ကန့်ဘလူမြို့နယ်ရှိ စစ်‌ကောင်စီတပ်နှင့်ပျူစောထီး ဘန်ကာဂိတ်ကို ပစ်ခတ်တိုက်ခိုက်

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ကာဘိုးရွာရှိ စစ်ကောင်စီတပ်နဲ့ ပျူစောထီးတွေ အထိုင်ချထားတဲ့ ကြံ့ခိုင်ရေးပါတီလွှတ်တော်ကိုယ်စားလှယ်ပိုင် ရဲမာန်ကိုယ်ပိုင်အထက်တန်းကျောင်းဂိတ်ကို ဇန်နဝါရီ ၁၃ ရက် ည ၈ နာရီခွဲလောက် ကန့်ဘလူမဟာမိတ်ညီနောင်တော်လှန်ရေးတပ်ဖွဲ့တွေက လက်နက်ကြီးနဲ့ သွားရောက်ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ဒေသတွင်းတော်လှန်ရေးအဖွဲ့ထံက သိရပါတယ်။

ကျွန်းလှ၊ ကန့်ဘလူတက်ကြွလှုပ်ရှားသူများအဖွဲ့ -ကန့်ဘလူခရိုင် တာဝန်ရှိသူ တဦးက “ကာဘိုးရွာ ထိပ်မှာရှိတဲ့ ကြံ့ခိုင်ရေးပါတီလွှတ်တော်ကိုယ်စားလှယ် အောင်နိုင် တည်ထောင်ထားတဲ့ “ရဲမာန်” ကိုယ်ပိုင်ကျောင်းမှာ အထိုင်ချပြီးစစ်ဆေးရေးလုပ်နေတဲ့ စစ်‌ကောင်စီတပ်နဲ့ ပျူစောထီး ဘန်ကာ ဂိတ်ကို Kanbalu Underground Warriors၊ မြေပြင်လှုပ်ရှားညီနောင်များအဖွဲ့က ၁၂၀-မမ (၄) လုံးနဲ့ သွား‌ရောက်ပစ်ခတ်တာ၊ ဘန်ကာထဲထိ လက်နက်ကြီးကျပြီး စစ်ကောင်စီဘက်က အထိခိုက်အကျအဆုံးရှိနိုင်တယ်။ အတိအကျတော့ မသိရသေးဘူး။ ဘန်ကာထဲ တည့်တည့် ကျတာ ထိခိုက်မှုတော့ ရှိဖို့များတယ်” လို့ ပြောပါတယ်။

‌ကြံ့ခိုင်ရေးပါတီ လွှတ်တော်ကိုယ်စားလှယ် ဦးအောင်နိုင်ဟာ အာဏာသိမ်းပြီးနောက် စစ်ကောင်စီက ချီးမြှင့်ထားတဲ့ ရဲဗလဘွဲ့နဲ့ ရွှေ ၂ ကျပ်သားဆု ရရှိထားသူဖြစ်ပါတယ်၊ 

သူ့ပိုင်ဆိုင်တဲ့ “ရဲမာန်” ကိုယ်ပိုင်အထက်တန်းကျောင်းမှာ ဘန်ကာတွေ အခိုင်အမာဆောက်လုပ်ပြီး စစ်ကောင်စီအထိုင် စခန်းချထားကာ ပြည်သူအပေါ် လက်နက်အားကိုးနဲ့ ဖိအားပေးခြိမ်းခြောက် အနိုင်ကျင့်နေသူ ဖြစ်တယ်လို့ ကျွန်းလှ၊ ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့-ကန့်ဘလူခရိုင်အဖွဲ့က ထုတ်ပြန်ထားပါတယ်။DVB

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s