ခရီးသည်တင်ယာဉ်များမှအပ ယာဉ်စစ်ဆေးမှုမပြုဘဲ သက်တမ်းတိုးပေးမည်

ခရီးသည်တင်ယာဉ်များမှအပ ကျန်ရှိသည့်မော်တော်ယာဉ်များ သက်တမ်းတိုးရာတွင် ယာဉ်စစ်ဆေးခြင်းမပြုဘဲ သက်တမ်းတိုးခြင်းကို မတ်လကုန်အထိ ဆောင်ရွက်မည်ဖြစ်ကြောင်း ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှု ဦးစီးဌာနက သတင်းထုတ်ပြန်ထားသည်။

COVID-19 ထိန်းချုပ်ရေးအတွက် Road Safety ဖြစ်စေရန်အရေးကြီးသည့် အများပြည်သူသယ်ယူပို့ဆောင်သည့် ခရီးသည်တင်ယာဉ်များကိုသာ ယာဉ်စစ်ဆေး၍ အခြားမော်တော်ယာဉ်များအားလုံးကို ယာဉ်စစ်ဆေးခြင်းမပြုဘဲ သက်တမ်းတိုးပေးမည်ဟု ဆိုသည်။

မှတ်ပုံတင်ထားသည့် မော်တော်ယာဉ်များနှင့် ဆိုင်ကယ်များကို ၂၀၂၃ ခုနှစ် ဇန်နဝါရီလမှ မတ်လကုန်အထိ တိုင်းဒေသကြီးနှင့် ပြည်နယ် ၁၂ ခုတွင်ရှိသည့် ကညန ရုံးပေါင်း ၄၉ ခုတွင် သက်တမ်းတိုးပေးသွားမည်ဟုသိရသည်။

ယာဉ်သက်တမ်းတိုးရာတွင်မော်တော်ယာဉ်ငယ်ဖြစ်ပါက တစ်နှစ် သက်တမ်းတိုးခ မှတ်ပုံတင်ခ ကျပ် ၁၅,၀၀၀ နှင့်ယာဉ်စစ်ဆေးခ ၅,၀၀၀ ကျပ် ၊ မော်တော်ယာဉ်ကြီးဖြစ်ပါက မှတ်ပုံတင်ခ ၃၀,၀၀၀ ကျပ်နှင့် ယာဉ်စစ်ဆေးခ ၁၀,၀၀၀ ကျပ် တို့ကို ပေးဆောင်ရမည်ဖြစ်ကြောင်း ဆိုသည်။

“လက်ရှိမှာက ဇန်နဝါရီလဆန်းမှာပင် ကားဈေးတွေထိုးတက်နေတာ။ ဒါပြီးရင်လည်း ဈေးကတက်ဦးမှာမို့ ယာဉ်သက်တမ်းတိုးရမယ့်ကိစ္စလည်း သတ်မှတ်ရက်မတိုင်ခင် လုပ်ထားဖို့လိုတယ်” ဟု ကားအရောင်းအဝယ်ပြုလုပ်သူတစ်ဦးက သုံးသပ်ပြောဆိုထားသည်။

ပြီးခဲ့သည့် ၂၀၂၂ ဒီဇင်ဘာလအတွင်းတွင် ပြည်ပမှ တင်သွင်းလာသည့် ယာဉ် ၈,၈၂၈ စီးနှင့် စက်မှုဝန်ကြီးဌာနက တစ်စိတ်တစ်ပိုင်း တပ်ဆင်ထုတ်လုပ်သည့် ယာဉ် ၁,၆၃၆ စီး စုစုပေါင်း ၁၀,၄၆၄ စီးကို ကနဦး မှတ်ပုံတင်ဆောင်ရွက်ပေးခဲ့ကြောင်း ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှု ဦးစီးဌာန​၏ အချက်အလက်များအရသိရသည်။mizzima

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s