အရာတော် ၊ကျွန်းဖိုပင်ရွာ လမ်းတစ်လျှောက်ရှိ စစ်တပ်ဂိတ်များကို ဒရုန်းဖြင့် ဗုံးကျဲမှု စစ် သား ၃ ဦးသေဆုံး

စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်၊ ကျွန်းဖိုပင်ရွာ လမ်းတစ်လျှောက်တွင် ဂိတ် ကြေးတောင်းခံနေသည့် စစ်ကောင်စီတပ်ဂိတ်များကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ရာ စစ်သား ၃ ဦးသေဆုံးကြောင်း Danger Force LPDFပြန်ကြားရေးတာဝန်ခံက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြော ဆိုသည်။

ဇန်နဝါရီလ ၁၂ ရက်နေ့၊ နံနက် ၁၀ နာရီ ၄၉ မိနစ် အချိန် ကျွန်းဖိုပင်ရွာ လမ်းတစ်လျှောက်တွင် ဂိတ်ကြေးတောင်းခံနေသည့် စစ်ကောင်စီတပ်များကို ဒရုန်းဖြင့် အသုံးပြုပြီးတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ၊ စစ်တပ်ဘက်မှ သေဆုံးမှုများပြားကြောင်း Danger Force LPDFပြန်ကြားရေးတာဝန်ခံက ဆိုသည်။

“ဒေသခံတွေအပေါ် အနိုင်ကျင့် ဆက်ကြေးကောက်ခံတယ်လို့ သတင်းရထားတာ ကြာပြီ။ တစ်နေ့ ထက်တစ်နေ့ ဆိုးဝါးလာလိုဒီနေ့ ဒရုန်း ၄ ကြိမ်တိုက်ခိုက်ခဲ့တယ်။ ခွေအသေကတော့ များမယ်။ အတိကျသိရဖို့ စုံစမ်းနေတယ်” ဟု Danger Force LPDF ပြန်ကြားရေးတာဝန်ခံက ပြောဆိုသည်။

PDF သတင်းရင်းမြစ်တစ်ခုကမူ ဒရုန်း ၄ စင်းဖြင့် ဗုံးသီး ၈လုံး ကျဲချတိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်သား ၃ ဦးထက်မနည်းသေဆုံးပြီး ၄ဦးဒဏ်ရာရကြောင်း ပြောဆိုသည်။

ဒရုန်းဖြင့် စစ်ကောင်စီတပ်များကို ဗုံးကျဲချသည့် စစ်ဆင်ရေးကို Danger Force LPDF၊ Ngwe Dwin Revolution Force (NDRF)၊MRTF တပ်ဖွဲ့၊သပြေညို ပြောက်ကျားတပ်ဖွဲ့၊ Ayadaw Bone Naing (ABN – PDF)၊ မိုင်းမင်းသား မြေအောက်ပျောက်ကျားတပ်ဖွဲ့၊IBEX တပ်ဖွဲ့ ၊ပတ္တမြားညီနောင် ပြောက် ကျားတပ်ဖွဲ့ တို့ က ပူးပေါင်းလုပ်ဆောင်ခဲ့ကြောင်း သိရှိရသည်။ khit thit

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s