Monthly Archives: Jan 2023

ချင်းတွင်းမြစ်၌ စစ်ကောင်စီရေယာဉ်ပစ်ခတ်ခံရ၊ ဝက်လက်နှင့် ဂန့်ဂေါတွင် စစ်ကောင်စီတပ် တိုက်ခိုက်ခံရ

စစ်ကိုင်းတိုင်းအတွင်း ချင်းတွင်းမြစ်ကနေ အလုံမြို့၊ မင်းဒေါင့်ဆိပ်ကမ်းဆီကို ဆိုက်ကပ်ဖို့လာတဲ့ စစ်ကောင်စီရေယာဉ်ကို ဇန်နဝါရီ ၁၀ ရက် ညနေ ၄ နာရီက ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ဒေသခံ ပြည်သူ့ကာကွယ်ရေးခေါင်းဆောင်တွေက ပြောပါတယ်။

အဆိုပါ စစ်ကောင်စီရေယာဉ်ဟာ မုံရွာမြို့နယ်၊ အမြင့်အောက်ဘက်ရွာတွေကို မီးရှို့ပြီး အပြန်မှာ အခုလို ပစ်ခတ်တိုက်ခိုက်ခဲ့တာ ဖြစ်တယ်လို့လည်း သိရပါတယ်။

ယင်းမာပင်ခရိုင် တပ်ရင်း-၁၆၊ တပ်ခွဲ-၁ တာဝန်ခံရာမက “(–)မော်တော်က တစီးတည်းပါဗျ။ ဆန်တက်လာတာကို ကျနော်တို့ ကာကွယ်ရေးအဖွဲ့တွေက စောင့်ကြိုတိုက်ခိုက်ခဲ့တာဗျ။ ပစ်တဲ့လက်နက်တွေက လက်နက်ကြီး ပြောင်းတိုက်တွေနဲ့ အလုံးအရေအတွက် အများအပြားနဲ့ ပစ်ခဲ့တယ်ဗျ။ စစ်(–)တွေဘက်က ၂ ယောက် ငရဲကို ပို့နိုင်ခဲ့ပြီး ၄ ယောက် ထိခိုက်ဒဏ်ရာရတယ်လို့ သိထားရတယ်” လို့ပြောပါတယ်။

စစ်ကောင်စီဘက်က ၂ ဦး ကျဆုံးပြီး ၄ ဦး ဒဏ်ရာရရှိတယ်လို့ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေဘက်က ပြောဆိုပေမဲ့ စစ်ကောင်စီဘက်ကတော့ တစုံတရာ သတင်းထုတ်ပြန်ခြင်း မရှိသေးသလို သီးခြားအတည်ပြုနိုင်တာ မရှိသေးပါဘူး။

အဲဒီပစ်ခတ်တာကို ယင်းမာပင်ခရိုင် တပ်ရင်း-၁၆၊ တပ်ခွဲ-၁၊ Brother Defense Force အဖွဲ့နဲ့ Brother Defense Force တပ်စိတ်-၁၊ Naung Gyi People Defense Force အဖွဲ့တို့ ပူးပေါင်းပစ်ခတ်ခဲ့တာလို့လည်း သိရပါတယ်။

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်မှာတော့ မြို့မရဲစခန်းကို ဇန်နဝါရီ ၈ ရက်နေ့က  ဒေသကာကွယ်ရေးတပ်တွေ စုပေါင်းပြီး လက်နက်ကြီးတွေနဲ့ သွားရောက်ပစ်ခတ်ခဲ့ပြီးတဲ့နောက် မင်းစုရပ်ကွက်အစွန်ကို  ထွက်လာတဲ့ စစ်ကောင်စီ၊ ပျူစောထီး ပူးပေါင်းအဖွဲ့တွေနဲ့ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေ အပြန်အလှန် ပစ်ခတ်မှု ဖြစ်ပွားခဲ့ပါတယ်။  

အဲဒီလိုပစ်ခတ်မှုတွေဖြစ်ပွားခဲ့ပြီးတဲ့နောက် စစ်ကောင်စီဘက်က တပ်ဖွဲ့ဝင်တစ်ဦး လမ်းမှာတင်သေဆုံးသွားပြီး နောက်ထပ် နှစ်ယောက်ကတော့ ဆေးရုံမှာ ဆေးကုသရင်း သေဆုံးသွားတာလို့ မျက်မြင်တွေ့ရှိသူ ဒေသခံတစ်ဦးက ပြောပါတယ်။ 

သေဆုံးသူတွေကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက လမ်းတစ်လျှောက်‌ သေနတ်တွေပစ်ဖောက်ပြီး သင်္ချိုင်းကုန်းကို ပို့ဆောင်ပေးခဲ့တယ်လို့လည်း ဆိုပါတယ်။

အခုတိုက်ပွဲမှာ စစ်ကောင်စီနဲ့ ပျူစောထီးအင်အား ၂၀ လောက်ရှိပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက အနီးကပ်သွားပြီးပစ်ခတ်ခဲ့ကာ စစ်ကောင်စီဘက်ကလည်း အပြင်းအထန် ပြန်လည်ပစ်ခတ်ခဲ့တယ်လို့  ပြည်သူ့တော်လှန်ရေးတပ်ဦး(ဝက်လက်)ရဲ့  စစ်ရေးတာဝန်ခံ ရဲဘော်လင်းညိုက ပြောပါတယ်။  

စစ်ကိုင်းတိုင်းထဲမှာ ဒေသကာကွယ်ရေးတပ်တွေနဲ့ အာဏာသိမ်းစစ်ကောင်စီတပ်တွေ မကြာခဏဆိုသလို ထိတွေ့တိုက်ပွဲ ဖြစ်ပွားနေပြီး ဇန်န ဝါရီ ၅ ရက်နေ့ကလည်း စစ်ကောင်စီအထိုင်ချထားတဲ့ ဟံလင်းပျူမြို့ဟောင်းကို ဒေသကာကွယ်ရေးတပ်တွေက ပစ်ခတ်တိုက်ခိုက်ခဲ့ပါသေးတယ်။ 

မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်မှာလည်း ဇန်နဝါရီ ၁၁ ရက် ဒီနေ့မနက်က စစ်ကောင်စီစစ်ကြောင်းနဲ့ ဒေသကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တွေ တိုက် ပွဲဖြစ်ပွားပြီး စစ်ကောင်စီဘက်က ၅ ယောက်လောက် ထိခိုက်နိုင်တယ်လို့ PDF-ဂန့်ဂေါ တောင်ပိုင်းတပ်ဖွဲ့ကနေ သိရပါတယ်။

ဂန့်ဂေါမြို့နယ် ပျားရွာဘက်ကို ဇန်နဝါရီ ၁၀ ရက်က ရောက်ရှိနေတဲ့ ခလရ ၅၀ က အင်အား ၉၀ လောက်ပါတဲ့ စစ်ကောင်စီစစ်ကြောင်းဟာ ဒီနေ့ မနက် ၇ နာရီခွဲလောက်မှာ အောင်မြင်ရွာကို လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ပစ်ခတ်ပြီးဝင်လာလို့ ရွာအဝင်မှာ ဒေသကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တွေနဲ့ တိုက်ပွဲဖြစ်ပွားခဲ့တာလို့ PDF-ဂန့်ဂေါ တောင်ပိုင်းတပ်ဖွဲ့ရဲ့ ပြန်ကြားရေးတာဝန်ခံ ကိုတိုးကြီးက ဒီဗွီဘီကို ပြောပါတယ်။

“အဲဒီတိုက်ခိုက်မှုကို ဒေသကာကွယ်ရေးတပ်ဖွဲ့၊ CDF-KKG တို့နဲ့အတူ ပူးပေါင်းတိုက်ခိုက် ခဲ့တာဖြစ်ပြီး စစ်ကောင်စီဘက်က ၅ ယောက်လောက် ထိခိုက်နိုင်တယ်။ ကျနော်တို့ဘက်က အထိအခိုက်မရှိဘဲ ဆုတ်ခွာနိုင်ခဲ့ကြတယ်။”

စစ်ကောင်စီစစ်ကြောင်းနဲ့ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေ အချိန်မရွေး ထိတွေ့တိုက်ပွဲ ဖြစ်လာနိုင်လို့ မိဘပြည်သူတွေအနေနဲ့ ဂန့်ဂေါ-မင်းရွာ ကားလမ်းကို လုံးဝအသုံးမပြုကြဖို့ သတိပေး တားမြစ်ထားပါတယ်။

ဂန့်ဂေါမြို့နယ်ထဲမှာ PDF စိုးမိုးထိန်းချုပ်နယ်မြေတွေ များပြားလာလို့ စစ်ကောင်စီတပ်က အင်အားအလုံးအရင်း အသုံးပြုပြီး ထိုးစစ်ဆင်ကာ နယ်မြေ ပြန်လည်ထိန်းချုပ်ဖို့ အသည်းအသန် ကြိုးစားလာသလို ကျေးရွာတွေကို မီးရှို့ဖျက်ဆီးတာတွေ၊ ပြည်သူတွေရဲ့ စားနပ်ရိက္ခာတွေနဲ့ အဖိုးတန်ပစ္စည်းတွေကို ခိုးယူတာတွေ၊ အပြစ်မဲ့ပြည်သူတွေကို ဖမ်းဆီးသတ်ဖြတ်တာတွေ ဆက်တိုက်ပြုလုပ်နေတယ်လို့ သိရပါတယ်။DVB

လမိုင်းမြို့၊ နှစ်ကရင်ရွာရဲစခန်းကို PDF တပ်များက သိမ်းပိုက်ပြီး မီးရှို့ဖျက်ဆီး၊ လောင်းလုံးတွင် စစ်တပ်သတင်းပေးဟု သတ်မှတ်ခံရသူတစ်ဦး ပစ်ခတ်ခံရပြီး သေဆုံး

မွန်ပြည်နယ်၊ ရေးမြို့နယ်၊ လမိုင်းမြို့၊ နှစ်ကရင်ကျေးရွာရှိ နယ်မြေ ရဲစခန်းကို PDF တပ်များက ဝင် ရောက်စီးနင်းတိုက်ခိုက်သိမ်းပိုက်ကာ မီးရှို့ဖျက်ဆီးခဲ့ကြောင်း ရေးပြောက်ကျားတပ်ဖွဲ့မှ တာဝန်ရှိ သူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ယနေ့ ဇန်နဝါရီလ ၁၁ ရက် နံနက်အစောပိုင်း ၁ နာရီခန့်တွင် နှစ်ကရင်နယ်မြေ ရဲစခန်းကို ရေးပြောက် ကျားတပ်ဖွဲ့က ဝင်ရောက်စီး နင်းတိုက် ခိုက်ခဲ့ရာ ရဲအားလုံးထွက်ပြေးသွားသဖြင့် ရဲစခန်းအတွင်းရှိ ပစ္စည်းများနှင့် အဆောက်အအုံများ ကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။

“စစ်ခွေးတွေ ဘက်မှာ ထိခိုက်သေဆုံးမှုတွေရှိနိုင်တယ်၊ ကျနော်တို့ဘက်က တော့ အထိအခိုက်မရှိခဲ့ပါ ဘူး။” ဟု ရေးပြောက် ကျားတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆို သည်။

အလားတူ ယနေ့ ဇန်နဝါရီလ ၁၁ ရက် နံနက် ၆ နာရီခွဲခန့်တွင် ကြိုးတံတားကျေးရွာရှိ အကြမ်းဖက်စစ် ကောင်စီ၏ စခန်းအား ရေးပြောက် ကျားတပ်ဖွဲ့မှ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက် ခိုက်ခဲ့ရာ နှစ်ဖက်အပြန် အလှန် ပစ်ခတ်ဖြစ်ခဲ့ပြီး ခမရ ၅၈၈ တပ်မှ လက် နက်ကြီးပစ်ကူမြောက်များစွာ ပစ်ခတ်သဖြင့် ပြန်လည်ဆုတ်ခွာခဲ့ရကြောင်း ရေးပြောက်ကျားတပ်ဖွဲ့ထံမှ သိရသည်။

ထို့ပြင် တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်၊ ဝေဒီရွာတွင် ပျူစောထီးအဖွဲ့ဝင် အမျိုးသမီး ၁ ဦး ပစ်ခတ်ခံရပြီး သေဆုံးခဲ့ကြောင်း နယ်မြေခံ သ တင်းရင်းမြစ်များထံမှ သိရသည်။

ဇန်နဝါရီ ၁၁ ရက်နေ့ မွန်းလွဲ ၁၂ နာရီကျော်ခန့်တွင် လောင်းလုံးမြို့နယ်၊ ဝေဒီရွာ၌ နေထိုင်သည့် ပျူစောထီး အမျိုးသမီး ဖြစ်သူ တင်သန်းကို ၎င်းနေအိမ်တွင် အမည်မသိ သေနတ်သမားများက ဝင်ရောက် ပစ်ခတ် တိုက်ခိုက်ခဲ့ပြီး ပွဲချင်းပြီးသေဆုံးခဲ့ကြောင်း သိရသည်။

သေဆုံးသွားသော ပျူစောထီး တင်သန်းသည် အကြမ်းဖက် စစ်တပ် အာဏာ သိမ်း အချိန်ကစ၍ စစ်တပ်၊ ပျူစောထီးများနှင့် ပူးပေါင်းပြီး နောက်ခံ ကူညီပံ့ပိုးပေးကာ CDM ဝန်ထမ်းများ၏ စာရင်း ကောက်ယူခြင်း၊ စစ်တပ်ကို ပို့ပေးခြင်း၊ မင်္ဂလာပွဲများတွက် ဆက်ကြေးတောင်းခြင်း၊ နိုင်ငံရေး လှုပ်ရှားသူများကို ခြိမ်းခြောက်ခြင်းများ ပြုလုပ်ခဲ့ပြီး တော်လှန်ရေး အဖွဲ့အစည်းများမှ ၎င်းကို ၅ ကြိမ်ထက်မနည်း သတိပေးခဲ့သော် လည်းလိုက်နာခြင်း မရှိသောကြောင့် ရှင်းလင်းခြင်း ဖြစ်ကြောင်း နယ်မြေခံ သတင်းရင်းမြစ်များက ပြောဆိုသည်။khit thit

ဖယ်ခုံမြိုနယ် စစ်ဘေးရှောင်နေသည့်ပြည်သူများ အရေးပေါ်လိုချက်များဖြစ်ပေါ်နေ

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ်၊ လအိကျေးရွာ ဘုန်းတော်ကြီးကျောင်းဝန်းအတွင်း စစ်ဘေးရှောင်နေသည့် ပြည်သူများ တစ်နှစ်နှင့် ရှစ်လကျော်ကြာမြင့်လာပြီဖြစ်သည့်အတွက် စားဝတ်နေရေး၊ ဆေးဝါးနှင့် နေရာထိုင်ခင်းအတွက် မိုးကာများအရေးပေါ်လိုအပ်နေကြောင်း သိရ သည်။

“တိုက်ပွဲကြောင့် စစ်ဘေးရှောင်နေရတာ တစ်နှစ်နဲ့ ရှစ်လရှိသွားပြီး၊ အရင်က ကောင်ဝှပ်စစ်ရှောင်ကနေပြီး လအိစစ်ရှောင်ထဲရောက်လာတယ်၊ လအိစစ်ရှောင်စခန်းမှာက RC – ဘုန်းတော်ကြီးက နွေးထွေးကြိုဆိုလက်ခံကူညီပေးတဲ့အတွက် အဆင်ပြေတယ်၊ အခုဘုန်းကြီးကျောင်းမှာက ကျောင်းသူကျောင်းသားများ၏ ကျောင်းတက်နိုင်ရန် လက်ခံသွားမယ်ဖြစ်တဲ့အတွက်၊ ဘုန်းတော်ကြီးက လအိဘန်ကောက်ရပ်ကွက်မှာ နေရာချပေးထားပါတယ်၊ အဲ့ကြောင့် ဘန်ကောက်ရပ်ကွက်မှာ ပြောင်းရွှေ့နေရတော့ စားဝတ်နေရေးအတွက်နဲ့ နေထိုင်ရန် ယာယီအဆောက်အအုံအတွက် မိုးကာများအရေးပေါ်လိုအပ်နေတယ် ” ဟု စစ်ရှောင်ကော်မတီဝင်တစ်ဦးဖြစ်သည့် CDM ဆရာမတစ်ဦးကပြောသည်။

အဆိုပါ RC – ဘုန်းတော်ကြီးကျောင်းမှာ လာရောက်ခိုလုံသည့် အိမ်ထောင်စု ၆၀ စုရှိပြီး လူဦးရေ စုစုပေါင်း ၃၀၀ ဦးကျော်ရှိသည့်အတွက် နေရာအသစ်တစ်ခုပြောင်းရွှေ့ရမည်ဖြစ်သည့်အတွက် အခက်အခဲများစွာရှိနေသည်ဟု သိရပါသည်။

“နေရာအသစ်တစ်ခု ထပ်မံပြောင်းရွှေ့နေရတော့ လိုအပ်ချက်တွေများစွာရှိနေပါတယ်၊ ယာယီတည်းခိုအိမ်များ ဆောက်လုပ်ရာတွင် အမျိုးသ မီးများကိုယ်တိုင်တည်ဆောက်ရသည့်အတွက် အခက်အခဲနှင့် စိန်ခေါ်မှုများစွာကြုံတွေ့နေရတာပေါ့ ၊ တဲ တစ်ခုဖြစ်ဖို့ကလည်း သံမှို၊ မိုးကာ၊ သွပ်ကြိုး၊ အိမ်သာခွက်က အစများစွာလိုအပ်နေသေးတာပေါ့နော်” ဟု သူမက ဆက်ပြောပါသည်။

စစ်ဘေးရှောင်နေစဥ်အတွင်း အမျိုးသမီးဖြစ်သည့်အတွက် အနောက်မှာနေရင်း မိသားစုတစ်ခုလုံးတာဝန်ယူရခြင်း၊ ဝင်ငွေမရှိခြင်း၊ ကလေးများ၏ ပညာရေး၊ ကျန်းမာရေး၊ စားဝတ်နေရေးအတွက် ဖြေရှင်းပေးရသည့်အတွက် စိန်ခေါ်မှုတွေများစွာ ကြုံတွေ့နေရသည်ဟုလည်း သိရသည်။

တိုက်ပွဲဖြစ်ပွားရာ ဒေသဖြစ်သည့် ဖယ်ခုံ၊ မိုးဗြဲ၊ ဒီးမော့ဆို၊ နန်းမယ်ခုံ၊ စသည့် ကျေးရွာအသီးသီးမှာရှိနေကြသည့် ပြည်သူများက စစ်ဘေးလွတ်ရာ အနောက် ကယန်းအုပ်စုတွင် လာရောက်ခိုလှုံစစ်ရှောင်နေကြရသည်။

တိုက်ပွဲဖြစ်ပွားခြင်းမရှိသည့်နေရာမှာ လာရောက်ခိုလုံနေရပေမဲ့ စစ်ကောင်စီတပ်မှ လက်နက်ကြီးဖြင့် တိုက်လေယာဥ်ဖြင့်သော်လည်းကောင်းစစ်ဘေးရှောင်စခန်းရှိရာနေရာမှာ ပစ်မှတ်ထားတိုက်ခိုက်မှု မကြာခဏပြုလုပ်လျှက်ရှိသည့်အတွက် စစ်ရှောင်ပြည်သူများက စိုးရိမ်မှုရှိကြောင်း သိရှိရသည်။ mizzima

ပုလဲမြို့နယ်တွင် စစ်တပ်နှင့် ပျူစောထီးများ တိုက်ခိုက်ခံရ၊ ဒီပဲယင်း ကျေးရွာ ၂ ရွာကို စစ် တပ် မီးရှို့ဖျက်ဆီး

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်၊ ဇီးဖြူကုန်းကျေးရွာက စစ်ကောင်စီနဲ့ ပျူစောထီးတွေကို ဒီနေ့ ဇန်နဝါရီ ၁၁ ရက် မနက် ၁၁ နာရီ ၄၀ မိနစ်မှာ ဒေသခံ ကာကွယ်ရေးအဖွဲ့တွေ တိုက်ခိုက်ခဲ့ရာမှာ ပျူစောထီးတဦးကျဆုံးတယ်လို့ ဒေသခံ ကာကွယ်ရေးအဖွဲ့ဝင်တွေက ပြောပါတယ်။

ဗိုလ်ဂဠုန်အဖွဲ့ ခေါင်းဆောင်က “ကျနော်တို့ဘက်က သရက်ကန်ရွာက ပြည်သူတွေကို လက်နက်အားကိုးနဲ့ အနိုင်ကျင့် ရွာကိုမီးရှို့လို့ သူတို့ဘက်က ပျူရွာကို သွားတိုက်ခဲ့တာဗျ။ သူတို့အရှေ့ကင်းအထိ ကပ်ပြီး ပစ်နိုင်ခဲ့တယ်ဗျ။ ကင်းတဲ ၂ လုံးကိုလည်း မီးရှို့နိုင်ခဲ့တယ်။ ပျူတကောင်လည်း ကျနော်တို့နဲ့ တိုက်ပွဲဖြစ်ပွားပြီး ကျဆုံးထားတဲ့ အလောင်းတလောင်းလည်း တွေ့ခဲ့ရတယ်ဗျ။ အလောင်းကိုတော့ ကင်းတဲနဲ့အတူ မီး သင်္ဂြိုဟ်ပေးခဲ့တယ်” လို့ ပြောပါတယ်။

အခုတိုက်ပွဲမှာ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေဘက်က အထိအခိုက်၊ အကျအဆုံးမရှိဘဲ စစ်ကောင်စီတပ်ကို တိုက်ခိုက်ခဲ့တာဖြစ်ပြီး အဲဒီတိုက် ပွဲကို ဗိုလ်ဂဠုန်အဖွဲ့၊ သခင်ဒေါင်းညိုအဖွဲ့၊ Myanmar for အဖွဲ့၊ ဆံရှည်ကိုစိုင်းအဖွဲ့ စတဲ့ ဒေသခံ local အဖွဲ့ ၄ ဖွဲ့နဲ့ တိုက်ခိုက်ခဲ့တာလို့လည်း သိရပါတယ်။

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်ထဲက အင်းတိုင်လေးကျေးရွာနဲ့ ချောင်းနားကျေးရွာကို ဇန်နဝါရီ ၁၁ ရက် မနက်ပိုင်းမှာ အာဏာသိမ်းစစ်ကောင် စီတပ်က အင်အား ၁၀၀ လောက်နဲ့ စစ်ကြောင်းထိုး ဝင်ရောက်ပြီး မီးရှို့ ဖျက်ဆီးနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

လက်ရှိအချိန်ထိ နှစ်ရွာပေါင်း အိမ်ခြေ ၄၁ လုံးလောက် မီးလောင်ပျက်ဆီးသွားပြီး အင်းတိုင်လေးကျေးရွာထဲက အသက် ၈၅ နှစ်အရွယ် အမျိုး သားတဦးကတော့ မရှောင်တိမ်းနိုင်တော့တဲ့အတွက် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက မီးရှို့သတ်ဖြတ်သွားတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

“ကျနော်တို့ကတော့ အတတ်နိုင်ဆုံး လိုအပ်တဲ့အကူအညီတွေ ပေးအပ်နေပါတယ်။ အခုတလော မီးသင့်အိမ် များတဲ့အတွက် ဆန်တပြည် ငွေတသောင်းပဲ ပေးနိုင်တယ်။ နိုင်ငံတကာအနေနဲ့ရော ပြည်သူများပါ အတတ်နိုင်ဆုံး လူသားချင်းစာနာထောက်ထားမှု အကူအညီတွေ ထောက်ပံ့ပေးဖို့ပဲ အဓိက တောင်းဆိုချင်ပါတယ်” လို့ ဒီပဲယင်းမြို့နယ် ထောက်ပို့အဖွဲ့ဖြစ်တဲ့ ဒီပဲယင်းညီနောင်များအဖွဲ့ရဲ့ တာဝန်ခံ ကိုကြီးဖြိုးက ဒီဗွီဘီကို ပြောပါတယ်။

အဲဒီနေရာမှာ တိုက်ပွဲတွေမရှိဘဲနဲ့ ပြည်သူတွေရဲ့ အိုးအိမ်တွေကို မီးရှို့ပြီး အခုလို သတ်ဖြတ်သွားတာဖြစ်ကာ ရွေးကောက်ပွဲနီးလာတာနဲ့အတူ နယ်မြေစိုးမိုးမှု ပြန်လိုချင်တဲ့အတွက် အခုလို နယ်မြေတွေကို ပြန်သိမ်းနေတာ ဖြစ်နိုင်တယ်လို့ ဒီပဲယင်းဒေသခံတဦးက ဆိုပါတယ်။

ဒီပဲယင်းမြို့နယ်ထဲမှာ ၂၀၂၃ ခုနစ် ဇန်နဝါရီလ ဒုတိယပတ် အစပိုင်းထိ ၁၁ ရက်အတွင်း ကျေးရွာပေါင်း ၁၂ ရွာက အိမ်ခြေပေါင်း ၃၇၀ ကျော် မီးရှို့ဖျက်ဆီးခံခဲ့ရပြီး မီးရှို့သတ်ဖြတ်ခံရသူ ၂ ဦးနဲ့ ၆ ဦးကတော့ ပျောက်ဆုံးနေဆဲဖြစ်တယ်လို့ ဒေသတွင်း သတင်းအချက်လက်တွေအရ သိရပါတယ်။ DVB

ချင်းအမျိုးသား တပ်ဦး CNF ဌာနချုပ်ကို ယ နေ့ ညနေပိုင်း တွင် ဒုတိယအကြိမ် စစ်ကောင်စီက တိုက်လေယာဉ်ဖြင့် ဗုံးထပ်ကျဲ

ချင်းပြည်နယ်၊ ချင်းအမျိုးသား တပ်ဦး CNF ဌာနချုပ်ကို ယနေ့ ညနေပိုင်းတွင် ဒုတိယအကြိမ် စစ်ကောင်စီက တိုက်လေယာဉ်ဖြင့် ဗုံးထပ်ကျဲကြောင်း ချင်းအမျိုး သားတပ်ဦး သတင်းရင်းမြစ်များထံမှ သိရှိရသည်။

ဇန်နဝါရီလ ၁၁ ရက်နေ့ မွန်းလွဲ ၄ နာရီဝန်းကျင်အချိန်တွင် CNF ဌာနချုပ်ကို စစ်ကောင်စီက လေယာဉ် ၃ စီးဖြင့် ထပ်မံ ဗုံးကျဲခြင်း ဖြစ် ကြောင်း သိရှိရသည်။

“ဂျက်ဖိုက်တာ အပြာရောင် ၃ စီးနဲ့ ကျဲချသွားတာ။ ထိခိုက်ဒဏ်ရာရရှိမှု အခြေ အနေ မသိရသေးဘူး။ မနေ့က ပထမအကြိမ် ကျဲတာ။ အခုက ဒုတိယအကြိမ် ထပ်ကျဲတာ။ မီးခိုးလုံးတွေ တက်လာတယ်” ဟု ချင်း အမျိုးသား တပ်ဦး နှင့်နီးစပ်သည့် သတင်းရင်းမြစ်က ပြောသည်။

ယမန်နေ့ နံနက်ပိုင်းကလည်း CNF ဌာနချုပ်ကို ပထမအကြိမ် တိုက်လေယာဉ် ဖြင့် ဗုံးကျဲခဲ့သဖြင့် တော်လှန်ရေးရဲဘော် ၅ ဦးကျဆုံးခဲ့ရကြောင်း သိရှိရသည်။ khit thit

စာသင်ကျောင်းစုံညီပွဲတော် လုံခြုံရေးလာပေးသည့်စစ်ကားများ အပြန်၌ မိုင်းဆွဲခံရပြီး ၆ ဦးသေ ၁၀ဦးဒဏ်ရာရ

မန္တလေးတိုင်း၊ ငါန်းဇွန်မြိုနယ် မြို့သာမြို့တောင်ဘက် နဘူးတောကျေးရွာမှ စာသင်ကျောင်းစုံညီပွဲတော်ကိုလာရောက်လုံခြုံရေးပေးသည့် စစ်ကောင်စီကားများ ပြန်အထွက်၌ မိုင်းဆွဲတိုက်ခိုက်ခံခဲ့ရပြီး စစ်ကောင်စီတပ်သား ခြောက်ဦးခန့်သေဆုံးကာ ၁၀ဦးခန့်ဒဏ်ရာရရှိခဲ့ကြောင်း နဂါးနီ ပြောက်ကျားတပ်ဖွဲ့ (မြင်းခြံ)ထံက သိရသည်။

ယမန်နေ့ ဇန်နဝါရီလ၁၀ရက်နေ့ နေ့လယ် ၁နာရီခန့်က ဖောကား တစ်စီး၊ခွေးဘီလူးကားနှစ်စီး အင်အား၆၀ခန့်ဖြင့် လုံခြုံရေးယူပြီး ပြန်လာသည့်စစ်ကောင်စီယာဥ်တန်းကို မြို့သာမြို့နှင့် စက်မှုဇုန်အကြားတွင် မိုင်း ၁၅လုံးခွဲကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“ဒီနေ့မနက်ရတဲ့သတင်းအရ စကစတပ်သား ခြောက်ယောက်သေတယ်။၁၀ဦးဒဏ်ရာရတယ်လို့ သိရတယ်။ မြို့သာဘက်ကနေ နာရေးကား သုံးစီးလာပြီး အလောင်းတွေနဲ့ ဒဏ်ရာရသူတွေတင်ပြီး မြို့သာဘက်ပြန်မောင်းသွားတယ်။ အဲဒီကားတွေနဲ့ ကျန်တဲ့သူတွေကတော့ မြင်းခြံဘက်ကိုပြန်ထွက်သွားတယ်”ဟု နဂါးနီပြောက်ကျားတပ်ဖွဲ့ (မြင်းခြံ )မှတာဝန်ရှိသူတစ်ဦးက ပြောသည်။

မိုင်းဆွဲတိုက်ခိုက်ခံခဲ့ရပြီးနောက် စစ်ကောင်စီတပ်များဟာ အနီးပတ်ဝန်းကျင်ကို လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ရမ်းသန်းပစ်ခတ်ခဲ့ကြောင်း သိရသည်။

ထို့အပြင် အနီးနားကျေးရွာများမှ ဒေသခံအမျိုးသား သုံးဦးကိုလည်း မတရားဖမ်းဆီးသွားကြောင်းဒေသခံများထံက သိရသည်။ mizzima

အဆိုတော်ထျန်ခေး ရိုက်ကူးသည့် “The teacher The school” ရှမ်းတော်လှန်ရေးရုပ်ရှင် ကြည့်ရှုအားပေးနိုင်

အဆိုတော် ထျန်ခေး ကိုယ်တိုင်ရိုက်ကူးပြီး တပည့်သင်တန်းသားလေးတွေ သရုပ်ဆောင်ထားတဲ့ “The teacher & The school” ရှမ်းတော် လှန်ရေး ရုပ်ရှင်ဇာတ်ကားကို ကြည့်ရှုအားပေးနိုင်ဖို့အတွက် လက်မှတ်တွေ ရောင်းချပေးနေပါတယ်။

အဆိုတော် ထျန်ခေးကို စစ်ကောင်စီက ပုဒ်မ ၅၀၅ နဲ့ ဖမ်းဝရမ်းထုတ်ထားလို့ ရှမ်းပြည်နယ်ရှိ တိုင်းရင်းသားဒေသတခုမှာ သွားရောက်ရှောင် တိမ်းရင်း ရှမ်းတိုင်းရင်းသားလူငယ်တွေကို မီဒီယာလုပ်ငန်းနဲ့ပတ်သက်ပြီး သင်ကြားပေးခဲ့ရာ သင်တန်းပြီးဆုံးတဲ့အချိန်မှာ လက်တွေ့ ပရောဂျက်အနေနဲ့ The teacher & The school ရုပ်ရှင်ကို ရိုက်ကူးခဲ့တာလို့ အဆိုတော်ထျန်ခေးက ပြောပါတယ်။

The teacher & The school ဟာ ရှမ်းတော်လှန်ရေးရုပ်ရှင်ဇာတ်ကားဖြစ်ပြီး စစ်တပ်က ရှမ်းပြည်သူလူထုအပေါ် ရက်စက်ယုတ်မာခဲ့တဲ့ ဖြတ်လေးဖြတ်ကို အခြေခံကာ ၁၉၉၀ ပြည့်နှစ်လောက်က ရှမ်းစာသင်ခွင့် ပိတ်ပင်ခဲ့တဲ့ အကြောင်းအရာတွေကို အဓိကရိုက်ကူးထားပြီး သင်တန်းသားတွေရဲ့ မဲခွဲဆုံးဖြတ်ချက်နဲ့ ရိုက်ကူးဖြစ်ခဲ့တာလို့ ဆိုပါတယ်။

အဆိုတော်ထျန်ခေးက “ဖြတ်လေးဖြတ်မှာ တခန်းစီတော့ ပါတာပေါ့။ ပညာရေးဖြတ်တောက်မှုကို အဓိက ရိုက်ကူးထားတာပါ။ အရင်ခေတ်တုန်းကဆိုရင် အခွင့်အရေးချိုးဖောက်ခံရတာ၊ ဥပမာ ဆန်တွေသယ်လာရင် ဆန်တွေတောင်းတာမျိုး၊ မပေးရင် သတ်ပစ်တာမျိုး၊ အမျိုးသမီးငယ်လေးတွေကို အဓမ္မကျင့်တာမျိုး၊ လမ်းသွားလမ်းလာတွေကို ဖြတ်သန်းသွားလာခွင့်မပြုတာ၊ ဆက်သွယ်ရေးကိစ္စတွေကို ဖြတ်တောက်ပစ်တာမျိုးတွေကို ဟိုးအရင်ကတည်းက ရှမ်းပြည်သူလူထုအပေါ် စစ်တပ်က ကျူးလွန်ခဲ့တာတွေကို အခြေခံပြီး ရိုက်ထားတာပေါ့” လို့ ပြောပါတယ်။

အဆိုပါဇာတ်လမ်းကို ကိုယ်တိုင်ကြုံတွေ့ခဲ့ရတဲ့ ရှမ်းဆရာမတယောက်ရဲ့ ဖြစ်ရပ်မှန်တွေနဲ့ စစ်တပ် လူမဆန်စွာ ယုတ်မာခဲ့တာတွေကို ရိုက်ကူးပုံဖော်ထားတယ်လို့ ဆိုပါတယ်။

The teacher & The school ရုပ်ရှင်ရိုက်ကူးရာမှာ ဒရုန်းအခက်အခဲနဲ့ ငွေကြေးချပေးတဲ့ ဘတ်ဂျက်မဟုတ်ဘဲ သင်တန်းသင်ကြားရေးအ တွက် ကူညီပေးကြတဲ့သူတွေနဲ့ စုပေါင်းပြီး ရိုက်ကူးထားတာဖြစ်လို့ ဘတ်ဂျက်အခက်အခဲ ရှိခဲ့တယ်လို့ ပြောပါတယ်။

ရုပ်ရှင်လက်မှတ်တွေကို VIP အနေနဲ့ လက်မှတ်အစောင်ရေ ၅၀၀ ကို မြန်မာငွေ ၁၀,၀၀၀ ကျပ်နဲ့ ထိုင်းနိုင်ငံကနေ ဝယ်ယူမယ်ဆိုပါက ထိုင်းဘတ်ငွေ ၂၀၀ ဘတ် သတ်မှတ်ထားပြီး VIP လက်မှတ်တွေ ရောင်းကုန်မှသာ မြန်မာငွေ ၅,၀၀၀ ကျပ်နဲ့ လက်မှတ်အစောင်ရေ ၁,၀၀၀ ကို လျှော့ချရောင်းပေးသွားမယ်လို့ ကိုထျန်ခေးက ပြောပါတယ်။

လက်ရှိအချိန်အထိ လက်မှတ်အစောင်ရေ ၂၀၀ ကျော် ရောင်းချထားနိုင်ပြီး ရုပ်ရှင်ကို ရှမ်းမျိုးဆက်သစ် ပရဟိတကျောင်းများ၊ ရှမ်းတော် လှန်ရေး လေ့ကျင့်ရေးကျောင်းတွေမှာ ၅ ကြိမ်မြောက် ပြသခဲ့ပြီးဖြစ်သလို ရှမ်းပြည်သူတွေရဲ့ အားပေးထောက်ခံမှု အပြည့်အဝ ရရှိထားတယ်လို့ သိရပါတယ်။

“ပထမဦးဆုံးအနေနဲ့ ရှမ်းတို့ရဲ့အလံတော်ကို အလေးပြုပြီး ကြည့်ရတဲ့ ပထမဆုံးရုပ်ရှင်ကို စတင်ကြည့်ရတော့ ကျနော် အရမ်းကို ဝမ်းသာအား ရ ပီတိဖြစ်မိပါတယ်။ ကျနော် တကယ်မျှော်လင့်ထားတဲ့ ခံစားချက်မျိုးကို ခံစားရတော့ ဝမ်းသာ မျက်ရည်ကျလု မတတ်ပါပဲ။ ကျနော်က အ ဆိုတော်ဆိုပေမဲ့ ရုပ်ရှင်ကို ချစ်ခင်မြတ်နိုးသူတယောက်ပါ” လို့ ကိုထျန်ခေးက ပြောပါတယ်။

The teacher & The school ရုပ်ရှင်လက်မှတ်တွေကို Telegram channel @Buy_Ticket_For_Movie မှာ ဆက်သွယ်ဝယ်ယူနိုင်ပါတယ်။DVB

ဆားလင်းကြီးတွင် စစ်ရေယာဥ် ၁ စီးကို PDF တပ်ဖွဲ့များက ၂ ကြိမ် ပစ်ခတ် တိုက်ခိုက်

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်တွင် အကြမ်းဖက် စစ်တပ် ရေယာဥ် ၁ စီး ကို PDF တပ်ဖွဲ့များက ၂ ကြိမ်ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း Salingyi G-Z People’s Defense Force အဖွဲ့ထံမှ သိရသည်။

ဇန်နဝါရီ ၁၀ ရက်နေ့ နံနက် ၇ နာရီခန့်တွင် မုံရွာမြို့ အခြေစိုက် အနောက် မြောက်ပိုင်း တိုင်း စစ်ဌာနချုပ် (နမခ)မှ အင်အား ၅၀ ခန့်လိုက်ပါလာသော ရေယာဥ် ၁ စီးကို ဆားလင်းကြီးမြို့နယ်၊ ရွှေဂုန်းရွာအနီး ရေပိုင်နက် အရောက် တွင် ကာကွယ်ရေးအဖွဲ့ ၄ ဖွဲ့က စောင့်ကြိုတိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ယမန်နေ့ ညနေ ၄ နာရီခန့်တွင်လည်း ဒေသခံ ကာကွယ်ရေး တပ်ဖွဲ့များက ထပ်မံတိုက် ခိုက်ခဲ့ကြောင်း၊ ယင်း ရေယာဥ်သည် ချင်းတွင်းမြစ် ကြောင်း အတိုင်း မုံရွာမြို့မှ ချောင်းဦးမြို့နယ်၊ အမြင့်ကျေးရွာသို့ ထွက်ခွာလာခြင်းဖြစ်ကြောင်း၊ ထိုထိတွေ့ တိုက်ပွဲ ၂ ကြိမ်အတွင်း အကြမ်း ဖက် စစ်တပ်ဘက်မှ ထိခိုက် သေဆုံးမှု ရှိသော်လည်း အသေအပျောက် စာရင်း မသိသေးကြောင်း ဒေသခံ ကာကွယ်ရေး တပ်ဖွဲ့များထံမှ သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို Salingyi G-Z People’s Defense Force၊ Black Shadow-PDF၊ Black Vote Fighter၊ Salingyi G.Z People’s Defense Force ဓါးမဆိုင်းတပ်မတော် ယင်းမပင်တပ်ရင်း(၂၈ )SRA PDF မျိုးဆက် သစ်လူငယ် Local PDF၊ Black Force Fighter၊ Bed ငညို၊ People’s Defense Army-Yinmarbi၊ Young People Force၊ မဲမှောင်ပြောက် ကျားတပ်ဖွဲ့၊ ဗိုလ်နှုတ်ခမ်းမွှေးနှင်ရဲဘော်များ၊ ယင်းမာပင်ခရိုင်တပ်ရင်း ၁၆ တပ်ခွဲ-၂၊ MRDA ဆားလင်းကြီးတပ်ခွဲ-သုဘရာဇာနှင့် ပြည်ထောင်စု လွတ် မြောက် ရေးတပ်ဉီး(ဗဟို)တို့မှ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။ khit thit

« Older Entries