ဆားလင်းကြီးမြို့နယ် မြောက်ခြမ်းကျေးရွာများမှပြည်သူများစစ်ဘေးရှောင်နေရ

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်မြောက်ခြမ်းရှိ ကျေးရွာပေါင်း ၁၀ရွာခန့်မှ လူဦးရေ ၇,၀၀၀ ကျော်စစ်ဘေးရှောင်နေရကြောင်း သိရသည်။
စစ်အင်အား ၇၀ခန့်ပါ စစ်ကောင်စီတပ်စစ်ကြောင်းသည် ဇန်နဝါရီ ၁၂ ရက် မနက်ပိုင်းတွင် ပိုင်းတောင်ကြီးကျေးရွာနှင့် ကျောက်မှော်ကျေးရွာကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း၊ နေ့လယ်ပိုင်း၌ ဖောင်ကထာကျေးရွာရှိ နေအိမ်များကို ထပ်မံမီးရှို့ကြောင်း သိရသည်။
စစ်ကြောင်းဝင်ရောက်မှုကြောင့် ဆားလင်းကြီးမြို့နယ်မြောက်ခြမ်းရှိ
ပိုင်းတောင်ကြီး၊ ကျောက်မှော်၊ ထန်းပု၊ ထန်းဇင်၊ မယ်ဇလီကန်၊ ဥသျှစ်ပြား၊ ဖောင်းကထာ ၊သဲကောကြီး၊ အေးကုန်း၊ လယ်တီ၊ ဆည်တည်း၊ တုံကျေးရွာ အစရှိသည့်ကျေးရွာများမှ လူဦးရေ ၅,၀၀၀ ကျော် တိမ်းရှောင်နေရကြောင်းသိရသည်။
ဇန်နဝါရီ ၁၀ရက်နေ့က ချင်းတွင်းမြစ်ကြောင်းမှစုန်ဆင်းလာသော စစ်ကောင်စီမော်တော်ကို ကာကွယ်ရေးတပ်များမှတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား၂၀ခန့်သေဆုံးခဲ့သောကြောင့် အနီးနားကျေးရွာများကိုစစ်ကြောင်းထိုးဝင်ရောက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ဇန်နဝါရီလ ၆ ရက်နေ့ကလည်း စစ်ကောင်စီတပ်က ဆားလင်းကြီးမြို့နယ်ရှိ ကျေးရွာ ငါးရွာကိုမီးရှို့မှုများ ပြုလုပ်ခဲ့သည်။ mizzima