မုံရွာမြို့ပေါ်တွင် ရွေးကောက်ပွဲကျင်းပရန် သန်းခေါင်စာရင်းစိစစ်နေမှုများနှင့် မြို့လယ်ခေါင် စစ်တပ်ဂိတ်များကို ပျောက်ကျားနည်းဖြင့် ပစ်ခတ်တိုက်ခိုက်
စစ်ကိုင်းတိုင်း၊ မုံရွာမြို့ပေါ်တွင် စစ်ကောင်စီတပ်များက ရွေးကောက်ပွဲကျင်းပရန် သန်းခေါင်စာရင်းစိစစ်နေမှုများကို ပျောက်ကျားနည်းဖြင့် ယနေ့ တိုက်ခိုက်ကြောင်း Monywa People Defense Force ၊ Special Regional Attacks Force (Monywa)မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့နယ် အများခေါ် ဒေါနခြံ ရပ်ကွက် သာစည် မီး ပွိုင့် နေရာတွင် အများပြည်သူလုထုထောက်ခံမှုမရှိသော ရွေး ကောက်ပွဲအားကျင်းပနိုင်ရန် အလောတကြီး ကြိုးစားပမ်းစား ဆောင်ရွက်နေသော အကြမ်းဖက်စစ်ကောင်စီတပ်များက ပြည်သူလူထုအား အိမ်ထောင်စု စာရင်းလိုက်လံစစ်နေမှုမျာကို မုံရွာ အထူးဒေသ တိုက်ခိုက်ရေးအဖွဲ့ မှ ပျောက်ကြားနည်းစနစ်ဖြင့် ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း၊ ထို့ပြင် မုံရွာမြို့လယ်ခေါင် စစ် တပ်က ကင်းပုန်းချထားသော ဗိုလ်ချုပ်ကြေးရုပ်အဝိုင်းပတ်၊ကျောက္ကာလမ်းမီးပွိုင့်ရှိ စစ်တပ်ဂိတ်များကို လမ်းကြုံပစ်ခတ်ခဲ့ကြောင်း သိရှိရသည်။
“စစ်ခွေးတွေ အထိအခိုက် ရှိလားဆိုတာက ကျနော်တို့ဘက်ကတော့ အတိအကျတော့ မသိရဘူး။ ဒါပေမယ့် ကျနော်တို့ ပြန်ကြားရတာက ပစ်ခတ်မှုထဲမှာ စစ်ခွေးတစ်ကောင်ကတော့ လဲသွားတယ်။ ပြည်သူထဲက သတင်းပေးတာပေါ့။ Scout တွေဆီက တက်လာတာက စစ်ခွေး ၂ ကောင်ကျတယ်လို့ ကြားရတယ်။ တရားမဝင် ရွေးကောက်ပွဲလုပ်ဖို့ စာရင်းတွေ လိုက်ကောက်နေတာကို ၂ ကြိမ် လောက်တော့ ခွင့်လွှတ်ပေးထားသေးတယ်။ ဒီနေ့ကျတော့ ၃ ကြိမ်လောက် လူဦးရေ စာရင်းကောက်တော့ သူတို့ရဲ့ ငရဲခန်း စစ်ကြောရေး နေရာ မြို့တော်ခန်းမ ၊ ဗိုလ်ချုပ်ကြေးရုပ် အဲဒီနားအထိ လုပ်ပြလို့ရတယ်ဆိုတာပြတယ်။ ကျနော်တို့ မလုပ်ချင်လို့ မလုပ်တာ။ ပြည်သူတွေကို ငဲ့ညှာလို့ မလုပ်တာ” ဟု Monywa People Defense Force ၊ Special Regional Attacks Force (Monywa)မှ တာဝန်ရှိသူက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ khit thit