ရေစကြို လ၀ကရုံးကို PDF ဝင်ရောက်စီးနင်းစဉ် လ၀က ဝန်ထမ်း ၄ ဦးကို ဖမ်း မိ သော် လည်း CDM ဝင်ရန် ပြောဆိုပြီး လွှတ်ပေး၊ ရုံးတစ်ခုလုံး မီးရှို့ ပြာချပြီး အတုအယောင်ရွေး ကောက်ပွဲ မပူးပေါင်းရန်နှင့် တော်လှန်ရေးတွင် ကူညီကြရန် တိုက်တွန်း

မကွေးတိုင်း၊ ရေစကြိုမြို့နယ် လ၀ကရုံးကို PDF ဝင်ရောက်စီးနင်းစဉ် လ၀က ဝန်ထမ်း ၄ ဦးကို ဖမ်းမိသော်လည်း CDM ဝင်ရန် ပြောဆိုပြီး လွှတ်ပေးလိုက် ကာ မြို့နယ်လ၀ကရုံးတစ်ခုလုံး မီးရှို့ ပြာချလိုက်ကြောင်း ရေစကြိုမြို့နယ် ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ဇန်နဝါရီ ၁၂ ရက်နေ့ နံနက်အစောပိုင်းတွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-ရေစကြို(ပ.က.ဖ)နှင့်အတူ ရဲဘော်ညီနောင် ပျောက်ကြားတပ်တို့က ရေစကြိုမြို့နယ် လ၀ကရုံးကို ဝင်ရောက်စီးနင်းခဲ့ကြောင်း၊ လ၀ကရုံးသည် မှတ်ပုံတင်ပြုလုပ်သော ပြည်သူများအား မတရားငွေကြေးတောင်းခံခြင်း၊ စစ်ကောင်စီ၏ အတုအရောင် ရွေးကောက်ပွဲအတွက် မဲစာရင်းပြုစုရန် ပြင်ဆင်နေသဖြင့် လ၀ရုံးကို မီးရှို့ပြာချလိုက်ကြောင်း သိရှိရသည်။

“လ၀ကရုံးကို ဝင်စီးတော့ ဝန်ထမ်း ၄ ဦးတွေ့တယ်။ စစ်ခွေးတော့ အစောင့်ထားတာမရှိတော့ ထိတွေ့တိုက်ပွဲမဖြစ်ဘူး။ ဖမ်းမိတဲ့ လ၀က ဝန် ထမ်း ၄ ဦးကို CDM လှုပ်ရှားမှု မှာ ပူးပေါင်းပါဝင်ဖို့ တိုက်တွန်းပြီး လွှတ်ပေးလိုက်ပါတယ်။ လ၀ကတစ်ရုံးလုံးကိုတော့ မီးရှို့ပြာချလိုက်ပါတယ်” ဟု ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-ရေစကြို(ပ.က.ဖ) တာဝန်ရှိသူက ဆက်ပြောသည်။

ပြည်သူများအနေဖြင့် အကြမ်းဖက် စစ်ကောင်စီ၏ အတုအယောင်ရွေး ကောက်ပွဲကို ပူးပေါင်း ပါဝင်ခြင်းမပြုရန်၊ တော်လှန်ရေးတွင် ပူးပေါင်းပါဝင်ကြရန် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-ရေစကြို(ပ.က.ဖ) တာဝန်ရှိသူက တိုက်တွန်းသည်။ khit thit

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s