ဘုတလင်မြို့နယ်တွင် လူဦးရေစာရင်းကောက်သည့်အဖွဲ့ မိုင်းဆွဲတိုက်ခိုက်ခံရ

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်၊ သာရိုးကုန်းကို လူဦးရေစာရင်းကောက်ခံတဲ့အဖွဲ့ ဒီနေ့ ဇန်နဝါရီ ၁၂ ရက် မနက် ၉ နာရီက မိုင်းဆွဲတိုက်ခိုက်ခံရတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

ဘုတလင်မြို့နယ်မှာ စစ်ကောင်စီက ဇန်နဝါရီ ၁၀ ရက်ကစတင်‌ပြီး လူဦးရေစာရင်း ကောက်ခံနေတာဖြစ်ပါတယ်။

ဘုတလင်ဒေသခံတဦးက “မနက် ၇ နာရီလောက်က ဘုတလင်မြို့ကနေ သာရိုးကုန်းရွာဘက်ကို စထွက်တယ်။ ရွာမရောက်ခင်မှာ တော်လှန် ရေးအင်အားစုတွေက ဝိုင်းပစ်တယ်။ အဲလိုပစ်လို့ ဘုတလင်ဘက် ပြန်ဆုတ်တာကို မိုင်း ၂ လုံးဆွဲ တိုက်ခိုက်ခဲ့တယ်ဗျ။ အထိအခိုက် အကျ အ ဆုံးတော့ မသိရသေးဘူး” လို့ ပြောပါတယ်။

ဘုတလင်မြို့နယ်မှာ ဇန်နဝါရီ ၁၀ ရက်က ကျောက်အိုးရွာကို လူဦးရေစာရင်း ကောက်ခံဖို့ ထွက်သွားတဲ့ စစ်ကောင်စီအဖွဲ့တွေလည်း မိုင်းဆွဲခံရသလို  ဇန်နဝါရီ ၁၁ ရက်က ဘုတလင်မြို့ပေါ်မှာ ပြန်လည်ကောက်ခံရာမှာလည်း ပြည်သူ့ကာကွယ်ရေးဘက်က ခုံမင်းကြီးရပ်ကွက် မြန်မာ့စီးပွားရေးဘဏ်အနီးမှာ ထပ်မံ မိုင်းဆွဲခဲ့တယ်လို့ သိရပါတယ်။

စစ်ကောင်စီဘက်ကလည်း လူဦးရေစာရင်း ကောက်ခံရာမှာ NUG အစိုးရရဲ့ ရပ်ကျေးပအဖ မဖွဲ့စည်းရသေးတဲ့ရွာတွေကို ပစ်မှတ်ထား ကောက် ခံနေတယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

စစ်ကောင်စီအဖွဲ့တွေ မိုင်းဆွဲတိုက်ခိုက်ခံခဲ့ရတဲ့ သာရိုးကုန်းရွာဟာ စစ်ကောင်စီတပ် ထိန်းချုပ်နယ်မြေဖြစ်တဲ့ ဘုတလင်မြို့နယ်နဲ့ ၂ မိုင်ပဲဝေးတဲ့ ရွာတရွာဖြစ်တယ်လို့လည်း သိရပါတယ်။ DVB

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s