မြ၀တီ-မဲဆောက် အမှတ် ၁ တံတားကို ယနေ့ နံနက် စတင်ဖွင့်လှစ်

ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်နှင့် ထိုင်းနိုင်ငံ၊ တက်ခ်ခရိုင်၊ မဲဆောက်မြို့တို့သို့ ဆက်သွယ်ထားသော အမှတ် ၁ ချစ်ကြည်ရေးတံတားကို ယနေ့ နံနက်ပိုင်းတွင် စတင်ဖွင့်လှစ်လိုက်ကြောင်း မဲဆောက်ရှိ မြန်မာများထံမှ သိရှိရသည်။

“ဒီနေ့မနက်တော့ ဟိုဘက်က ဒီဘက်တော့ ဖွင့်လိုက်တယ်။ ကူးသန်းတဲ့လူတော့ မတွေ့သေးဘူး။ ဖွင့်မယ်လို့ ပြောထားတော့ ဖွင့်တဲ့သဘောပဲ မြင်ရတယ်။ မြန်မာဘက်ကတော့ လူတွေပေးဖြတ်ဖို့ အဆင်သင့်မဖြစ်သေးဘူးလို့ မြ၀တီဘက်က လူတွေဆီက ပြန်သိရတယ်။ ပြီးတော့ အ ရမ်းကို မြန်မာဘက်က တင်းတင်းကျပ်ကျပ် စစ်ဆေးမယ်လို့ ပြောတယ်” ဟု မဲဆောက်မှ မြန်မာကုန်သည်တစ်ဦးက ပြောသည်။

၂၀၂၀ ခုနှစ် ကိုဗစ်စတင်ဖြစ်ပွားပြီးနောက် မြ၀တီ-မဲဆောက် ချစ်ကြည်ရေးတံတားကို ပိတ်ပင်ထားခဲ့ရာ ၃ နှစ်အကြာတွင် ပြန်လည် ဖွင့်လှစ်ခြင်းဖြစ်ကြောင်း သိရှိရသည်။ khit thit

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s