ဘီးလင်းတွင် စစ်တပ်ယာဉ်တန်းကို မိုင်းဆွဲမှု စစ်သား ၇ ဦးသေဆုံးပြီး ၃ ဦးဒဏ် ရာ ပြင်း ထန်၊ ကျိုက္ကော်နှင့်ဘီးလင်းအကြားတွင် စစ် တပ်ကုန်စည်သယ် ရထား ကို မိုင်းဆွဲတိုက်ခိုက်

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်တွင် စစ်တပ်ယာဉ်တန်းကို မိုင်းဆွဲတိုက်ခိုက်ရာ စစ်သား ၇ ဦးသေဆုံးပြီး ၃ ဦးအပြင်းအထန်ဒဏ်ရာရရှိကြောင်း PDF သတင်း ရင်းမြစ်က ပြောသည်။
ဇန်နဝါရီလ ၁၀ ရက်နေ့ မွန်းလွဲ ၁ နာရီဝန်ကျင်အချိန် ဘီးလင်းမြို့နယ်၊ ဒေါက် ရပ် ကျေးရွာ၊ ရွှေအင်တုံကုန်းတွင် စစ်ကားတန်းကို KNLA ၊ PDF ပူးပေါင်းတပ် များက မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း၊ မိုင်းဆွဲမှုကြောင့် စစ်ကား ၂ စီး ထိမှန်ပြီး စစ်တပ်ဘက်မှ ၇ ဦး ပွဲချင်းပြီးသေဆုံးကာ ၃ ဦးမှာ ဆေးရုံတင်ပို့ ကုသနေရ ကြောင်း သိရှိရသည်။
” မနေ့က မိုင်းဆွဲတာက ရွှေအင်တုံကုန်းဆင်း ဘီးလင်းနှင့်သထုံအကြားမှာပါ။ စစ်ခွေး ကား၂စီး ပျက်စီးတယ်။ စစ်ခွေး ၇ ကောင်သေတယ်။ ၃ ကောင် ဒဏ် ရာ ရတယ်” ဟု PDFသတင်းရင်းမြစ်က ပြောသည်။
ထို့ပြင် ဇန်နဝါရီလ ၁၀ ရက်နေ့ ည ၈ နာရီအချိန် မွန်ပြည်နယ်၊ ကျိုက္ကော် နှင့် ဘီးလင်း အကြား စစ်တပ်ကုန်စည်တင် ရထားကို KNLA နှင့်PDF ပူးပေါင်း တပ် များက မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။khit thit