မလေးရှားရောက် ချင်းတိုင်းရင်းသားများဖမ်းခံရမှု PDF လက်ထောက်ချသည်ဟုဆိုကာ သ တင်းမှားဖြန့်

မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့၊ ဂျလန်အမ်ဘီတွင် ဇန်နဝါရီလ ၆ ရက်နေ့က ချင်းတိုင်းရင်း သား အများအပြား ဖမ်းဆီးခံရမှုဖြစ်စဉ်သည် PDF များ၏လက်ထောက်ချမှုကြောင့်ဟုဆိုသည့်သတင်း ပျံ့နှံ့နေ သည်။ ယင်းမှာ မှားယွင်းနေသည်။
“မှိုင်းဝေ” အမည်ရှိ တယ်လီဂရမ်ချန်နယ်မှ “မလေးရှားနိုင်ငံကို တရားမဝင်သွားရောက်ပြီး အလုပ်လုပ်နေ ကြတဲ့ ချင်းတိုင်းရင်းသားများကို PDF ထောက်ပံ့ရေးရန်ပုံငွေအဖွဲ့မှ လက်ထောက်ချပြီး မလေးရှားရဲကို ဖမ်းခိုင်း” ဟု ဆိုကာ ပုံများနှင့်တကွဖြန့်ဝေထားသည်။ ယင်းကို အခြားချန်နယ် ၁၅ ခုမှ ပြန်လည် ဖြန့်ဝေ ထားသည်။
မဇ္ဈိမအနေဖြင့် ထိုအကြောင်းနှင့်ပတ်သက်၍ အချက်အလက်စစ်ဆေးခဲ့ရာ New Straits Times သတင်း ဌာနက ဇန်ဝါရီလ ၆ ရက်ညနေ့က မလေးရှားလူဝင်မှုကြီးကြပ်ရေးမှ စစ်ဆင်ရေးအနေဖြင့် ကွာလာလမ်ပူ မြို့၊ ဂျလန်အမ်ဘီတွင် နိုင်ငံခြားသား ၁,၀၀၀ ကျော်ကိုဖမ်းဆီးခဲ့ကြောင်း ဖော်ပြထားသည်။ ထိုအထဲတွင် မြန်မာနိုင်ငံမှ ချင်းတိုင်းရင်းသားများကို ဒုက္ခသည်ကတ် တရားမဝင်ထုတ်ပေးနေသည့်အဖွဲ့ကိုပါ ဖမ်းဆီး ရမိကြောင်း ဖော်ပြထားသည်။
အဖမ်းခံရသူများတွင် မြန်မာ၊ ဘင်္ဂလားဒေ့ရှ်၊ အိန္ဒိယ၊ အင်ဒိုနီးရှား၊ နီပေါနှင့် ပါကစ္စတန်တို့မှ ရွှေ့ပြောင်း လုပ်သားများပါဝင်ကြောင်း ဖော်ပြထားသည်။ အဆိုပါသတင်းတွင် မလေးရှားလူဝင်မှုကြီးကြပ်ရေးမှ တရားမဝင် ရွှေ့ပြောင်းလုပ်သားများကို စီမံချက်ဖြင့်ဖမ်းဆီးခြင်းဖြစ်သည်ဟု ဖော်ပြထားသည်။ လင့် – https://bit.ly/3GulD5U
မလေးရှားရောက် ချင်းဒုက္ခသည်များကော်မတီ (Chin refuge committee)မှ တာဝန်ရှိသူမှလည်း “အခု ဖမ်းခံရတာ တော်လှန်ရေးနဲ့မဆိုင်ပါဘူး၊ နှစ်ကုန်တိုင်း သူတို့မှာစီမံချက်နဲ့ အဖမ်းအဆီးလုပ်လေ့ရှိတယ်။ အခုဖမ်းခံရတဲ့နေရာက ဘင်္ဂလားဒေ့ရှ်တွေ အရမ်းများတယ်၊ အခုအယောက် ၅၀၀ ကျော်ဖမ်းခံထိတယ်၊ UN card ကိုင်သူတွေ နေရာတင်ပြန်လွတ်လာပါတယ်” ဟု ဆိုသည်။
မလေးရှားနိုင်ငံတွင် ပြီးခဲ့သည့် ၂၀၂၂ နှစ်ကုန်ပိုင်းမှ စတင်၍ အော်ပရာစီ စီမံချက်ဟုဆိုကာ တရားမဝင် ဝင်ရောက်သူများကို ဖမ်းဆီးမှုများနေကြောင်း ရွှေ့ပြောင်းလုပ်သားအရေး လှုပ်ရှားသူတစ်ဦးကလည်း ဆို သည်။
ထို့ကြောင့် လက်ရှိပျံ့နှံ့နေသည့် PDF များလက်ထောက်ချမှုကြောင့် မလေးရှားရောက် မြန်မာများဖမ်းဆီး ခံရသည်ဆိုသည်မှာ သတင်းအမှားဖြစ်ပြီး တရားမဝင် ဝင်ရောက်နေသူများကို မလေးရှားအစိုးရက ဖမ်းဆီးခြင်းသာဖြစ်သည်။
မဇ္ဈိမ၏သတင်းဖတ်ရှုသူများအနေဖြင့် သတင်းတုဟုသံသယရှိသည့် အချက်အလက်များ၊ သတင်းဆောင်း ပါးများ၊ သတင်းမှားများကို ယခုလင့် – https://bit.ly/3x5qnf5 သို့ ဝင်ရောက်ဖြည့်စွက် ရေးသားပေးပို့ မေးမြန်းနိုင်ပါသည်။mizzima