ရွှေဘိုမြို့နယ်အတွင်း စစ်ကြောင်းထိုး၍ ပြန် လာသည့် စစ်ကောင်စီတပ်ဖွဲ့ကား မိုင်းဆွဲခံရပြီး ၆ ဦးထက်မနည်းသေဆုံး

စစ်ကိုင်းတိုင်း ၊ ရွှေဘိုမြို့နယ်အတွင်း စစ်ကြောင်းထိုး၍ ပြန်လာသော စစ်ကောင်စီတပ်ဖွဲ့၏ ကားကို မိုင်းဆွဲတိုက်ခိုက်ရာ ခြောက်ဦးထက်မနည်း သေဆုံးသွားကြောင်း Black Wolf – Armyက ဇန်နဝါရီလ ၁၂ရက်နေ့တွင် ထုတ်ပြန်သည်။

ဇန်နဝါရီလ ၁၁ ရက် ညနေ ၄ နာရီအချိန်တွင် ၁၂ ဘီးကား နှစ်စီးဖြင့် ပြန်လာသော စစ်ကောင်စီတပ်ဖွဲ့ကားကို ရွှေဘို – ကျောက်မြောင်း လမ်းပိုင်းတစ်နေရာတွင် မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်းဆိုသည်။

“သတင်းပေးချက်အရ ကျနော်တို့ အသင့်စောင့်ကြိုပြီး မိုင်း ၁၂လုံးနဲ့ ဖောက်ခွဲတိုက်ခိုက်ခဲ့တာပါ” ဟု Black Wolf–Army ပြန်ကြားရေးတာ ဝန်ခံ ကိုခွန်လေးက မဇ္စျိမကိုပြောသည်။

ယင်းသို့တိုက်ခိုက်ခဲ့မှုကြောင့် စစ်ကောင်စီတပ်သား ခြောက်ဦးထက်မနည်း သေဆုံးပြီး စစ်ကားနှစ်စီးအနက် တစ်စီးမှာ ပျက်စီးသွားကာ အ ဆိုပါကားကို ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များက မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဆိုသည်။

မီးရှို့ဖျက်ဆီးခဲ့သော ၁၂ဘီးကားပေါ်မှ စစ်အခြေခံသင်တန်းကျောင်းတံဆိပ်ပါ ယူနီဖောင်း သုံးစုံ ၊ ကျောပိုးအိတ်တစ်လုံးနှင့် အသုံးဆောင်ပစ္စည်းများ သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

အဆိုပါစစ်ကောင်စီတပ်သားများသည် ရွှေဘိုအခြေစိုက် စခတ(၈) မှဖြစ်ပြီး ကျောက်မြောင်းမှ ရွှေဘိုသို့ ပြန်လာခြင်းဖြစ်ကာ ပြည်သူများ၏ ပစ္စည်းများကို လုယူခဲ့သော စစ်ကောင်စီတပ်ဖွဲ့၏ ကားများဖြစ်ကြောင်းဆိုသည်။

ယင်းတိုက်ခိုက်မှုကို Black Wolf – Army ၊ Who Am I – Army ၊ ဒေါင်းနီတပ်ဖွဲ့ ၊ God Hands ၊ Burma Rangers နှင့် ရွှေဘိုခရိုင် အမှတ် (၅) တပ်ရင်းတို့က ပူးပေါင်း၍ စောင့်ကြိုတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြထားသည်။

လတ်တလောအခြေအနေတွင် Black Wolf – Army အနေဖြင့် မစ်ရှင်များစွာပြုလုပ်ခဲ့သဖြင့် လက်နက်ခဲယမ်းများ လိုအပ်လျက်ရှိသည့်အပြင် အခြားအသုံးအဆောင်နှင့် ရိက္ခာများအတွက်ပါ အခက်အခဲများရှိသောကြောင့် မိဘပြည်သူများအနေဖြင့် တတ်နိုင်သည့်ဘက်မှ ဝိုင်းဝန်းကူညီကြပါရန် ပြန်ကြားရေးတာဝန်ခံက မေတ္တာရပ်ခံထားသည်။

ဇန်နဝါရီလ ၇ရက် နေ့လယ် ၂ နာရီ ၃၀ မိနစ်အချိန်ကလည်း စစ်ကိုင်းတိုင်း ရွှေဘိုမြို့နယ် ၊ ရွာသာရွာမှ စစ်ကောင်စီတပ်သားများနှင့် ပျူစောထီးများ ကင်းလှည့်ထွက်လာကြောင်း သတင်းရရှိသဖြင့် စောင့်ကြို၍ အလစ်အငိုက်အနီးကပ် တိုက်ခိုက်ရာ စစ်ကောင်စီတပ်သား နှစ်ဦးသေဆုံးပြီး ကျည်ဆံမလုံလောက်သဖြင့် လက်နက်များမကောက်ယူနိုင်ဘဲ ဆုတ်ခွာခဲ့ရကြောင်း သိရသည်။mizzima

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s