စစ်တွေဆိပ်ကမ်းအသုံးပြုရန်အသင့်ဖြစ်ပြီဟု အိန္ဒိယဝန်ကြီးပြော

မြန်မာနိုင်ငံ၊ ချင်းပြည်နယ်၊ ပလက်ဝမြို့ကနေတစ်ဆင့် အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်ကို ဆက်သွယ်ပေးမယ့် စစ်တွေဆိပ်ကမ်းဟာ တည် ဆောက်ပြီးစီးကာ အသုံးပြုဖို့ အသင့်ဖြစ်နေပြီလို့ သိရပါတယ်။ 

ကုလားတန်မြစ်ဝမှာတည်ဆောက်ထားတဲ့ အဲဒီဆိပ်ကမ်းကနေတဆင့် အိန္ဒိယနိုင်ငံအရှေ့မြောက်ပိုင်းက ကုန်းတွင်းပိုင်း ပြည်နယ်တွေကို ဆက်သွယ်သွားလာနိုင်တော့မှာဖြစ်ပါတယ်။ 

“စစ်တွေဆိပ်ကမ်းဟာ တည်ဆောက်ပြီးစီးလို့ အသုံးပြုဖို့အဆင်သင့်ဖြစ်နေပါပြီ။ ဒီစီမံကိန်းကို အိန္ဒိယ နိုင်ငံခြားရေးဝန်ကြီးဌာနက စီမံစောင့်ကြည့်ခဲ့ပါတယ်။ အခြေခံအဆောက်အဦဆောက်လုပ်ရေးနဲ့ ဆိပ်ကမ်းရေပြင်ရှင်းလင်းရေးလုပ်ငန်းတွေကို ကောင်းကောင်းမွန်မွန် ဆောင်ရွက်နိုင်ခဲ့တာကြောင့် ကျနော်တို့ကို ယုံကြည်မှု ရရှိခဲ့ပါတယ်။” လို့ ပြည်ထောင်စုဝန်ကြီး ဆာဘာနန္ဒဆိုနိုဝယ် (Sarbananda Sonowal) က ပြောခဲ့ပါတယ်။

“ဒီစီမံကိန်းရဲ့ အသီးအပွင့်တွေကို မီဇိုရမ်အပါအဝင် တခြားပြည်နယ်တွေက ခံစားနိုင်ကြမှာဖြစ်ပါတယ်။ မြန်မာနိုင်ငံဘက်အခြမ်းမှာတော့ ကားလမ်းဆက်သွယ်ရေးပြဿနာ နည်းနည်းရှိသေးတယ်။ အဲဒါတွေပြီးသွားရင် အားလုံးကောင်းသွားပါပြီ” လို့ သူကပြောပါတယ်။ 

မီဇိုရမ်ပြည်နယ်၊ လွမ့်တလိုင်း (Lawngtlai) ခရိုင်ကနေ မြန်မာနယ်စပ်အထိ ၁၁၇ ကီလိုမီတာ အရှည်ရှိတဲ့ နှစ်လမ်းသွား ကားလမ်းကိုလည်း ဖောက်လုပ်နေကြောင်း အိန္ဒိယ အခြေစိုက် NDTV သတင်းက ပြောပါတယ်။

ဒီစီမံကိန်းမှာ သယ်ယူပို့ဆောင်ရေးခရီးစဉ်ကို စစ်တွေဆိပ်ကမ်းကနေ ပလက်ဝအထိ ရေလမ်းအတိုင်းသွားပြီး ပလက်ဝကနေ အိန္ဒိယမြန်မာနယ်စပ်ကို ကားလမ်းကနေသွားဖို့ စီစဉ်ထားတာဖြစ်ပါတယ်။ 

ကုလားတန်မြစ်ရဲ့ ဒီရေအတက်အကျ အနိမ့်အမြင့်ကွာခြားချက်ဟာ ၂ ဒသမ ၉ မီတာ ရှိပြီး မြစ်ကမ်းရေလှောင်တမံတွေမှာ ရေနည်းလာတဲ့ ဆောင်းရာသီကနေစတင်ကာ ရေလမ်းခရီးသွားလာရေး အခက်အခဲတွေရှိလာပါတယ်။ တစ်နှစ်ပတ်လုံး ရေလမ်းခရီးကနေ ပလက်ဝအထိသွားလာနိုင်အောင် ဒီစီမံကိန်းက ဆောင်ရွက်ထားပါတယ်။ 

ဇန်နဝါရီ ၁၃ ရက်နေ့မှာ ဂူဟာဝါတီမြို့က ပန်ဒူးဆိပ်ကမ်းရဲ့ စွမ်းဆောင်ရည်မြှင့်တင်ပေးနိုင်ဖို့ ရည်ရွယ်ဖွင့်လှစ်သွားမယ့် အိန္ဒိယအရှေ့မြောက်ပိုင်းဒေသ ရေလုပ်ငန်းစွမ်းရည်မြှင့်တင်ရေးစင်တာကို တက်ရောက်ဖွင့်လှစ်ရင်း ဆိပ်ကမ်းနဲ့ ရေလမ်းခရီးဆိုင်ရာ အခြေခံအဆောက်အဦးစီမံကိန်းနှစ်ခုကို အိန္ဒိယဝန်ကြီးချုပ် နာရန်ဒရာမိုဒီက အုတ်မြစ်ချသွားဖို့ရှိကြောင်း မစ္စတာ ဆိုနိုဝယ်က ပြောပါတယ်။DVB

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s