ဆိပ်ဖြူတွင် စစ်တပ် ရိက္ခာပို့ယာဥ်တန်းနှင့် ဂိတ်စခန်းကို PDF အဖွဲ့များ တိုက်ခိုက်မှု စစ်သား ၃ ဦးသေဆုံး

မကွေးတိုင်း၊ ဆိပ်ဖြူမြို့နယ်တွင် အကြမ်းဖက် စစ်တပ် ရိက္ခာပို့ယာဥ်တန်းနှင့် ဂိတ်စခန်းကို PDF အဖွဲ့များ တိုက်ခိုက်မှု စစ်သား ၃ ဦးသေဆုံးခဲ့ကြောင်း OAK AWE UG GROUP အဖွဲ့ တာဝန်ခံ ကိုဥဩက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဇန်နဝါရီလ ၁၂ ရက်နေ့ နံနက် ၉ နာရီခန့်တွင် ဆိပ်ဖြူမြို့နယ်၊ ဆိပ်ဖြူ-ဆော-ဆိပ်ဖြူ-ပခုက္ကူလမ်း လမ်းဆုံရှိ အကြမ်းဖက် စစ်တပ်၏ ၁၀မိုင် လမ်းဆုံဂိတ်စခန်းကို ဒေသခံ ကာကွယ်ရေး တပ်ဖွဲ့များက Drone ဖြင့် ဗုံးသီးချတိုက်ခိုက်ခဲ့ပြီး စစ်သား ၃ ဦး သေဆုံးခဲ့ကြောင်း သိရသည်။

နံနက် ၉ နာရီ ၂၀ မိနစ်တွင် ဆိပ်ဖြူ-ပခုက္ကူနှင့် ဆိပ်ဖြူ-ပေါက် လမ်းပိုင်းတွင် ကပစ-၂၂ သို့ ရိက္ခာလာပို့သည့် စစ်ကား ၂ စီးကို ဒေသခံကာ ကွယ်ရေး တပ်ဖွဲ့များက မိုင်းဆွဲ တိုက်ခိုက်ခဲ့ပြီး စစ်သားများ ထိခိုက်သေဆုံးမှုရှိသော်လည်း အရေအတွက် အတည်မပြုနိုင်သေးကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုများကို Oak Awe UG Group မြို့ပြပြောက်ကျား တပ်ဖွဲ့ ( စလေ)၊ သိန်းငှက်နက် ဆိပ်ဖြူတော်လှန်ရေး တပ်ဦး (B.H. S.R.F)တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။ khit thit

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s