မုံရွာမြို့မှာ ရွေးကောက်ပွဲအတွက် အိမ်ထောင် စုစာရင်းစစ်နေတဲ့ အဖွဲ့တိုက်ခိုက်ခံရ

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ် ဒေါနခြံရပ်ကွက် သာစည်မီးပွိုင့်နေရာတွင် စစ်ကောင်စီက ပြုလုပ်မည့် ရွေးကောက်ပွဲအတွက် အိမ် ထောင်စုစာရင်းစစ်နေသည့်အဖွဲ့ကို ယနေ့ ဇန်နဝါရီလ ၁၃ ရက်နေ့ နေ့လယ်ပိုင်းတွင် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း Special Regional Attack Force- MWA က ထုတ်ပြန် ကြေညာသည်။

မုံရွာမြို့ပေါ်မှာ အိမ်ထောင်စုစာရင်းစစ်နေတာ သူတို့ အင်အားက ၁၅ ယောက်ရှိတယ်၊ ကျတော်တို့ သာစည်မီးပွိုင်နားမှာ ပစ်ခတ်ခဲ့တယ် နှစ် ယောက် ထိတယ်လို့ ကြားတယ်” ဟု Special Regional Attack Force- MWA မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

အများပြည်သူ ထောက်ခံမှုမရှိသော ရွေးကောက်ပွဲအား အလောတကြီးကြိုးစားပမ်းစားဆောင်ရွက်နေသော အကြမ်းဖက်စစ်ကောင်စီတပ်များမှပြည်သူလူထုအား အိမ်ထောင်စုစာရင်းလိုက်လံစစ်ဆေးနေမှုများအားကြားသိရ၍ ကျွန်တော်တို့ မုံရွာအထူးဒေသတိုက်ခိုက်ရေးအဖွဲ့မှ ပြောက်ကျားနည်းစနစ်ဖြင့် ဝင်ရောက်တိုက်ခိုက်ခဲ့သည်ဟု ထုတ်ပြန်ချက်တွင်ဖော်ပြပါရှိသည်။

စစ်ကောင်စီက ကျင်းပပြုလုပ်မည့် ရွေးကောက်ပွဲကို ၎င်းတို့အနေဖြင့် လုံး၀လက်ခံမည်မဟုတ်ဘဲ လုံး၀အုပ်ချုပ်ခွင့်မရစေရဘူးလို့ Special Regional Attack Force- MWA အဖွဲ့ က ဆိုသည်။

ယင်းအပြင် စစ်ကောင်စီတပ်များမှ ကင်းပုန်းချထားသည့် ဗိုလ်ချုပ်ကြေးရုပ် အ၀ိုင်းပတ် ကျောက္ကာလမ်းမီးပွိုင့်ရှိ စစ်ကောင်စီတပ်သားများကိုလည်း ဝင်ရောက်ပစ်ခတ်ခဲ့ကြောင်း Special Regional Attack Force- MWA က ဆိုသည်။

တိုက်ခိုက်မှုများအတွင်း စစ်ကောင်စီတပ်ဘက်က ထိခိုက်ကျဆုံးမှုနှင့်ပတ်သက်၍ အတိအကျစာရင်းကို အတည်ပြုနိုင်ခြင်းမရှိသေးကြောင်း နှင့် ဒေသကာကွယ်ရေးတပ်ဖွဲ့ဘက်တွင် ထိခိုက်မှု တစ်စုံတစ်ရာ မရှိခဲ့ကြောင်း သိရသည်။mizzima

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s