CNF/CNA ဌာနချုပ် ကိုစစ်ကောင်စီဗုံးကြဲတိုက်ခိုက်၊ဗုံးဆံအချို့အိန္ဒိယနိင်ငံဘက်ခြမ်းကျရောက်

အိန္ဒိယနိုင်ငံနှင့်မြန်မာနယ်စပ် ထန်တလန်မြို့နယ်အတွင်းရှိ ချင်းအမျိုးသားတပ်ဦး(CNF/CNA) ဌာနချုပ်ကို ယနေ့(ဇန်နဝါရီ ၁၀ ရက်) ည နေ၄နာရီ ဝန်းကျင်အချိန်က စစ်ကောင်စီတပ်က တိုက်လေယာဉ်တွေနှင့်ဗုံးကြဲတိုက်ခိုက်ခြင်းကြောင့် CNA တပ်ဖွဲ့ဝင် သုံးဦးသေဆုံးကာ ဒဏ်ရာရသူတချို့ရှိခဲ့ပြီးဗုံးဆံတစ်ချို့အိန္ဒိယဘက်ခြမ်းကျရောက်ပေါက်ကွဲခဲ့တယ်လို့မြေပြင်ရှိသတင်းရင်းမြစ်များထံမှသိရသည်။

”ကျွန်တော်တို့ တွေကဒီရက်ပိုင်းထဲမှာစစ်ကောင်စီရဲ့တိုက်လေယာဉ်တွေဝဲပျံနေတာကြောင့်ကြိုတင်ပြင်ဆင်မှုတွေလုပ်ဆောင်နိုင်ခဲ့တယ်။အားလုံးက ဗုံးခိုကြွင်းတွေထဲမှာအချိန်မီရှောင်တိမ်းနိုင်ခဲ့တယ်။အခုကျဆုံးသွားတဲ့ရဲဘော်တွေဆိုတာကလည်း ဗန်ကာပြိုကျပြီးမြေပြိုလို့ရဲဲဘော်၃ဦးကျဆုံးပြီး ရဲဘော် ၄ဦးဒဏ်ရာရရှိမှုတွေရှိခဲ့တယ်”ဟုလည်းမြေပြင်ရှိသတင်းရင်းမြစ်ထံမှသိရသည်။

ချင်းအမျိုးသားတပ်ဦး(CNF/CNA)ရဲဘော်များကျဆုံးခဲ့သည့်ကတုတ်ကြွငျးနရောသညျ အိန်ဒိယဘအကျခွမျးနှငျ့ ၅၀ပသောကှာဝေးသညျ့နရောဖွစျပွီး ဗုံးဆံတစျခြို့အိနိဒယဘကျခွမျးကျရောက်ပေါက်ကွဲခဲ့သည်ဟုသိရပြီး လတ်တလောအချိန်ထိ အိန္ဒိယအစိုးရဘက်မှတစ်စုံတစ်ရာထုတ်ပြန်ခြင်းမရှိသေးကြောင်းလည်းသိရသည်။

ပြီးခဲ့သည့်နှစ်လ အောက်တိုဘာ ၂၃ ရက်က ဖားကန့်မြို့နယ်၊ အနန့်ပါ ရွာရှိ ကချင် လွတ်လပ်ရေးအဖွဲ့ (KIO/KIA) ဖွဲ့စည်းခြင်း ၆၂ နှစ်ပြည့်မြောက် တေးဂီတပွဲအား ဗုံး ၃ လုံးကြဲချ တိုက်ခိုက် ပြီးနောက် KIA တပ်မဟာ ၈ နယ်မြေအနီးတွင် ဗုံးကြဲတိုက်ခိုက်မှုများ ဆက်တိုက် လုပ် ဆောင်လာခဲံသည်။ mizzima

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s