စစ်တပ် ဝင်ရောက်မီးရှို့ဖျက်ဆီးသဖြင့် ဆားလင်းကြီးပြည်သူ ၇၀၀၀ ကျော် စစ်ဘေးရှောင်နေရ

အကြမ်းဖက် စစ်ကောင်စီတပ်တွေ ဒီနေ့ စစ်ကြောင်းထိုးဝင်ရောက်လာပြီး ရွာတွေကို မီးရှို့ဖျက်ဆီးနေတာကြောင့် ဆားလင်းကြီးမြို့နယ်မြောက်ခြမ်း၊ ကျေးရွာပေါင်း ၁၀ ရွာလောက်က လူပေါင်း ၇၀၀၀ ကျော် စစ်ဘေးရှောင်နေရပါတယ်။

စစ်အင်အား ၇၀ လောက်ပါတဲ့ စစ်ကြောင်းဟာ မနက်ပိုင်းမှာ ပိုင်းတောင်ကြီး ကျေးရွာနဲ့ ကျောက်မှော်ရွာကို မီးရှို့ဖျက်ဆီးခဲ့​ပြီး နေ့လယ်ပိုင်းမှာတော့ ဖောင်ကထာရွာက နေအိမ်တွေကို ထပ်ပြီး မီးရှို့​ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကြောင်း ဝင်ရောက်မီးရှို့ဖျက်ဆီးနေတာကြောင့် ဆားလင်းကြီးမြို့နယ်မြောက်ခြမ်းက ပိုင်းတောင်ကြီး၊ ကျောက်မှော်၊ ထန်းပု၊ ထန်းဇင်၊ မယ်ဇလီကန်၊ ဥသျှစ်ပြား၊ ဖောင်းကထာ ၊သဲကောကြီး၊ အေးကုန်း၊ လယ်တီ၊ ဆည်တည်း၊ တုံကျေးရွာ စတဲ့ ကျေးရွာတွေက ဒေသခံပြည်သူတွေ ဘေးလွတ်ရာထွက်ပြေးတိမ်းရှောင်နေရ​ပါတယ်။

ဇန်နဝါရီ ၁၀ ရက်နေ့က ချင်းတွင်းမြစ်ကြောင်းကနေ စုန်လာတဲ့ စစ်ကောင်စီမော်တော်ကို ပြည်သူ့ကာကွယ်ရေးတပ်တွေက တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်သား ၂၀ လောက် သေဆုံးခဲ့တာကြောင့် အခုလို အနီးအနားက ရွာတွေကို ဝင်ရောက်ဖျက်ဆီးတာဖြစ်မယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဇန်နဝါရီ ၆ ရက်နေ့ကလည်း ဆားလင်းကြီးမြို့နယ်က ကျေးရွာ ၅ ရွာကို စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးခဲ့ပါသေးတယ်။DVB

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s