ရန်ကုန်၊ သာကေတတွင် ဗုံးပေါက်ကွဲပြီး မန္တလေး၊ ပြည်ကြီးတံခွန်ရဲစခန်းလည်း ဗုံးပစ်တိုက်ခိုက်ခံရ

ရန်ကုန်တိုင်း၊ သာကေတမြို့နယ်တွင် ယနေ့ နံနက်ပိုင်း လက်လုပ်ဗုံးများတွေ့ရှိရသဖြင့် အကြမ်းဖက်စစ်ကောင်စီတပ်က ဖောက်ခွဲ လိုက်ကြောင်း သာကေမြို့နယ်မှ ပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ဇန်နဝါရီလ ၁၂ ရက်နေ့ နံနက် ၉ နာရိ ၂၇ မိနစ်အချိန်တွင် အကြမ်းဖက်စစ်ကောင်စီတပ်များက သာကေတမြို့နယ်၊ ၆ အနောက် ဝေဇယန္တာ အနောက် ၁၂ လမ်းတွင် ဗုံးတွေ့ရှိသည်ဟုဆိုကာ ဖောက်ဖွဲလိုက်ခြင်းဖြစ်ကြောင်း၊ အနည်း ဆုံး စစ်ကား ၄ စီး စစ်အင်အား အပြည့်ဖြင့် ရပ်ကွက်များကို ပိတ်ဆို့ ဖောက်ခွဲခြင်းဖြစ်ကြောင်း သာကေတမြို့နယ် ပြည်သူတစ်ဦးက ရန်ကုန်ခေတ် သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

အလားတူ မန္တလေးမြို့၊ ပြည်ကြီးတံခွန်မြို့နယ်၊ ၆၂ လမ်းနှင့် ၁၁၅ လမ်း x ၁၁၆ လမ်းကြားရှိ အဆင့်မြင့်ရဲစခန်းကို ယမန်နေ့ ဇန်နဝါရီလ ၁၁ ရက်နေ့ ညပိုင်းက ဗုံးပစ်တိုက်ခိုက်ခဲ့ကြောင်း ACID Army PDF –MDY ထံမှ သိရသည်။

အဆိုပါရဲစခန်းသည် ဗုံးပစ်တိုက်ခိုက်ခံရခြင်းမှ ကာကွယ်နိုင်ရန် ရဲစခန်းပတ်ပတ် လည်၌ ဘယ်ရီရာများ ချကာ သံဆူးကြိုးများကာရံထားကြောင်း၊ ယင်းဂိတ်တွင် ပြည်သူလူထုအပေါ် ဖမ်းဆီးခြင်း၊ မတရားငွေကြေးတောင်းခံခြင်းတို့လုပ်ဆောင်လျက်ရှိသဖြင့် လက်ပစ်ဗုံးတစ်လုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါတိုက်ခိုက်မှုအပြီး စစ်တပ်က ရမ်းသမ်းပစ်ခတ်ခဲ့သော် လည်း ပြည်သူ့ကာကာကွယ်ရေး ရဲဘော်များ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း၊ အကြမ်း ဖက်တပ်သား နှစ်ဦး ထိခိုက်သေဆုံးနိုင်သော်လည်း အတိအကျမသိရသေးကြောင်း ACID Army PDF Mandalay က ထုတ်ပြန်ထားသည်။khit thit

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s