အိန္ဒိယလေပိုင်နက်ကိုကျူးကျော်ဝင်ရောက်မှု တားမြစ်ပေးရန် ဗဟိုအစိုးရကို မီဇိုလူငယ်များတောင်းဆို

မြန်မာစစ်ကောင်စီတပ်က ချင်းအမျိုးသားတပ်ဦးဌာနချုပ်ကို လေကြောင်းမှဗုံးကြဲရာတွင် အိန္ဒိယလေပိုင်နက်ကိုကျူးကျော်သည့်အပြင် အိန္ဒိ ယနယ်မြေအတွင်း ဗုံးကျမှုဖြစ်ခဲ့ခြင်းနှင့်ပတ်သက်၍ မီဇိုရမ်လူငယ်အစည်းအရုံးက ရှုတ်ချပြောဆိုလိုက်ပြီး နောင်ကျူးလွန်မှုမဖြစ်ပွားအောင် ရပ်တန့်ပေးရန် အိန္ဒိယဗဟိုအစိုးရကို ဇန်နဝါရီလ ၁၂ ရက်နေ့က တောင်းဆိုလိုက်သည်။

” အိန္ဒိယမြေနဲ့ လေပိုင်နက်ထဲမှာ နိုင်ငံတကာဥပဒေချိုးဖောက်တဲ့အတွက် မြန်မာစစ်အစိုးရကို ကျနော်တို့ အပြင်းထန်ဆုံးအသုံးအနှုံးတွေနဲ့ရှုတ် ချပါတယ်။…မြန်မာစစ်တပ် ဂျက်တိုက်လေယာဉ်တွေအိန္ဒိယမြေကိုဗုံးကြဲတာနဲ့ အိန္ဒိယလေပိုင်နက်ထဲပျံသန်းတာကို မြန်နိုင်သမျှမြန်မြန်ရပ် တန့်ဖို့ အိန္ဒိယဟာ တက်တက်ကြွကြွလုပ်ဆောင်သင့်တယ်။” ဟု မီဇိုရမ်လူငယ်အစည်းအရုံး (Tuipuiral Group) ၏ ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

ဇန်နဝါရီ၁၀ရက်နေ့က ချင်းပြည်နယ်ထန်တလန်မြို့နယ်အတွင်းရှိ CNF/CAN စခန်း ဗစ်တိုးရီးယားကိုစစ်ကောင်စီတပ်က လေကြောင်းမှဗုံးကြဲတိုက်ခိုက်မှုပြုရာတွင် အိန္ဒိယလေပိုင်နက်ထဲကျူးကျော်ဝင်ရောက်ခဲ့သည်ဟဆိုသည်။ ထို့အပြင် ဗုံးမကြဲမီ နှစ်လအတွင်းကလည်း အိန္ဒိယလေပိုင်နက်ထဲဝင်ရောက်ပျံသန်းမှုများ အကြိမ်များစွာပြုလုပ်ခဲ့သည်ဟု လူငယ်အစည်းအရုံးကပြောသည်။

ဇန်နဝါရီလ ၁၀ရက်နေ့နှင့်၁၁ရက်နေ့များတွင်ဗစ်တိုးရီးယားစခန်းကို ဗုံးကြဲတိုက်ခိုက်ခဲ့သည့်အတွက် စခန်းအတွင်းရှိ ရဲဘော်ငါးဦးကျဆုံးခဲ့ပြီး ၁၀ ဦးဒဏ်ရာရကာ ဆေးပေးခန်းနှင့် လူနေအဆောင်များပျက်စီးခဲ့သည်။ ဇန်နဝါရီ ၁၁ ရက်နေ့က နောက်ထပ်ဗုံးနှစ်ကြိမ်ကြဲချခဲ့သည်။

အိန္ဒိယဘက်သို့ ဗုံးကျမှုတစ်ခုတွင် တီရောမြစ်အနီးသဲကျုံးနေသော မော်တော်ယာဉ်တစ်စီးပျက်စီးခဲ့ပြီး ဒေသခံများအထိတ်တလန့်ဖြစ်ခဲ့ကြရသည်။

” တိုက်လေယာဉ်တွေက အိန္ဒိယလယ်သမားတွေ၊ သဲကျုံးသူတွေနဲ့ သာမန်လူထု အထူးသဖြင့်ကို အိန္ဒိယ-မြန်မာနယ်စပ်ဧရိယာမှာနေထိုင်တဲ့သူတွေကို တုန်လှုတ်ခြောက်ခြားစေတာ ကြောက်ရွံ့စေတာတွေဖြစ်ခဲ့တဲ့အတွက် ကျွနုပ်တို့အမိမြေအိန္ဒိယအတွက် ဒါဟာ နာကျင်စရာကောင်းလှတဲ့စော်ကားမှုဖြစ်တယ် ’’ ဟု မီဇိုလူငယ်အစည်းအရုံးက ပြောသည်။

အိန္ဒိယအစိုးရဘက်က ဗုံးကျသည့်နေရာကို စစ်ဆေးမှုများပြုလုပ်သော်လည်း ကန့်ကွက်ပြောကြားခြင်းပြုသည်ကို ယခုသတင်းပေးပို့ချိန်ထိ မကြားသိရပါ။

မီဇိုရမ်လူငယ်အစည်းအရုံးသည် အိန္ဒိယတစ်နိင်ငံလုံးရှိ လူငယ်အသင်းအဖွဲ့များတွင် ဒုတိယအကြီးဆုံးဖြစ်ပြီး ယခုထုတ်ပြန်ချက်ကို မြန်မာနိင်ငံနှင့်နယ်နမိတ်ချင်းထိစပ်နေသော အိန္ဒိယအရှေ့မြောက်ဒေသရှိ ပြည်နယ်တစ်ခုဖြစ်သော မီဇိုရမ်ပြည်နယ်၏မြို့နယ်ခွဲတစ်ခုက ထုတ်ပြန်ခြင်းဖြစ်သည်။mizzima

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s