ်ဘုတ်ပေ့ချ်များက ကမ္ဘောဇဘဏ်မှ တရားဝင် ဝက်ဘ်ဆိုက်ဖြစ်သော www.kbzpay.com ကိုလည်း ဆက်သွယ်နိုင်ကြောင်း ရေးသားထားသည်။ ထိုလိမ်လည်သည့် ဖေ့စ်ဘုတ်ပေ့ချ်များအနက် တစ်ခုသည် ဆက်သွယ်ရန် ဖုန်းနံပါတ်ပေးထားသော်လည်း စက်ပိတ်ထားသည်။

KBZ Pay အမည်ခံလိမ်လည်နေသည့် ပေ့ချ်ငါးခုအနက်နှစ်ခုသည် ၂၀၂၂ ခုနှစ် အောက်တိုဘာလ ၂၆ ရက် နေ့တွင် တစ်ပြိုင်နက်ဖွင့်လှစ်ထားသလို အခြားပေ့ချ်နှစ်ခုသည်လည်း ၂၀၂၂ ခုနှစ် ဇွန်လတစ်လတည်း တွင် ဖွင့်လှစ်ထားသည်ကို တွေ့ရသည်။

ငွေလိမ်ခံရသူတစ်ဦးက “ကျွန်တော်လိမ်ခံရတာ KBZ Pay Myanmar Service မှာပါ၊ အကောင့်ထဲလည်း ပိုက်ဆံသိပ်မရှိပါဘူး။ လူကြီးဆိုတော့ ဘဏ်လည်းမသွားချင်လို့ သူတို့ Chat Box မှာ သွားမေးပါတယ်။ အရင် KPay ဖွင့်ထားတဲ့ဖုန်းနံပါတ်နဲ့ ကျွန်တော့်မှတ်ပုံတင်အမှတ်ကိုတောင်းပါတယ်။ ပြီးတော့ ကျွန်တော့် ဖုန်းနံပါတ်ကို စာပို့တဲ့ System Code ခြောက်လုံးကို တောင်းပါတယ်။ System Code တွေရပြီးတော့ ပေ့ချ်ကိုစာပို့လို့မရတော့သလို ကျွန်တော့် KPay ထဲက ရှိသမျှပိုက်ဆံတွေလည်း ပါသွားပါတယ်”ဟု ပြော ကြားသည်။

မဇ္ဈိမအနေ့ဖြင့် KBZ Pay ထံဆက်သွယ်မေးမြန်းရာတွင် အွန်လိုင်းပေါ်ရှိ KBZ Bank, KBZ Pay ဝန်ဆောင် မှုတို့အတွက် တရားဝင်ဖွင့်လှစ်ထားသည့် ဖေ့စ်ဘုတ်ပေ့ချ်များသည် အသိအမှတ်ပြု ( Blue Mark ) အပြာ ရောင်အမှန်ခြစ်ပါရှိသည့် ဖေ့ဘုတ်စ်ပေ့ချ်များသာဖြစ်ပြီး ကျန်သည့်အမည်များနှင့် ဖေ့စ်ဘုတ်ပေ့ချ်များ သည် အတုများသာဖြစ်သည်ဟု ဆိုသည်။

KBZ ဘဏ်ဝန်ဆောင်မှုတွင် KBZ Special Account ၊ KBZ Pay Level 1 ၊ KBZ Pay Level 2 Account ဟု အပိုင်းများခွဲထားသည်။ KBZ Special Account ဆိုသည်မှာ ငွေစုစာအုပ်၊ ATM Card အစရှိသည်တို့ဖြင့် ဘဏ်စာအုပ်ဖြင့် ငွေစုခြင်း၊ ဘဏ်သို့သွားကာ ငွေသွင်း၊ ငွေထုတ်၊ ငွေလွှဲခြင်းတို့ကို ပြုလုပ်ရသည့် ဘဏ် အကောင့်ဖြစ်သည်။ KBZ Pay ဆိုသည့် ဝန်ဆောင်မှုသည် ဖုန်းမှတစ်ဆင့် အသုံးပြုနိုင်သည့် ဒစ်ဂျစ်တယ် ပိုက်ဆံဝန်ဆောင်မှုဖြစ်သည်။ KBZ Pay တွင် level 1, 2 ဟု နှစ်မျိူးရှိပြီး Level 1 အကောင့်သည် တစ်ရက်အတွင်း ငွေအဝင်အထွက် ၅၀,၀၀၀ ၊ တစ်လလုံးအနေဖြင့် ငွေ ၂၀၀,၀၀ သာ သုံးစွဲခွင့်ရှိသည်။ Level 2 အကောင့်သည် တစ်ရက် ငွေအဝင်အထွက် သိန်း ၅၀ အထိသုံးခွင့်ရှိပြီး တစ်လလုံးအနေဖြင့် သတ်မှတ်ငွေပမာဏမရှိဟုဆိုသည်။ KBZ Pay အကောင့်စဖွင့်ပါက အသုံးပြုသူသည် Level 1 အဆင့်မှ စတင်ရမည်ဖြစ်ပြီး Level 2 သို့ အဆင့်မြှင့်လိုပါက လူကိုယ်တိုင် မှတ်ပုံတင်နှင့်တကွ ကမ္ဘောဇဘဏ်သို့ သွားရောက်လျောက်ထားရမည် ဖြစ်သည်။

ထို့ကြောင့် အွန်လိုင်းမှတစ်ဆင့် KBZ Pay Level 2 မြှင့်တင်ပေးနိုင်သည်၊ Special Account ပြောင်းပေး နိုင်သည်ဆိုသည်မှာ လိမ်လည်နေသည့်ဖေ့စ်ဘုတ်စ်ပေ့ချ်များသာဖြစ်ပြီး ဘဏ်ဝန်ဆောင်မှုအကြောင်း အရာများကို နီးစပ်ရာဘဏ်(သို့မဟုတ်)ဘဏ်များမှပေးထားသည့် ဖုန်းနံပါတ်များကို ဆက်သွယ်စုံစမ်းကြ ရန်လိုမည်ဖြစ်သည်။

မဇ္ဈိမ၏သတင်းဖတ်ရှုသူများအနေဖြင့် သတင်းတုဟုသံသယရှိသည့် အချက်အလက်များ၊ သတင်းဆောင်း ပါးများ၊ သတင်းမှားများကို ယခုလင့် – https://bit.ly/3x5qnf5 သို့ ဝင်ရောက်ဖြည့်စွက် ရေးသားပေးပို့ မေးမြန်းနိုင်ပါသည်။ mizzima

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s