မိုးကုတ်တွင် ကျောက်မျက်တူးဖော်ခွင့် ရင်းနှီးမြုပ်နှံသူများကို NUG ဖိတ်ခေါ်မည်

မိုးကုတ်တွင် ကျောက်မျက်တူးဖော်ခွင့် ပြည်တွင်းပြည်ပရင်းနှီးမြုပ်နှံသူများကို ဖိတ်ခေါ်မည်ဟု NUG စီမံကိန်း၊ ဘဏ္ဍာ ရေးနှင့် ရင်းနှီးမြုပ်နှံမှု ဝန်ကြီး ဦးတင်ထွန်းနိုင်က ပြောသည်။
” ကမ္ဘာသိ မိုးကုတ်ရတနာနယ်မြေမှာ ကျောက်မျက်တူးဖော်ခွင့် ( Mining Right )ကို တော်လှန်ရေးအပေါ် သက်ဝင်ယုံကြည်၊ အောင်မြင်လိုစိတ် ပြင်းပျတဲ့ ပြည်တွင်း၊ ပြည်ပကရင်းနှီးမြှုပ်နှံ လိုသူတွေ ဖိတ်ခေါ်ပြီး နိုင်ငံတော်နှင့်အကျိုးတူ ဆောင်ရွက် သွားမယ့် စီမံကိန်းလည်း ပါဝင်ပါတယ်” ဟု ဦးတင်ထွန်းနိုင်က သူ၏ လူမှုကွန်ရက်မှတစ်ဆင့် အသိပေးသည်။
ကျောက်မျက်တူးဖော်ခွင့်မှာ မိုးကုတ်တွင် စတင်ပြုလုပ်မည်ဖြစ်ပြီး Early Partnership Program ၏ ပွဲဦးထွက် အစီအစဉ် တစ်ခု ဖြစ် ကြောင်း၊ မိုးကုတ်စီမံကိန်းနှင့် ပတ်သက်ပြီး အသေးစိတ် အစီအစဉ်များကို မကြာခင်ကြေညာမည်ဖြစ် ကြောင်း ဦးတင်ထွန်းနိုင်က ပြောသည်။
နွေဦးတော်လှန်ရေးအတွက် ဘဏ္ဍာငွေအချိန်မီ ထောက်ပံ့နိုင်ရေးမှာ အရေးကြီးသည့် အခန်းကဏ္ဍဖြစ်ကြောင်း၊ တော်လှန်ရေးအတွက် ကျရာနေရာက တတ်နိုင်သည့်အ ခြေအ နေများမှတစ်ဆင့် အတူတူ ရုန်းကြရန် NUG ဝန်ကြီးက မေတ္တာရပ်ခံသည်။
NUG စီမံကိန်း၊ ဘဏ္ဍာ ရေးနှင့် ရင်းနှီးမြုပ်နှံမှု ဝန်ကြီးဌာနက စစ်တပ်က အပိုင်စီးထားသည့် ရန်ကုန်၊ မန္တလေး အစရှိသည့် မြေနေရာများ၊ စစ် ကောင်စီ ခေါင်း ဆောင် မင်း အောင်လှိုင်၏ နေအိမ်များကို ပြည်သူလူထုထံ ပြန်လည်ရောင်းချခြင်း၊ ငွေတိုက်စာချုပ်များ ရောင်းချခြင်းများကို လုပ်ကိုင်လျက်ရှိပြီး ဝယ်ယူသူ များပြားခဲ့သည်။
ယင်းအစီအစဉ်များမှာလည်း ဆက်လက်လုပ်ကိုင်နေပြီး Early Partnership Program မှာ အစီအစဉ်အသစ် တစ်ခုဖြစ်ကြောင်း၊ ယင်းအစီ အစဉ်တွင် တန်ဖိုးသင့်တိုက်ခန်းများ၊ အဆင့်မီကွန်ဒိုများ တည်ဆောက်ရောင်းချမည့် အစီအစဉ်များလည်း ပါဝင်သည်ဟု NUG ဝန်ကြီးက ပြော သည်။
” ဦးစားပေးအနေနဲ့ အကြမ်းဖက်စစ်တပ် မောင်ပိုင်စီးထားတဲ့ ရန်ကုန်မြို့ အချက်အချာမြေနေရာတွေမှာ တည်ဆောက်ရောင်းချမယ့်အနာဂတ်စီမံကိန်းများအဖြစ် အရည်အသွေးမီ တန်ဖိုးသင့်တိုက်ခန်း
( Affordable Apartment ) တွေပါမှာဖြစ်သလို
အဆင့်မီကွန်ဒိုမီနီယံ ( Condominium )တွေလည်း ပါမှာဖြစ်ပါတယ်။ တန်ဖိုးသင့်တိုက်ခန်းတွေဆိုရင် ပြည်သူအများ လက်လှမ်းမီပါဝင် ထောက် ပို့နိုင်ရေးအတွက် လစဉ်ပေးသွင်းရမယ့် ပမာဏ ဒေါ်လာရာဂဏန်းအနည်းငယ်နဲ့ ဝယ်ယူနိုင်အောင် ချိန်ဆစီမံထားပါတယ်” ဟု ဦးတင်ထွန်းနိုင်က ပြောသည်။
စစ်ကောင်စီအား တော်လှန်နေသည့် အစုအဖွဲ့များမှာ ပြည်တွင်းပြည်ပရှိ မြန်မာနိုင်ငံသားများ၏ ထောက်ပံ့မှုများဖြင့်သာ ရပ်တည်နေရပြီး ပြည် ပနိုင်ငံများမှ ကူညီပေးခြင်းများ မရှိသေးကြောင်း NUG ယာယီသမ္မတကြီး ဒူဝါလရှီးလက ပြောကြားထားသည်။mizzima