ရွှေဘို-ကျောက်မြောင်းလမ်းတွင် စစ်ကားကို မိုင်းဆွဲတိုက်ခိုက်မှုကြောင့် စစ်သား ၁ ဦး မိုင်းထိမှန် သေဆုံးပြီး အလောင်းကျန်ရစ်

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ ရွှေဘို-ကျောက်မြောင်းလမ်းတွင် စစ်ကား ၂ စီးကို PDF က မိုင်းဆွဲတိုက်ခိုက်ရာတွင် စစ်သားတစ်ဦး မိုင်းထိမှန်၍ ကားပေါ်မှ လွင့် စင်ပြုတ်ကျ သေဆုံးနေသည့် ရုပ်အလောင်းကျန်ရစ်ခဲ့ကြောင်း Burma Rangers အဖွဲ့မှ သတင်းနှင့်ပြန်ကြားရေး တာဝန်ခံ ဗိုလ်အေဓီက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ဇန်နဝါရီလ ၁၁ ရက် ညနေ ၄ နာရီခန့်က ရှေ့တန်းမှပြန်လာသော အကြမ်းဖက်စစ်သားများလိုက်ပါလာ သည့် ၁၂ ဘီးကားနှစ်စီးကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များမှ မိုင်းဆွဲပြီးတိုက်ခိုက်ခဲ့ရာ အကြမ်းဖက် စစ်တပ်မှ တပ်ကြပ်ကြီး အဆင့်ရှိသူ ၃ ဦးအပါအဝင် ၂၀ ဦးထက်မနည်းသေဆုံးကာ တပ်သားတစ်ဦး ကားပေါ်မှ လွင့်စင်ပြုတ်ကျပြီး သေဆုံးနေခဲ့ကြောင်း သိရှိရသည်။

“မိုင်းက အောက်ကနေ ပင့်ပြီး ခွဲလိုက်တော့ ကားပေါ်ကနေ မြောက်တက်သွားပြီး ကျနေရစ်ခဲ့တာ၊ ကားကတော့ သစ်ပင်ဝင်တိုက်ပြီး ရပ်သွားတယ်၊ ကားပိုင်ရှင်က ရွှေဘိုက ပျူစောထီး ဘောက်ဆာ ကျော်နိုင်ဆိုတဲ့သူရဲ့ကားပါ” ဟု Burma Rangers အဖွဲ့မှ သတင်းနှင့်ပြန်ကြား‌ရေး တာဝန်ခံ ဗိုလ်အေဓီ က ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

အဆိုပါတိုက်ခိုက်မှုကို Burma Rangers (Shwe Bo)၊ Who Am I –Army ၊ Black Wolf – Army ၊ Gd Hands တပ်ဖွဲ့၊ ဒေါင်းနီးတပ်ဖွဲ့၊ ရွှေဘိုခရိုင် အမှတ် ၅ တပ်ရင်းတို့ပူးပေါင်းကာတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ကားပေါ်ပါ စစ်အသုံး အဆောင် ပစ္စည်းများကို သိမ်းယူကာ ကားကို မီးရှို့ဖျက်ဆီးလိုက်ကြောင်း သိရသည်။ khit thit

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s