လေကြောင်းတိုက်ခိုက်မှုကြောင့် ကျဆုံးရဲ ဘော်များအတွက် ဝမ်းနည်းခြင်းအဖြစ် ဟားခါးမြို့က ဈေးဆိုင်ပိတ်ထားသူ ၁၇ ဦး ဖမ်းဆီးခံရ

ချင်းပြည်နယ်တွင် CNF/CNA ဌာနချုပ်ကို လေကြောင်းတိုက်ခိုက်ခံရချိန်တွင် ကျဆုံးခဲ့သည့်ရဲဘော်များအတွက် ဝမ်းနည်းခြင်းအဖြစ် ဇန်နဝါ ရီလ ၁၁ ရက်နေ့က ဈေးဆိုင်ပိတ်ထားသည့် ဟားခါးမြို့က ဆိုင်ရှင် ၁၇ဦးကို စစ်ကောင်စီတပ်ဖွဲ့၀င်များက ယမန်နေ့ ဇန်နဝါရီလ ၁၂ ရက်နေ့တွင် ရဲစခန်းသို့ ဖမ်းဆီးခေါ်ဆောင်သွားကြကြောင်း သိရသည်။

စစ်ကောင်စီတပ်ဖွဲ့က CNF/CNA ဌာနချုပ်ကို လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ရာ ရဲဘော် ငါးဦးကျဆုံးပြီး၊ ၁၀ဦး ဒဏ်ရာရရှိသွားခဲ့ခြင်းဖြစ် သည်။

သည့်အပြင် စစ်ကောင်စီတပ်ဖွဲ့က နေအိမ်တစ်အိမ်လုံးကိုလည်း” အကြမ်းဖက်မှုကျူးလွန်သူတစ်ဦးအား ပုန်းအောင်းခွင့်ပေးခြင်းနှင့် ယာယီနေထိုင်ခွင့်ပေးကြောင်း ဖော်ထုတ်ရရှိသည့်အတွက် အကြမ်းဖက်မှုဥပဒေပုဒ်မ (၅၂)အရ နေအိမ်အဆောက်အဦပိုင်ရှင်အား အရေးယူမည့်အပြင် ပုဒ်မ(၅၆)အရ နေအိမ်အဆောက်အဦအား နိုင်ငံတော်ဘဏ္ဍာအဖြစ် သိမ်းဆည်းမည်ဖြစ်သည်”ဟု ချိပ်ပိတ်စာကပ်ထားကြောင်း သိရသည်။

”ကျွန်တော်တို့သိတာကတော့ ၁၁ရက်နေ့မှာ ဆိုင်ခန်းပိတ်ထားတဲ့သူတွေကို စစ်တပ်က ဓာတ်ပုံတွေရိုက်ပြီး နောက်နေ့မှာပဲ ရဲစခန်းကိုခေါ်သွားကြတယ်။ ၁၇ ယောက်ပါသွားတယ်ကြားတယ်။ အခုလက်ရှိအချိန်ထိတော့ ပြန်လွတ်လာတာ မကြားသေးဘူး”ဟု ဟားခါးဒေသခံတစ်ဦးက ပြောသည်။

ဇန်နဝါရီ ၁၀ရက်နေ့ လေကြောင်းတိုက်ခိုက်မှုတွင် ကျဆုံး ဒဏ်ရာရသူများအတွက် ဝမ်းနည်းခြင်း အထိမ်းအမှတ်အနေဖြင့် ဟားခါးမြို့ရှိ ဆိုင်ခန်းများနှင့် ကိုယ်ပိုင်စီးပွားရေး လုပ်ငန်းများ မဖွင့်လှစ်ကြရန် ဇန်နဝါရီလ ၁၁ ရက်နေ့က” Halkha Campaign For Justice page” က တိုက် တွန်းထားခြင်းဖြစ်သည်။

ချင်းအမျိုးသားတပ်ဦး ဌာနချုပ်တည်ရှိရာ(Camp Victoria) စခန်းကို တိုက်လေယာဉ်များဖြင့် နှစ်ရက်ဆက်တိုက် ဗုံးကြဲတိုက်ခိုက်ခဲ့သည့် အ တွက် ရဲဘော် ငါးဦးသေဆုံးပြီး ၁၀ဦးထက်မနည်းဒဏ်ရာရရှိခဲ့ကာ ဆေးပေးခန်းအချို့ထိခိုက်ပျက်စီးခဲ့ကြောင်းလည်း သိရသည်။ mizzima

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s