မုံရွာမြို့၊ တောပုရွာရှိ စစ်တပ် ကင်းပုန်းကို PDF တပ်ဖွဲ့များ ပစ်ခတ် တိုက်ခိုက်မှု ၃ ဦးသေဆုံး

စစ်ကိုင်းတိုင်း၊ မုံရွာမြို့၊ တောပုရွာရှိ အကြမ်းဖက် စစ်တပ် ကင်းပုန်းများကို PDF တပ်ဖွဲ့များက ပစ်ခတ် တိုက်ခိုက်မှု ၃ ဦးသေဆုံးကြောင်း Area71 PDF Monywa တပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ပြောဆိုသည်။
ဇန်နဝါရီလ ၁၂ ရက်နေ့ မွန်းလွဲ ၂ နာရီ ၃၀ မိနစ်ခန့်တွင် မုံရွာမြို့၊ တောပုပျူရွာမှ ပျူစောထီးနှင့် စစ်သား ၃၀ ဝန်းကျင်ခန့်သည် တောပုပျူရွာ အရှေ့ဘက် မုံရွာ-ချောင်းဦး လမ်းပိုင်းပေါ်၌ ရိက္ခာသယ်ရန် ကင်းပုန်းဝပ်နေစဥ် ဒေသခံ ကာကွယ်ရေး တပ်ဖွဲ့များက တာဝေးပစ် ၄၀ မမ
လက်လုပ် ရှော့ဂန်း ၁၀ လုံးခန့်ဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ပြီး ပျူစောထီး ၃ ဦး ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း သိရသည်။
” ပစ်ခတ်တိုက်ခိုက်မှုကြောင့် ပျူစောထီး ၃ ဦးကတော့ ပွဲချင်းပြီးသေတယ်။ စစ်ခွေးတွေ ထိခိုက် ဒဏ်ရာရတာတွေလည်းများတယ်။ သူတို့ဘက်က ပြန်ပစ်တာတွေ ရှိတယ်။ ရဲဘော်တွေကတော့ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ပါတယ်” ဟု Area71 PDF Monywa တပ်ဖွဲ့မှ တာ ဝန်ရှိသူ တစ်ဦးကပြောဆိုသည်။
အဆိုပါ တိုက်ခိုက်မှုကို Area71 PDF Monywa နှင့်အတူ Monywa Special ဒိတ်ဒိတ်ကြဲ၊The Ant’s LPDFအဖွဲ့ တို့ပူးပေါင်း တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ khit thit