ရေးမြို့နယ်တွင် ရဲစခန်းမီးရှို့ခံရပြီး စစ်ကောင်စီတပ်စခန်းတစ်ခု တိုက်ခိုက်ခံရ

မွန်ပြည်နယ်၊ ရေးမြို့နယ်၊ လမိုင်းမြို့၊ နှစ်ကရင်ကျေးရွာရှိ စစ်ကောင်စီလက်အောက်ခံ နယ်မြေ ရဲစခန်းအား ရေးပြောက်ကျားတပ်ဖွဲ့ (Ye Guerrilla Force – YGF)မှ မီးရှို့ဖျက်ဆီးခဲ့ကာ ကြိုးတံတားရွာ ထိပ်ရှိ စစ်ကောင်စီတပ်စခန်းတစ်ခုကိုလည်း လက်နက်ကြီး လက်နက်ငယ်များဖြင့် ဝင်ရောက်တိုက်ခိုက်ခဲ့ ကြောင်း YGF တာဝန်ခံက မဇ္ဈိမကိုပြောသည်။

ယနေ့ ဇန်နဝါရီလ ၁၁ ရက်နေ့ နံနက် ၁ နာရီခန့်တွင် ရေးမြို့နယ်၊ လမိုင်းနယ်မြေရဲစခန်းအား YGF မှ ဝင်ရောက်စီးနင်း၍ စခန်းတွင်းရှိပစ္စည်းနှင့်အဆောက်အဦးများအား မီးရှို့ဖျက်ဆီးခဲ့ရာ စာရွက်စာတမ်းများ မီးလောင်ပျက်စီးသွားသည်ဟု သိရသည်။ စခန်းမီးရှို့ခံရမှုကြောင့် ရဲတပ်ဖွဲ့ဝင်များ ထွက်ပြေးတိမ်းရှောင် သွားသဖြင့် စခန်းကိုသာ မီးရှို့ဖျက်ဆီးနိုင်ခဲ့ကြောင်း YGF မှ ထုတ်ပြန်ထားသည်။

“စခန်းကထဲက စာရွက်စာတမ်းတွေ၊ ဗီဒိုတွေတွေစတဲ့ အသုံးအဆောင်ပစ္စည်းတွေအကုန်လုံးကို ရှို့လိုက် တယ်” ဟု YGF တာဝန်ခံဗိုလ်ကျန်ရစ်က မဇ္ဈိမကိုပြောသည်။

ထို့နောက် နံနက် ၆ နာရီခွဲခန့်တွင် ကြိုးတံတားကျေးရွာထိပ် အင်အား ၂၀ ခန့်ရှိသည့် စစ်ကောင်စီတပ် စခန်းတစ်ခုအား YGF က ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်အထိနာသောကြောင့် ခမရ (၅၈၈) တပ်ရင်းမှ လက်နက်ကြီးလက်နက်ငယ်ဖြင့် အချက်ပေါင်းများစွာ ပစ်ကူပေးခဲ့သော်လည်း ပြည်သူ့ ကာကွယ်ရေးတပ်မှ အထိအခိုက်မရှိ အောင်မြင်စွာပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း YGF မှပြောသည်။

“သူတို့ဘက်က ကျတာတော့ ကျတယ်။ ဘယ်လောက်ကျသွားတယ်ဆိုတာကိုတော့ ကျနော်တို့ ပြန်လိုက် နေတယ်။ ဒီကောင်တွေက သူတို့သေရင် သတင်းဖုံးတယ်၊ လူနာတင်ယာဉ်လည်းမခေါ်ဘူး။ အိတ်နဲ့ထုပ်ပြီး သူတို့တပ်ရင်းထဲ သွားပြန်မြှုပ်တယ်” ဟု ဗိုလ်ကျန်ရစ်မှ ပြောသည်။

မဇ္ဈိမမှထပ်မံရရှိသော အချက်အလက်များအရ ကြိုးတံတားကျေးရွာထိပ်မှ စစ်ကောင်စီတပ်စခန်း တိုက် ခိုက်ခံရမှုတွင် အနည်းဆုံး စစ်ကောင်စီတပ်သား ငါးဦးသေဆုံးခဲ့ကြောင်း သိရသည်။

အဆိုပါမစ်ရှင်နှင့်ပတ်သက်၍ ဗိုလ်ကျန်ရစ်က “အဓိကတော့ ဒီကောင်တွေကို ကြောက်စိတ်သွင်းတာပေါ့။ ပြီးတော့ ဘယ်လိုပဲဖြစ်ဖြစ်တန်တယ်။ သူတို့ပြန်ပစ်တာတန်ကြေးနဲ့တွက်ရင် သိန်းတစ်ထောင်ဖိုးလောက် ကျတယ်။ ကျနော်တို့ရဲဘော်ရော ပြည်သူရောမထိခိုက်ခဲ့ဘူး။ အဲဒီတော့ မြတ်တယ်ပေါ့” ဟု ဆိုသည်။

“လွန်ခဲ့တဲ့အပတ်ကလည်း အဲ့ဒီကြိုးတံတားရွာထိပ်က စခန်းကိုသွားတိုက် စခ(စစ်ကောင်စီတပ်သား) နှစ် ကောင်သေတယ်။ အဲဒီကိုသွားတိုက်တာ ဒီလမှာပဲနှစ်ခါရှိပြီ” ဟု YGF ၏ ပြန်ကြားရေးတာဝန်ခံရဲဘော် နွေဦးဝေက မဇ္ဈိမကို ပြောသည်။

ဇန်နဝါရီလ ၉ ရက်နေ့ကလည်း စစ်ကောင်စီလက်အောက်ခံ ရဲသတင်းတပ်ဖွဲ့(SB)မှ ရဲအုပ်ညီညီဝင်း (ခ) SB ညီညီအား YGF အဖွဲ့က လုပ်ကြံသတ်ဖြတ်ခဲ့သေးသည်။mizzima

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s