ဆားလင်းကြီးမြို့နယ် ပေါင်းဝဆိပ်ကမ်းအနီးတွင် စစ်ကောင်စီရေယာဉ်များ တိုက်ခိုက်ခံရ

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ် ပေါင်းဝကျေးရွာဆိပ်ကမ်းအနီး ချင်းတွင်းမြစ်ကြောင်းမှ မုံရွာဘက်သို့ဆန်တတ်လာသည့် စစ်ကောင်စီရေယာဉ်များကို ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ဇန်နဝါရီလ ၁၀ ရက်နေ့ ညနေ ၄ နာရီခွဲအချိန်တွင် ရှေ့ထွက်မိုင်းများဖြင့်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

အဆိုပါတိုက်ခိုက်မှုတွင် စစ်ကောင်စီတပ်သားများဘက်မှ အထိအခိုက်အသေဆုံးရှိနိုင်ကြောင်း Aung San Force တပ်ဖွဲ့ သတင်းနှင့် ပြန်ကြား ရေးတာဝန်ရှိသူတစ်ဦးကပြောသည်။

“ ဆားလင်းကြီးမြို့ကစခန်းတွေကိုအင်အားဖြည့်ပြီး မုံရွာဘက်ကိုဆန်တက်လာတဲ့ရေယာဉ်တွေကို တိုက် ခဲ့တာဖြစ်ပါတယ်။ ကျနော်တို့ဘက်ကတော့ လက်လုပ်ရှေ့ထွက်မိုင်းအကြီးတွေနဲ့ အဓိကထားပြီး ပစ်ခတ် တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။ လက်နက်ငယ်တွေနဲ့ အပြန်အလှန်ပစ်ခတ်မှုကြာချိန် မိနစ် ၃၀ ခန့်ရှိခဲ့တယ်။ စစ်ကောင်စီတပ်သားတွေဘက်က အထိအခိုက်တွေရှိနိုင်ပေမဲ့ အခုအချိန်ထိတော့ အတည်ပြုလို့ မရသေး ဘူး” ဟု ၎င်းက ဆိုသည်။

အဆိုပါတိုက်ပွဲကို မုံရွာခရိုင် အမှတ်(၅) တပ်ရင်း (A.S. F) ၊ Special Guerilla Force Monywa ၊ Dragon Brothers PDF ၊ Black Wolf Defense Force- Monywa နှင့် စေတန်တပ်ဖွဲ့တို့ ပူးပေါင်း၍ တိုက်ခိုက်ခဲ့ ကြောင်း သိရသည်။mizzima

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s