ဖာပွန်ခရိုင် လေးဝါးရွာကို စစ်ကောင်စီလေ ယာဉ်ဖြင့်ဗုံးကြဲ၊ ခရစ်ယာန် ဘုန်းကြီးအပါအ ဝင် ၄ ဦး သေဆုံး

ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ)၊ ဖာပွန်ခရိုင် တပ်မဟာ(၅) နယ်မြေ လူသောမြို့နယ်မှာ ဇန်နဝါရီ ၁၂ ရက်နေ့ မွန်းလွဲ ၂ နာရီလောက်မှာ စစ်ကောင်စီက တိုက်လေယာဉ် ၂ စီး ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့အတွက် ကက်သလစ်ဘုန်းကြီး တပါးအပါအဝင် ၄ ဦး သေဆုံးပြီး ၇ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။

ဒီကနေ့ မွန်းလွဲ ၂ နာရီအချိန် စစ်ကောင်စီတိုက်လေယာဉ် ၂ စီးဟာ လူသောမြို့နယ် ပေးကေးကျေးရွာအုပ်စု၊  လေးဝါးကျေးရွာကို ဗုံး ၃ ကြိမ်လာကြဲသွားတာလို့ ကေအန်ယူ တပ်မဟာ (၅)  ပြောခွင့်ရသူ ဗိုလ်မှူးကြီး စောကလယ်ဒိုက ပြောပါတယ်။

“လေးဝါးရွာသား ကက်သလစ်အသင်းအုပ်ဆရာတဦးအပါအဝင် ၄ ဦး ထိခိုက်သေဆုံးပြီး ၇ ဦး ဒဏ်ရာရရှိတယ်လို့ ခုလောလောဆယ်သိရတယ်။ နောက်ထပ် ထိခိုက် သေဆုံးနိုင်သေးတယ်လို့ ရွာသားတွေတယောက်က ပြောပြတယ်။ အခုအချိန်ထိ လူတွေကို ရှာဖွေစိစစ်လို့ မပြီးသေးဘူးလို့ ‌လည်း ပြောတယ်။”

ဇန်နဝါရီ ၇ ရက် မနက် ၁၀ နာရီလောက်ကလည်း စစ်ကောင်စစ်တပ်က ကေအန်ယူ  ဒွယ်လိုမြို့နယ်၊ မဲသူကျေးရွာအုပ်စု၊ လယ်ထူဖိုးဒေသထဲကို လေယာဉ်နဲ့ ဗုံးကြဲချခဲ့တဲ့အတွက် ဒေသခံတွေရဲ့ ဆေးရုံတရုံ အပါအဝင် အဆောက်အဦအချို့ ပျက်စီးခဲ့ရပါတယ်။

ဒါကပြင် မနက် ၁၀ နာရီခွဲအချိန် အကြမ်းဖက်စစ်ကောင်စီက တိုက်လေယာဉ်နဲ့ ကေအန်ယူ တပ်မဟာ ၅  ဒွယ်လိုးမြို့နယ်၊ မဲသူကျေးရွာအုပ်စု၊ ယာဂီထာဈေးထဲကို ဗုံး ၄ လုံး ထပ်မံ ကြဲချခဲ့တဲ့အတွက် ဒေါ်နွယ်နီနဲ့ သားနှစ်ဦး၊ ချွေးမတဦး နဲ့ အလုပ်သမား ၂ ဦး သေဆုံးခဲ့တယ်လို့ ကေအန်ယူ မူတြော်သတင်းက ထုတ်ပြန်ထားပါတယ်။

အဆိုပါ တရက်တည်းမှာပဲ မနက် ၁၀ နာရီလောက်မှာ ဖာပွန်မြို့နယ်၊ ဒီဘူနိုရွာကို ဗုံးလာကြဲပစ်ခတ်သွားခဲ့လို့ ဒေသခံတယောက် ခါးအထက်ကျောပြင်မှာ ဗုံးစမှန် ဒဏ်ရာရပြီး အိမ်အဆောက်အဦ ၁ လုံး၊ ကား ၁ စီး ပျက်စီးဆုံးရှုံးသွားခဲ့ရပါတယ်။

ဖာပွန်ခရိုင်ထဲက စစ်ကောင်စီ လက်အောက်ခံဝန်ထမ်းတွေ ထွက်သွားဖို့ ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ) တပ်မဟာ ၅ က ကြေညာပြီးနောက်ပိုင်း လေကြောင်းကနေ နေ့တိုင်းလာရောက်ပစ်ခတ်နေပါတယ်။

ဒါ့အပြင် တပ်မဟာ ၅ နဲ့ ထိုင်းဘက်ခြမ်း ဆက်သွယ်ထားတဲ့ သံလွင့်မြစ်ကို မနေ့ ဇန်နဝါရီ ၁၁ ရက်နေ့ကစပြီး စက်လှေတွေကို ဖြတ်သန်းသွား လာခွင့် ပိတ်ထားလိုက်ကြောင်း ဒေသခံတွေက ပြောပါတယ်။DVB

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s