ဆားလင်းကြီးတွင် ၂ ရက်ဆက် တိုက်ပွဲဖြစ်ပွားပြီး စစ်သား ၁၄ ဦးသေဆုံးကာ PDF ရဲဘော် ၁ ဦးကျဆုံး
စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်အတွင်း ကျေးရွာများကို မီးရှို့နေသော အကြမ်းဖက် စစ်တပ်နှင့် PDF တပ်ဖွဲ့များ ၂ ရက်ဆက် တိုက်ပွဲဖြစ် ပွားပြီး စစ်သား ၁၄ ဦး သေဆုံးကြောင်း One Star Task Force အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။
ဇန်နဝါရီလ ၁၂ ရက်နေ့ နံနက်ပိုင်းတွင် ဆားလင်းကြီးမှ ထွက်လာသည့် အင်အား ၈၀ ခန့်ပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ဆားလင်းကြီးမြို့နယ်ရှိ ဒူးထောက်၊ ပိုင်းတောင်ကြီး၊ ကျောင်းကုန်း၊ ဖောင်းကတာရွာများကို မီးရှို့ ဖျက်ဆီးပြီး ထွက်လာစဥ် OSTF အဖွဲ့ နှင့် တိုက်ပွဲဖြစ် ပွားပြီး စစ်သား ၁၀ ဦးသေဆုံးကာ PDF ရဲဘော် ၁ ဦးကျဆုံးခဲ့ကြောင်း သိရသည်။
ဇန်နဝါရီလ ၁၃ ရက်နေ့တွင် ယင်း အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ဖောင်းကတာရွာ၌ ညအိပ်ပြီး ပြန်လာစဥ် ဆည်တည်းရွာနှင့် ရွာဟောင်းရွာကို မီးထပ်ရှို့ပြီး ၀မ်ပေါင်မှာ ကုမ္ပဏီ အတွင်းသို့ ပြန်လည်ဝင်ရောက်သွားကြောင်း၊ မွန်းလွဲ ၁ နာရီခန့်တွင် မိုးကြိုးပြင် အလယ်ရွာနှင့် တောင်င်ရွာကို မီးရှို့ ပြန်လာစဥ် OSTF အဖွဲ့မှ မိုင်းဆွဲတိုက်ခိုက်ခဲ့ပြီး စစ်သား ၄ ဦးသေဆုံးခဲ့ကြောင်း သိရသည်။
” မိုးကြိုးပြင်ရွာကို မီးရှို့ပြီး ထွက်လာတဲ့ စစ်ခွေးတွေကိုမိုင်းစွဲ တိုက်ခိုက်တာ ၄ ဦးသေဆုံးတယ်။ မနေ့က ထိတွေ့ တိုက်ပွဲမှာ ၁၀ ကောင်သေ ဆုံးပါတယ်” ဟု One Star Task Force အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။khit thit