ဖရူဆိုမြို့နယ်က အဓိကလမ်းမကြီးများကို KNDFက ရက်အကန့်အသတ်မရှိပိတ်

ကရင်နီပြည်နယ်၊ ဖရူဆိုမြို့နယ်ရှိ နန်းဖဲလမ်းမကြီး၊ ဘော်လခဲလမ်းမကြီးနှင့် ထူးချောင်းလမ်းကြီးတို့ကို ဖြတ်သန်းသွားလာခြင်းမပြုလုပ်ကြဖို့ KNDF B-16 က ယမန်နေ့ ဇန်နဝါရီလ ၁၂ရက်တွင် ထုတ်ပြန်ထားပါသည်။

“အကြမ်းဖက်စစ်ကောင်စီမှ အာဏာသိမ်းပြီး ပြည်သူများကို ညှဥ်းပန်းနှိပ်စက်သတ်ဖြတ်ကာ အမြစ်ပြတ်ပြန်လည်ချေမှုန်းနိုင်ရန်အတွက် နည်းလမ်းမျိုးစုံဖြင့် ကြိုးစားအားထုတ်သည့်အတွက် ၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၁၂ရက်ကစပြီး ဖော်ပြထားတဲ့လမ်းများကို ကူးသန်းရောင်းဝယ်ခြင်းနှင့် သွားလာခြင်းမပြုလုပ်ရန်” KNDF B-16 ကဆိုသည်။

အဆိုပါလမ်းမကြီးများသည် လွိုင်ကော်၊ ဒီးမော့ဆို၊ နန်းဖဲ၊ ဘော်လခဲကနေတစ်ဆင့် ကူးသန်းရောင်းဝယ်ရေးအတွက် အဓိကဆက်သွယ်ထားသည့် အဓိက မိန်းလမ်းမကြီးတစ်ခုဖြစ်ပြီး သွားလာနိုင်မည့်ရက်ကို KNDF B-16 မှ အသိပေးသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

လက်ရှိ ကရင်နီပြည်နယ်အတွင်း စစ်ကောင်စီတပ်မှ နယ်မြေစိုးမိုးရေးအတွက် ထိုးစစ်ဆင်မှုများဆက်လက်ပြုလုပ်လာပြီး စစ်ဘေးရှောင်ပြည်သူများရှိရာနေရာသို့ လက်နက်ကြီးများဖြင့် ရမ်းသန်းဖြစ်ခတ်မှုများ ပြုလုပ်လျှက်ရှိသည်။ mizzima

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s