ဆားလင်းကြီးတွင် စစ်ရေယာဥ် ၁ စီးကို PDF တပ်ဖွဲ့များက ၂ ကြိမ် ပစ်ခတ် တိုက်ခိုက်

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်တွင် အကြမ်းဖက် စစ်တပ် ရေယာဥ် ၁ စီး ကို PDF တပ်ဖွဲ့များက ၂ ကြိမ်ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း Salingyi G-Z People’s Defense Force အဖွဲ့ထံမှ သိရသည်။

ဇန်နဝါရီ ၁၀ ရက်နေ့ နံနက် ၇ နာရီခန့်တွင် မုံရွာမြို့ အခြေစိုက် အနောက် မြောက်ပိုင်း တိုင်း စစ်ဌာနချုပ် (နမခ)မှ အင်အား ၅၀ ခန့်လိုက်ပါလာသော ရေယာဥ် ၁ စီးကို ဆားလင်းကြီးမြို့နယ်၊ ရွှေဂုန်းရွာအနီး ရေပိုင်နက် အရောက် တွင် ကာကွယ်ရေးအဖွဲ့ ၄ ဖွဲ့က စောင့်ကြိုတိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ယမန်နေ့ ညနေ ၄ နာရီခန့်တွင်လည်း ဒေသခံ ကာကွယ်ရေး တပ်ဖွဲ့များက ထပ်မံတိုက် ခိုက်ခဲ့ကြောင်း၊ ယင်း ရေယာဥ်သည် ချင်းတွင်းမြစ် ကြောင်း အတိုင်း မုံရွာမြို့မှ ချောင်းဦးမြို့နယ်၊ အမြင့်ကျေးရွာသို့ ထွက်ခွာလာခြင်းဖြစ်ကြောင်း၊ ထိုထိတွေ့ တိုက်ပွဲ ၂ ကြိမ်အတွင်း အကြမ်း ဖက် စစ်တပ်ဘက်မှ ထိခိုက် သေဆုံးမှု ရှိသော်လည်း အသေအပျောက် စာရင်း မသိသေးကြောင်း ဒေသခံ ကာကွယ်ရေး တပ်ဖွဲ့များထံမှ သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို Salingyi G-Z People’s Defense Force၊ Black Shadow-PDF၊ Black Vote Fighter၊ Salingyi G.Z People’s Defense Force ဓါးမဆိုင်းတပ်မတော် ယင်းမပင်တပ်ရင်း(၂၈ )SRA PDF မျိုးဆက် သစ်လူငယ် Local PDF၊ Black Force Fighter၊ Bed ငညို၊ People’s Defense Army-Yinmarbi၊ Young People Force၊ မဲမှောင်ပြောက် ကျားတပ်ဖွဲ့၊ ဗိုလ်နှုတ်ခမ်းမွှေးနှင်ရဲဘော်များ၊ ယင်းမာပင်ခရိုင်တပ်ရင်း ၁၆ တပ်ခွဲ-၂၊ MRDA ဆားလင်းကြီးတပ်ခွဲ-သုဘရာဇာနှင့် ပြည်ထောင်စု လွတ် မြောက် ရေးတပ်ဉီး(ဗဟို)တို့မှ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။ khit thit

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s