ထန်းတပင်မြို့နယ်ရှိ စစ်ကောင်စီတပ်စခန်းကို PDF က စီးနင်းတိုက်ခိုက်

ပဲခူးတိုင်း၊ တောင်ငူခရိုင်၊ ထန်းတပင်မြို့နယ် စစ်ကောင်စီ တပ်ရင်းအမှတ်-၇၃၊ ဘုမ္မတီးတပ်စခန်းကို ဇန်နဝါရီ ၁၁ ရက် ည ၇ နာရီလောက်က တောင်ငူခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော် တပ်ရင်းအမှတ်-၃၅၀၁၊ တပ်ခွဲ-၂ မှ နန်းထိုက်အောင် စစ်ဆင်ရေးအဖြစ် ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့တယ်လို့ ပဲခူး တောင်ငူခရိုင် PDF တွေက ဒီကနေ့ ထုတ်ပြန်ပါတယ်။

တပ်စခန်းကို ဝင်ရောက်စီးနင်းတိုက်ခိုက်ရာမှာ M79 နဲ့ အချက် ၃၀ လောက် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး အဆိုပါတိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၃ ဦး သေဆုံးခဲ့သလို ထိခိုက်ဒဏ်ရာရတာလည်းရှိတယ်လို့ အဆိုပါ တောင်ငူခရိုင် PDF ထုတ်ပြန်ချက်အရ သိရပါတယ်။

တပ်စခန်းကို ဝင်ရောက်စီးနင်း တိုက်ခိုက်အပြီးမှာ PDF တပ်ဖွဲ့ဝင် ရဲဘော်အားလုံး အထိအခိုက်မရှိ အောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

အဆိုပါ စစ်ကောင်စီတပ်စခန်း ဝင်ရောက်စီးနင်း တိုက်ခိုက်ခံရတာနဲ့ ပတ်သက်ပြီး စစ်ကောင်စီဘက်က သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။ DVB

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s