မုံရွာမြို့နယ် တောပုရွာရှိ ပျူစောထီးဆိုသူများတိုက်ခိုက်ခံရ၍ ၃ ဦးသေဆုံးဟုဆို
။စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ တောပုကျေးရွာအနီးတွင် အင်အား ၂၀ ဝန်းကျင်ခန့်ရှိသည့် ပျူစောထီးဆိုသူများနှင့် ကာကွယ်ရေးမဟာမိတ်အဖွဲ့တို့ ဇန်နဝါရီလ ၁၂ ရက်၊ နေ့လယ် ၁၂ နာရီ ၃၀ မိနစ်တွင် ထိတွေ့တိုက်ပွဲဖြစ်ပွါးရာ ပျူစောထီးဘက်မှ သုံးဦးသေဆုံးကြောင်း PDF South Mongywa အဖွဲ့ထံက သိရသည်။
ကာကွယ်ရေးမဟာမိတ်အဖွဲ့များမှ ၄၀ မမများအပါအဝင် အော်တိုဂန်းများ၊ လက်လုပ်ရှော့ဂန်းများဖြင့် အလစ်အငိုက် ဝင်ရောက် ပစ်ခတ်၍ တိုက်ပွဲဖော်ဆောင်ခြင်းဖြစ်သည်ဟု ဆိုသည်။
“တိုက်ပွဲဖြစ်ပွားနေချိန် တောပုရွာအတွင်းကနေ ပျူတွေက ၆၀ မမနဲ့ပစ်လို့ ကျနော်တို့မဟာမိတ်အဖွဲ့တွေ ပြန်လည်ဆုတ်ခွာခဲ့ရပါတယ်”ဟု PDF South Mongywa မှ ရဲဘော် ဒေါင်းကာရံက မဇ္ဈိမကို ပြောသည်။
ပျူစောထီးဆိုသူများသည် ခရီးသည်တင်ကားများထံမှ ငွေတောင်းယူခြင်းများ ပြုလုပ်နေသည်ဟု ဆိုသည်။
တောပုရွာရှိ ပျူစောထီးဆိုသူများသည် အနီးအနားရှိ ကျေးရွာများဘက်သို့ လက်နက်ကြီးဖြင့် ပစ်ခတ်မှုများ ပြုလုပ်နေကြောင်း PDF South Mongywa အဖွဲ့တာဝန်ရှိသူက ဆိုသည်။ mizzima