ကြာအင်းဆိပ်ကြီး၊အလယ်ရွာတွင် တိုက်ပွဲဖြစ် ပွားပြီး စစ်တပ်ဘက်မှ သေဆုံးမှုများရှိ၊ စစ် တပ်က ပြည်သူ ၆ ဦးကို ပစ်သတ်သွား

ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ အလယ်ရွာတွင် KNLA ၊ PDF ပူး ပေါင်း တပ်များနှင့် အကြမ်းဖက် စစ်ကောင်စီတပ်များအကြား ယမန်နေ့က တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး စစ်တပ်ဘက်မှ သေဆုံးမှုများရှိကြောင်း ဒေသပြည်သူများထံမှ သိရှိရသည်။

ဇန်နဝါရီလ ၁၃ ရက်နေ့ နံနက် ၈ နာရီ ၃၀ မိနစ်အချိန် ကြာအင်းဆိပ်ကြီးမြို့နယ်၊ အလယ်ရွာတွင် တိုက်ပွဲများဖြစ်ပွားခြင်းဖြစ်ကြောင်း၊ ယင်းနောက် စစ်တပ်က အလယ်ကျေးရွာအတွင်းသို့ ဝင်ရောက် နေအိမ်များကို မီးရှို့သွားကြောင်း၊ စစ်တပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်မှုကြောင့် ကြာအင်းဆိပ်ကြီးမြို့နယ်၊ အမှတ် ၁ ရပ်ကွက်ရှိ နေအိမ်တချို့ ထိခိုက်ပျက်စီးခဲ့ရကြောင်း ဒေသပြည်သူများက ပြောသည်။

“မနေ့မနက် ၈ နာရီခွဲမှာ ကြာအင်းဆိပ်ကြီးအလယ်ရွာမှာတိုက်ပွဲခဲ့တယ်။ အလယ်ရွာ ဒေသခံ ပြည်သူတချို့ အသတ်ခံရပြီး ရွာလည်း မီးရှို့ခံလိုက်ရတယ်လို့ ပြန်သိရတယ်။ အခု အလယ်ရွာထဲမှာ ခွေးတွေ ဝင်နေလို့ သွားကြည့်လို့တော့မရသေးဘူး။ နောက်ပြီး ဇန်နဝါရီလ ၁၂ ရက်နေ့ ည ၉ နာရီအချိန် ကြာအင်းဆိပ်ကြီးဗျူဟာက လက်နက်ကြီးတွေနဲ့ ရမ်းသမ်းပစ်ခတ်လို့ ပြည်သူနေအိမ်တွေ လက်နက်ကြီးထိပြီး ပျက်စီးပါတယ်” ဟု ကြာအင်းဆိပ်ကြီးဒေသခံတစ်ဦးက ပြောဆိုသည်။

ကြာအင်းဆိပ်ကြီးမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့၏ ထုတ်ပြန်ချက်အရ စစ်တပ်က အရပ်သားများကို ဖမ်းဆီးပြီး ပေါ်တာအဖြစ် အဓမ္မခိုင်းခြင်း ၊ လူ သား ဒိုင်းကာများအဖြစ် အသုံးပြုခြင်းများရှိနေသဖြင့် ပြည်သူများနှင့် ကျေးရွာနေအိမ်များ မထိခိုက်စေရန် စိုးမိုးနယ်မြေအချို့မှ ထွက်ခွာပေးခဲ့ရကြောင်း၊ ကျေးရွာများနှင့် လွတ်ကင်းသော တိုက်ပွဲတစ်နေရာတွင် စစ်တပ်ဘက်မှ ၁၀ ဦးခန့် သေဆုံးကြောင်း၊ သို့ရာတွင် စစ်တပ်ဘက်မှ သေဆုံးထိခိုက်မှု သတင်းအပေါ် တော်လှန်ရေးအင်အားစုများ၏ စစ်ရေးတာဝန်ရှိသူများက တရားဝင်ထုတ် ပြန်မှသာ အတည်ဖြစ်ကြောင်း ပြောဆိုထုတ်ပြန်ထားသည်။

စစ်တပ်က အရပ်သား ပြည်သူ ၆ ဦးကို ပစ်သတ်သွားပြီး နေအိမ်များ၊ ဆိုင်ခန်းများ မွှေနှောက် ခိုးယူ ၊လုယက် ၊ဖျက်စီးသွားခဲ့ကြောင်း၊ ပြည်သူများထိခိုက်မည်ကို မလိုလား၍ ဆုတ်ခွာပေးလိုက်သော KNLA ဂိတ်စခန်း တစ်ခုကို စစ်တပ်က မီးတင်ရှို့သွားကြောင်း ကြာအင်းဆိပ်ကြီး ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ဆိုသည်။

လက်ရှိတိုက်ပွဲများကြောင့် ကျေးရွာပေါင်း ၂၀ ကျော်မှ ပြည်သူများ စစ်ဘေးရှောင်နေရပြီး ဆက်လက်၍ စစ်ဘေးရှောင်ကျေးရွာများ ထပ်တိုးလာလျက်ရှိကြောင်း သိရှိရသည်။khit thit

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s