သတင်းပေးများပြုလုပ်ပေးသည့် အမှတ်အ သားများအတိုင်း ကျေးရွာများကို စစ်ကောင်စီတပ်က မီးရှို့ဟုဆို
စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်၊ ဖောင်းကတာရွာကို မီးရှို့မခံရမှီ ကျေးရွာတွင်း ထူးခြားသည့် သဲလွန်စ အမှတ်အသားများပြုလုပ်ထား သည်ဟု National Revolutionary Guards (NRG-PDF/Salingyi) တပ်ဖွဲ့၏ ဒုတပ်ရင်းမှုး ကိုသူရိန်က မဇ္စျိမကိုပြောသည်။
စစ်ကောင်စီတပ်များသည် ဇန်နဝါရီ ၆ ရက်နေ့က ဆားလင်းကြီးမြို့နယ်အတွင်းရှိ ဖောင်းကတာမြောက်ရွာ၊ ဖောင်းတကာတောင်ရွာ၊ ဘင်္ကားရွာ နှင့် ကျောက်ဖြူတိုင်ရွာများကို မီးရှို့ဖျက်ဆီးခဲ့သည်။
ထိုကဲ့သို့ မီးရှို့ဖျက်ဆီးခံရသည့်အိမ်များအနက် ဖောင်းတကာရွာတွင်း မီးရှို့ခံလိုက်ရသော အိမ်များ၏ အိမ်ခြံဝင်းများတွင် ပုဆိုးစအနီများ ချည်ထားခြင်းကိုတွေ့ရသည်ဟု ဒေသခံရွာသားတစ်ဦးက ပြောသည်။
ထို့အပြင် ထိုပုဆိုးစအနီများကို နေအိမ်များမီးရှို့ရန်အတွက်သာမက လမ်းပြအမှတ်အသားအဖြစ်လည်းအသုံးပြုခဲ့သည်ဟု ဆိုသည်။
စစ်ကောင်စီတပ်များ၏ မီးရှို့ဖျက်ဆီးမှုကြောင့် ဖောင်းကတာရွာအတွင်း နေအိမ်အလုံး ၈၀ ခန့် မီးလောင်ပျက်စီးခဲ့ရသည်ဟု ဒေသခံ၏ ပြော ဆိုချက်အရ သိရသည်။
အလားတူ ဘင်္ကားရွာမှ နေအိမ် နှစ်လုံး၊ ကျောက်ဖြူတိုင်ရွာမှ နေအိမ် ၈၀ လုံး မီးလောင်ပျက်စီးခဲ့ရသေးသည်။mizzima