မြဝတီ-မဲဆောက် ချစ်ကြည်ရေးတံတားအမှတ်(၁) ဇန်နဝါရီ ၁၂ ရက်တွင်ပြန်ဖွင့်မည်

ကိုဗစ်-၁၉ရောဂါအခြေအနေကြောင့် သုံးနှစ်နီးပါး ပိတ်ထားသည့် မြန်မာ-ထိုင်းနယ်စပ်ရှိ မြဝတီ-မဲဆောက် ချစ်ကြည်ရေးတံတားအမှတ်(၁)ကို ဇန်နဝါရီ ၁၂ ရက်တွင် ပြန်လည်ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။

ထိုင်းနှင့် မြန်မာ တာဝန်ရှိသူများက ဇန်နဝါရီလ ၁၂ ရက်နေ့ နံနက် ၉ နာရီခွဲတွင် အခမ်းအနားဖြင့် ဖွင့်လှစ်မည်ဖြစ်ကြောင်း ထိုင်းနိုင်ငံဘက်မှ သ တင်းထုတ်ပြန်ချက်အရ သိရသည်။

အဆိုပါ အမှတ်(၁) ချစ်ကြည်ရေးတံတား ဖွင့်လှစ် ပြီးပါက ဒေသတွင်းမော်တော်ယာဉ်လုပ်ငန်းလုပ်သူများ နှင့် ဒေသခံပြည်သူများ အလုပ်အ ကိုင်အခွင့်အလမ်းများပိုမိုရရှိလာမည်ဟု မြဝတီမြို့မှ ဒေသခံတစ်ဦးကဆိုသည်။

ထို့အပြင် နိုင်ငံကူးနယ်ခြားဖြတ်ကျော်ခွင့်စာအုပ် (Boder Pass) သည် မြဝတီမြို့မှမဲဆောက်မြို့သို့သွားရောက်ရာတွင် အသုံးပြုရသည့် စာ အုပ် များလည်း တံတားပြန်လည်ဖွင့်လှစ်မည့်သတင်းအရ ပြုလုပ်သူများပြားလျက်ရှိကြောင်း ၎င်းကဆိုသည်။

မြန်မာ -ထိုင်း ကုန်စည်ပို့ဆောင်ရေးနှင့်ခရီးသွားလာရေးတွင် အဓိက ဖြစ်သော ချစ်ကြည်ရေးတံတား အမှတ်(၁)ကို ၂၀၂၀ ခုနှစ်၊ ဖေဖော်ဝါရီ ၂၁ ရက်နေ့ က ကိုဗစ်လှိုင်းဂယက်ကြောင်း အသွားအလာ ကန့်သတ်ပိတ်ထားခဲ့ခြင်း ဖြစ်သည်။

လက်ရှိတွင် ကုန်စည်စီးဆင်းမှု လုပ်ငန်းစဉ်များ ကိုအမှတ်(၂) ချစ်ကြည်ရေးတံတားမှဆောင်ရွက်လျှက်ရှိသော်လည်း ခရီးသွားပြည်သူများသွား လာခွင့်မရသည့်အပြင်၊ ထိုင်းနိုင်ငံသို့ MoU လုပ်သားစေလွှတ်မှုကို အမှတ်(၂) ချစ်ကြည်ရေးတံတားမှတစ်ဆင့် ပို့ဆောင်လျှက်ရှိသော် လည်း နေရပ်ပြန်မည့်သူများအဆင်မပြေဖြစ်နေကြောင်း သိရသည်။mizzima

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s