သပိတ်ကျင်းတွင် စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူး ပစ်သတ်ခံရ

မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်၊ ငတတ်အိုင်ကျေးရွာက စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးကို ယမန်နေ့ညက ဗိုလ်လင်းယုန်တပ်ဖွဲ့ (ပြင်လွင်ဦးခရိုင် ပ.က.ဖ)က သေနတ်ဖြင့် ပစ်သတ်ခဲ့ကြောင်း သတင်းရရှိသည်။

ယမန်နေ့ ဇန်နဝါရီလ ၁၃ ရက် ည ၇ နာရီခွဲခန့်တွင် အုပ်ချုပ်ရေးမှူးဦးအောင်ပုနှင့် ၎င်း၏နောက်လိုက် မိုက်ကယ်(ဓားချက်ကြီး)ဆိုသူတို့ ကျေး ရွာအတွင်းရှိနေစဉ် ဗိုလ်လင်းယုန်တပ်ဖွဲ့က ၀င်ရောက်ပစ်ခတ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

“ချက်ကြီးကိုတော့ မသတ်ခဲ့ဘူး၊ သတိပေးရုံမို့လို့ နောက်ထပ်မရှုပ်ဖို့ပြောခဲ့တယ်၊ အောင်ပုကတော့ ပွဲချင်းပြီးပဲ” ဟု ဗိုလ်လင်းယုန်က မဇ္စျိမသို့ပြောသည်။

မန္တလေးတိုင်း ၊ပြင်ဦးလွင်ခရိုင် ၊သပိတ်ကျင်းမြို့နယ် ၊ငတတ်အိုင်ကျေးရွာက စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူး အောင်ပုသည် စစ်ကောင်စီကို သ တင်းပေးဒလန်လုပ်ခြင်း၊ ရွာသူရွာသားများအထိတ်တလန့်ဖြစ်အောင်လုပ်ဆောင်ခြင်းတို့ကြောင့် ခေါင်းထဲကိုနှုတ်ခမ်းနီ(ကျည်ဆန်)နှစ်တောင့်ထည့်ပေးခဲ့ခြင်းဖြစ်ကြောင်း ဗိုလ်လင်းယုန်တပ်ဖွဲ့က သတင်းထုတ်ပြန်သည်။mizzima

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s