ဒေါ်အောင်ဆန်းစုကြည်ကို လက်သီးဖြင့်ထိုးခဲ့သည့်အမှုအတွက် ပြင်ဆင်မှု ပြည်ထောင်စုတရားလွှတ် တော်ချုပ် ပလပ်

ခြံအမှတ်(၅၄) ရှိ နေအိမ်ပြင်ဆင်မှုနှင့်ပတ်သက်ပြီး နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင် ဆန်းစုကြည်ကို ၎င်း၏မောင်တဝမ်းကွဲဖြစ်သူ ဦးစိုးအောင်က လက်သီးနှင့်ထိုးခဲ့သည့်အမှုအတွက် ပြင်ဆင် မှုကို ပြည်ထောင်စုတရားလွှတ်တော်ချုပ်က ဇန်နဝါရီလ ၁၁ ရက်နေ့က ပလပ်လိုက်ကြောင်း တရားရုံးနှင့် နီးစပ်သည့်အသိုင်းအဝိုင်းထံမှ သိရသည်။
ဒေါ်အောင်ဆန်းစုကြည်ဘက်ကပြင်ဆင်မှုတက်ထားခြင်းကို ရန်ကုန်တိုင်းတရားလွှတ်တော်က ပြီးခဲ့သည့် စက်တင်ဘာလအတွင်းကပယ်ချခဲ့သည့်အတွက် ပြည်ထောင်စုတရားလွှတ်တော်ချုပ်အထိ ပြင်ဆင်မှု ထပ်တက်ခဲ့သော်လည်း အကျဥ်းနည်းနှင့် ပလပ်ခံခဲ့ရခြင်းဖြစ်သည်။
ပြည်ထောင်စုတရားလွှတ်တော်ချုပ်က အမှုကိုပလပ်လိုက်သည့်အတွက် ကာကယံရှင်၏ သဘောထားကို ဆက်လက်ရယူရဦးမည်ဖြစ်ကာ ကာကကံရှင်၏လမ်းညွှန်မှုအတိုင်းသာ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း တရားရုံးနှင့် နီးစပ်သူများကပြောသည်။
ယင်းအမှုမှာ လွန်ခဲ့သည့် ၂၀၀၂ ခုနှစ်အတွင်းက ဦးစိုးအောင်က ခြံအမှတ် ၅၄ ရှိ ၎င်းနေထိုင်ရာ အဆောက် အဦးကို စည်ပင်သာယာခွင့်ပြုချက်မရှိဘဲ ပြင်ဆင်ရန်လုပ်ဆောင်ရာ ဒေါ်အောင်ဆန်းစုကြည်က ခွင့်မပြု သောကြောင့်အငြင်းပွားမှုဖြစ်ပွားရင်း ဦးစိုးအောင်ကဒေါ်အောင်ဆန်းစုကြည်အား ကိုယ်ထိလက်ရောက် လက်သီးဖြင့် ထိုးခဲ့ခြင်းဖြစ်သည်။
ထိုစဉ်က နှစ်ဖက် အပြန်အလှန်တရားစွဲဆိုမှုများဖြစ်ပွားခဲ့ပြီး ဗဟန်းမြို့နယ်တရားရုံးက ဒေါ်အောင်ဆန်း စုကြည်ကို ဒဏ်ငွေ ၅၀၀ ကျပ် မဆောင်ပါက ထောင်ဒဏ် ၇ ရက်၊ ကိုယ်ထိလက်ရောက် ကျူးလွန်ခဲ့သည့် ဦးစိုးအောင်ကို ဒဏ်ငွေ ၁၀၀၀ ကျပ် (သို့မဟုတ်) ထောင်ဒဏ်တစ်လအမိန့်ချမှတ်ခဲ့သည်။
ဒေါ်အောင်ဆန်းစုကြည်က ၎င်းအပေါ် အမိန့်ချမှတ်မှုကို လက်မခံနိုင်သည့်အတွက် ငွေဒဏ်မဆောင်ဘဲ ခရိုင်အဆင့်သို့ ပြင်ဆင်မှုတက်ခဲ့သော်လည်း ကြားနာခြင်းမရှိဘဲ ဆိုင်းငံ့ထားရာမှ ၂၀၂၂ ခုနှစ် မေလ အတွင်းက အနောက်ပိုင်းခရိုင်တရားရုံးက မူလပြစ်ဒဏ်များအတိုင်း အတည်ပြုခဲ့ခြင်းဖြစ်သည်။
ဇန်နဝါရီလ ၁၁ ရက်နေ့က ပြည်ထောင်စုတရားလွှတ်တော်ချုပ်တွင် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်း စုကြည်နှင့် သမ္မတဦးဝင်းမြင့်တို့၏ ရဟတ်ယာဥ်ကိစ္စ စွဲချက်အမိန့်အပေါ် ပြင်ဆင်မှုတက်ထားခြင်းကို လည်းကြားနာခဲ့ပြီး အမှုများကို ပလပ်ခဲ့သည်။
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် လက်ရှိတွင် စစ်ကောင်စီဘက်က စွပ်စွဲ ထားသည့် အမှုပေါင်း ၁၉ မှုအတွက် ထောင်ဒဏ် ၃၃ နှစ်ချမှတ်ခံထားရပြီး နေပြည်တော်အချုပ်ထောင် တွင် ထိန်းသိမ်းခံထားရသည်။ mizzima