ပုလဲမြို့နယ်၊ ကန့်ဒေါင့်ရဲစခန်းကို ကျားသစ်နက်တပ်မတော် တိုက်ခိုက်

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်၊ ကန့်ဒေါင့်ရဲစခန်းကို  ဇန်နဝါရီ ၁၄ ရက် ဒီမနက် ၇ နာရီလောက်က တိုက်ခိုက်ခဲ့ရာမှာ နှစ်ဖက် ထိခိုက်ဒဏ်ရာရသူတွေရှိတယ်လို့ ဒေသခံကာကွယ်ရေးခေါင်းဆောင်တွေက ပြောပါတယ်။

ကျားသစ်နက်တပ်မတော် တပ်ရင်းမှူး ကိုဥက္ကာက “မနက် ၇ နာရီက တိုက်ပွဲက စတယ်။‌ ၁၀ နာရီမှာ တိုက်ပွဲပြီးတယ်။ ကျနော်တို့ဘက်က ၈၀ မမ လက်လုပ်လက်နက်ကြီးနဲ့ ပစ်တယ်။ အနီးကပ်လက်နက်ငယ်နဲ့ ပစ်ခတ်ခဲ့တယ်။ တိုက်ပွဲက နှစ်ဖက်ပြင်းထန်တယ်” လို့ ပြောပါတယ်။

တိုက်ပွဲမှာ ဒေသကာကွယ်ရေးတပ်က ရဲဘော် ၂ ဦး ထိခိုက်ဒဏ်ရာရခဲ့ပြီး စစ်ကောင်စီဘက်ကလည်း အထိခိုက်ရှိနိုင်သလို ဒဏ်ရာရတဲ့သူတွေ ထမ်းသယ်တာတွေလည်း မြင်ရပေမဲ့ အရေအတွက်ကတော့ အတိကျ မပြောနိုင်ဘူးလို့ဆိုပါတယ်။

ပုလဲမြို့နယ် ကန်ဒေါင်ရဲစခန်းကို ဇန်နဝါရီလအတွင်း ၄ ရက်နေ့က တကြိမ်၊ ၇ ရက်က တကြိမ်၊ ၈ ရက်က တကြိမ်၊ ၁၄ ရက်က တကြိမ် စု ပေါင်း ၄ ကြိမ် တိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။

အခုလို တိုက်ပွဲရက်ကြာရှည်လာတာနဲ့အမျှ မြေပြင်တော်လှန်ရေးအဖွဲ့တွေမှာ ကျည်အခက်အခဲ အရေးပေါ် လိုအပ်နေတယ်လို့လည်း ဒေသခံပြည်သူကာကွယ်ရေးခေါင်းဆောင်တွေက ပြောပါတယ်။DVB

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s