မန္တလေးတွင် စစ်တပ်၏ အတုအယောင်ရွေး ကောက်ပွဲအတွက် လူဦးရေနှင့်သန်းခေါင်စာ ရင်း ကောက်ယူသည့် နေရာ ၆ ခုကို ဖောက်ခွဲ သတိပေး၊ ပူးပေါင်းပါဝင်သူများကို ထိရောက်စွာ အရေးယူသွားမည်ဟုဆို

မန္တလေးတွင် စစ်တပ်၏ အတုအယောင်ရွေးကောက်ပွဲအတွက် လူဦးရေနှင့်သန်း ခေါင်စာရင်း ကောက်ယူသည့် နေရာ ၅ ခုကို ယမန်နေ့ကဖောက်ခွဲ သတိပေးမှုများကို မြို့ပြပျောက်ကျားတပ်ဖွဲ့တချို့က လုပ်ဆောင်သည်။
စစ်တပ်၏ခိုင်စေမှုများကို လိုက်ပါ လုပ်ဆောင် ပူးပေါင်းပါဝင်သူများကို ထိရောက်စွာ လက်တုံ့ပြန်သွားမည်ဟု No More Dictatorship People Defence Force – NMD မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သို့ ပြောကြားသည်။
စစ်တပ်က ၂၀၂၃ ခုနှစ် အထွေထွေရွေးကောက်ပွဲကျင်းပရန် လူဦးရေကောက် ယူခြင်းကို မပူးပေါင်းရန် အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်ထဲရေးနှင့် လူဝင်မှု ကြီးကြပ်ရေးဝန်ကြီးဌနမှ ဇန်နဝါရီလ ၉ ရက်နေ့တွင် ကြေညာချက်ထုတ်ပြန်ခဲ့ပြီးဖြစ်ကြောင်းနှင့် အဆိုပါ ထုတ်ပြန်ချက်ကို မလိုက်နာဘဲ စစ်ကောင်စီ အလို ကျ ပူးပေါင်းပါဝင်နေသူ မည်သူ့ကို မဆို ပထမအဆင့် သတိပေးဖောက်ခွဲခြင်း၊ ဒုတိယအဆင့် ကောင်းသည် ဆိုးသည် မခွဲခြားဘဲ ထိရောက်စွာ တိုက်ခိုက်သွားမည်ဟု No More Dictatorship People Defense Force – NMD က ဇန်နဝါရီ ၁၁ ရက်နေ့တွင် ကြေညာသည်။
ပထမအဆင့် သတိပေးဖောက်ခွဲမှုဖြစ် ဇန်နဝါရီလ ၁၁ ရက်နေ့တွင် မန္တလေးမြို့တွင် ၅ နေရာကို ဖောက်ခွဲ သတိပေးခဲ့ကြောင်း သိရှိရသည်။
သတိပေးဖောက်ခွဲခဲ့သည့် နေရာများမှာ ယမန်နေ့ ညနေ ၄ နာရီခွဲခန့်တွင် ၃၇ x ၇၃ ဓမ္မာရုံအနီး မဲစာရင်းကောက်သည့်နေရာ ၊ ယမန်နေ့ ညနေ ၄ နာရီခွဲခန့်တွင် ၅၆ x ၅၇ ၊ ၁၁၃ လမ်း၊ ချမ်းမြသာစည်မြို့နယ်တွင် မဲစာရင်းကောက်နေသည့်နေရာ၊ ယမန်နေ့ ညနေ ၄ နာရီခွဲခန့်တွင် ၃၈ လမ်း၊ ၈၉ လမ်းထောင့် အမှိုက်ပုံ စည်ပင်ပင်းအတွင်း မနက်ပိုင်း မဲစာရင်းကောက်ခဲ့သည့် နေရာအနီး ၊ ယမန်နေ့ ညနေ ၅ နာရီခန့်တွင် ၆၈ x ၁၀၇ လမ်း ဘောလုံးကွင်းအရှေ့ဖက် ဘက်စုံအားကစားကွင်း၊ ည ၇ နာရီခန့်တွင် ၄၀ x ၄၁ ၊ ၉၀ လမ်း၊ ဧသုခရပ်ကွက်ရုံး မဲစာရင်းကောက်သည့်နေရာများကို သတိပေးဖောက်ခွဲခဲ့ကြောင်း သိရှိရသည်။
“ပထမအဆင့်အနေနဲ့ သတိပေးတာဗျ။ ဒုတိယအနေနဲ့ ဘာကြောင့် ညာကြောင့် ဆိုသည်း ကောင်းသည် မခွဲခြားဘဲ စကစ အလိုကျလုပ်ဆောင်နေသူတွေကို ထိရောက်စွာ တုံ့ပြန်သွားမယ်ဗျာ။ ဒါကြောင့် ပြည်သူလူထု ဆန္ဒမပါဘဲ စကစ အလိုကျ မဲစာရင်းအတွက် လုပ်ကိုင်ပေးနေမယ်ဆိုရင် အသက်အန္တရာယ်အတွက် အာမခံမှာ မဟုတ်ကြောင်း ပြောချင်ပါတယ်ဗျာ။ စကစ မဲစာရင်းန့ ပတ်သက်ပြီး လုပ်တဲ့ လူမှန်သမျှ သတိပေးဖောက်ခွဲတာတွေ ထပ်လုပ်ဖို့ ရှိတယ်ဗျ ” ဟု No More Dictatorship People Defense Force – NMD မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သို့ ပြောကြားသည်။
No More Dictatorship People Defense Force – NMD အနေဖြင့် စစ်ကောင်စီ၏ မဲစာရင်းနဲ့ ပတ်သက်ပြီး လုပ်ဆောင်သူ မှန်သမျှကို ထိရောက်စွာ တုံ့ပြန်သွားမည်ဖြစ်ပြီး ပြည်သူများအနေနှင့် စစ်ကောင်စီနှင့် ဝေးဝေးနေကြရန် တိုက်တွန်းပါကြောင်းနှင် မလိုက်နာပါက တာဝန်ယူမည် မဟုတ်ဟု အသိပေးကြောင်းလည်း ထုတ်ပြန်ချက်တွင် ပါရှိသည်။
ထို့အတူ ဇန်နဝါရီလ ၁၂ ရက်နေ့ မွန်းလွဲ ၂ နာရီ မန္တလေးတိုင်း၊ ချမ်းမြသာစည်မြို့နယ် ၊ ကျွန်းလုံးဥသျှောင်ရပ်ကွက် ၈၄ လမ်း / ဦးပွားဂုံးကျော်အဆင်းလမ်း ( ဗိုလ်အိမ်လမ်း) ထောင့်ရှိ ဝသုန္ဒြေဓမ္မာရုံအတွင်း စစ်ကောင်စီ၏ ပြည်သူ့သ ဘော ထား နှင့်အလိုမတူ ဆန့်ကျင်ကာ ရွေးကောက် ပွဲလုပ်၍ မဲဆွယ်စည်းရုံးရန် အစည်းအဝေးလုပ်နေကြသော အဖွဲ့ကို ဗုံး ၁ လုံး ဖြင့် ဝင်ရောက်ပစ်ခတ်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင်ပိုင် ကား တစီးပျက်စီးသွားကြောင်း၊ စစ်တပ်ဘက်က ၆ ချက်ခန့်ပြန်လည်ပစ်ခတ်ခဲ့သော်လည်း STF-MDYက ရဲဘော်များ အထိအခိုက်တစုံတရာ မရရှိဘဲ ပြန် လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း STF-MDYက သတင်းထုတ်ပြန်သည်။ khit thit